BREAKING
September 16, 2024

သတင်းဆောင်းပါး

စံလွဲသော တန်ဖိုးများ

diz_admin

February 20, 2020

အရာရာတိုင်းအတွက် စံတန်ဖိုး သတ်မှတ်ချက်က ရှိနေမည်မှာ အမှန် ဖြစ်သည်။ သို့သော် တစ်ခုနှင့်တစ်ခု တန်ဖိုး ခြင်းတော့ တူချင်မှ တူမည်။ တစ်စုံတစ်ခု အတွက် ပတ်သက်ဆက်နွှယ်နေသည့် သူ၏ တန်ဖိုးထားမှုစံသည် အခြားတစ်ပါး သောသူ တစ်ဦးတစ်ယောက်အတွက်မူ ကိုက်ညီမှုရှိချင်မှ ရှိပေမည်။ တချို့သော တန်ဖိုးထားမှုများက စံလွဲနေနိုင်သည်။ တစ်ယောက်အတွက် အစာဖြစ်နိုင်ပေမဲ့ အခြားတစ်ယောက်အတွက်မှာမူ အဆိပ် ဖြစ်နေနိုင်သည်။ လူမျိုး၊ ဘာသာ၊ ယုံကြည်မှု၊ ယဉ် ကျေးမှုနှင့် နေရာဒေသ မတူညီပါက စံ တန်ဖိုးများမှာ လွဲနေဖို့ များသည်။ သို့သော် ကမ္ဘာက လက်ခံသတ်မှတ်ထားသည့် အများလိုက်နာတန်ဖိုးထားရမည့် စံများ လည်း ရှိပေမည်။ တစ်ခါတစ်ရံ လူတွေဟာ မိမိလိုချင် သည့် အဖြေရအောင် လောကနိယာမ တရားကို […]

လူကူးမျဉ်းကျား အသက်ဝင်သလား

diz_admin

February 20, 2020

“ဆိုင်ကယ်တစ်စီးလုံး လာနေတာ မမြင်ဘူးလား၊ သေချင်နေတာလား”တဲ့။ တလောလေးက ထားဝယ်မြို့၊ အိုးလုပ်ဈေး (ဒေသအခေါ် ပိန္နဲတောဈေး) ရှေ့မှာ ရေးဆွဲထားတဲ့ လူကူးမျဉ်းကျား ကနေ လမ်းကူးမိတဲ့ ကျွန်တော့်ကို ဆိုင်ကယ်စီး လူလတ်ပိုင်းတစ်ယောက်က ဆုတောင်းမေတ္တာပို့သသွားတဲ့ အသံပါ။ တနင်္ဂနွေနေ့ နားရက်မှာ ဈေးသွား ဝယ်မိတဲ့ကျွန်တော် မေတ္တာအပို့ခံရတာပါ။ လမ်းဖြတ်ကူးမိတဲ့ နေရာကလည်း အဝါရောင်ဆေးခြယ်ထားတဲ့ လူကူးမျဉ်း ကျားဆိုတော့ မေတ္တာပို့ခံရတုန်းခဏတော့ ကြောင်တောင်တောင် ဖြစ်သွားမိပါတယ်။ လူကူးမျဉ်းကျားဆိုတာ သေချာလား လို့ ပြန်ကြည့်မိတဲ့အထိ ဇဝေဇဝါဖြစ်သွား မိတာ အမှန်ပါ။ ထားဝယ်မှာ ဆွဲထားတဲ့ လူကူးမျဉ်း ကျား အရေအတွက် ဆယ်ဂဏန်းအထိ ရေးဆွဲထားပါတယ်။ ကျွန်တော်ကြုံရတဲ့ အဖြစ်အပျက်က အဲဒီလူကူးမျဉ်းကျားတွေ နဲ့ ပတ်သက်ပြီး ယာဉ်မောင်းသူတွေ တကယ်ပဲ လိုက်နာကြရဲ့လားလို့ သံသယ […]

လွန်ခဲ့တဲ့ နှစ်သုံးဆယ်အကျော်က ချင်းတွင်းမှ ပင်လယ်သို့

diz_admin

February 11, 2020

ချင်းတွင်းမှ ပင်လယ်သို့ လူထုဒေါ်အမာ လူထုကြီးပွားရေးစာအုပ်တိုက် ၂၀၁၉ ၊ ဩဂုတ်လ (စတုတ္ထအကြိမ်) ၁၉၈၅ ၊ နိုဝင်ဘာ (ပထမအကြိမ်) မန္တလေးက လူထုမောင်နှံလို့ ပြောလိုက်တာနဲ့ စာဖတ်ဝါသနာပါတဲ့သူ တွေ အကုန်လုံး မသိတဲ့သူ မရှိကြပါဘူး။ မန္တလေးနဲ့ လူထုသတင်းစာ၊ လူထုစာအုပ် တိုက်ဆိုတာလည်း ခွဲလို့ မရပါဘူး။ သူတို့ရဲ့ ဘ၀တစ်လျှောက်လုံးမှာလည်း ပြည်သူလူထုအကျိုးအတွက် စာအုပ် စာပေတွေ အများကြီးပြုစုခဲ့တဲ့ ဇနီးမောင်နှံ ဖြစ်ပါတယ်။ လူထုဒေါ်အမာက သူတို့ဇနီးမောင်နှံ အတူတကွ သွားရောက်ခဲ့တဲ့ ၁၉၈၀ ခုနှစ် ချင်းတွင်းမြစ်တစ်လျှောက်သွားခဲ့တဲ့ ခရီးအကြောင်းကို “သတင်းကြီးတဲ့ ချင်းတွင်း ခရီး” ဆိုတဲ့နာမည်နဲ့ သွေးသောက် မဂ္ဂဇင်းမှာ အခန်းဆက်ရေးသားခဲ့ပြီး ၁၉၈၂ ခုနှစ်မှာ သွားခဲ့တဲ့ မြိတ်၊ ထားဝယ်ခရီးတို့ အကြောင်းကိုတော့ […]

အသစ်ကလေး

diz_admin

February 6, 2020

မောင်ခက်တို့ ငယ်ငယ်က ဘာမဆို အသစ်ကလေးမှ လိုချင်ခဲ့တာချည်းပါပဲ။ စာအုပ်ကလေး ဆိုလည်း အသစ်ကလေး မှ။ ခဲတံကလေး ဆိုလည်း အသစ်ကလေး မှ။ အင်္ကျီကလေး ဆိုလည်း အသစ်မှ အသစ်။ လိုချင်ခဲ့ပေမယ့် အမြဲတမ်းတော့ မရတတ်ပါဘူး။ အမေက စေ့စပ်သေချာတော့ အသက် ငါးနှစ်လောက်ကွာတဲ့ သူ့သားတော်မောင် နှစ်ကောင်အတွက် ကျောင်းစိမ်း အင်္ကျီဆို မဲနယ်အပြာလေး ဆိုးလိုက်ပြီးရင် အစ်ကို ကြီးရဲ့ အဖြူ အစိမ်းက ညီလေးအတွက် အမွေ ပြာတာတာ စိမ်းတိမ်းတိမ်းလေး ဖြစ်သွားတာပေါ့။ လေးတန်း ငါးတန်း နှစ်လောက် ရောက်တော့ ကျောင်းစိမ်း ပုဆိုး စဝတ်ရမယ် ဆိုလို့ အစ်ကိုကြီးရဲ့ အနံကြီး ကွင်းကျယ်တွေက ညီလေးဟာ ဖြစ်သွားရပြန်ရော။ အစ်ကိုကြီးက ကျောင်းစိမ်းပုဆိုးကို တစ်နေ့ […]

GDP ကိန်းအတွက် နောက်ကြည့်မှန်များ လိုသည်

diz_admin

February 6, 2020

တိုင်းပြည်တစ်ပြည်၊ ဒေသတစ်ခု၊ မြို့တစ်မြို့၏ တိုးတက်မှုကို တိုင်းတာ သက်သေပြနိုင်ရန် အမြဲလိုလို အသုံးပြု လေ့ရှိသော စံတော်ဝင်ညွှန်းကိန်းမှာ GDP ဖြစ်သည်။ အထက်တန်း ကျောင်းသုံး စာအုပ်များတွင်ပင် GDP အကြောင်း ပြဋ္ဌာန်းလေ့ရှိသည်။ Gross Domestic Product (GDP) ဆိုသည်ကို မြန်မာလို အမျိုးမျိုးအဓိပ္ပာယ်ပြန်ဆိုလေ့ရှိသည်။ စုစုပေါင်း ပြည်တွင်းထုတ်ကုန်တန်ဖိုးဟု အများအားဖြင့် ပြန်လေ့ရှိသည်။ GDP ကို တွက်ချက်တိုင်းတာသော နည်းအမျိုးမျိုးရှိသည့်အနက် တိုင်းပြည် တစ်ခုအတွင်းရှိ ဝယ်ယူသုံးစွဲသော ဝန် ဆောင်မှုနှင့် ထုတ်ကုန်တန်ဖိုး၊ အစိုးရ အသုံးစရိတ်၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေး မျှခြေ (ပို့ကုန်မှ သွင်းကုန်နုတ်ထားသော တန်ဖိုး) စသည်တို့၏ စုစုပေါင်းအဖြစ် လည်း တွက်ချက်လေ့ရှိသည်။ တိုင်းပြည် တစ်ပြည် (သို့မဟုတ် ဒေသတစ်ခု) […]

ဝူဟန် တုပ်ကွေး၊ ကမ္ဘာ့အရေး၊ မြန်မာ့ အရေး

diz_admin

February 6, 2020

တစ်လနီးပါး စောင့်ကြည့်နေကြခဲ့ရတဲ့ ကိုရိုနာ ဝူဟန်ဗိုင်းရပ်စ် ကပ်ရောဂါ အသွင် ကူးစက်ပြန့်ပွားနေခြင်းဟာ ကြောက်ခမန်းလိလိ ဆိုရလောက်အောင် နိုင်ငံပေါင်းများစွာကို အချိန်တိုအတွင်း ပျံ့နှံ့ရောက်ရှိလာပြီး လူဦးရေ တစ်သောင်း နီးပါး (၉၈၀၀ ဦး) ကူးစက်ပြန့်ပွားခံရပြီး သည်မနက်မှာ သေဆုံးသူဦးရေဟာ စုစု ပေါင်း ၂၁၃ဦး ရှိလာခဲ့တယ်။ သည်အခြင်း အရာအပေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO)က ကမ္ဘာလုံးဆိုင်ရာ နိုင်ငံတကာ အရေးပေါ် ကပ်ရောဂါ အခြေအနေအဖြစ် ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ကြေညာခဲ့ပါ တယ်။ “အဲသလို ဗိုင်းရပ်စ်ဟာ အချိန်တိုတို အတွင်း လျင်မြန်စွာ ကူးစက်ပြန့်ပွားလာမှု ဟာ အခြေခံကျန်းမာရေးစနစ်တွေ အားနည်းလို့ ဖြစ်ရတာဖြစ်ပြီး သည်ကူးစက် ပြန့်ပွားမှုကို ကျွန်တော်တို့တွေ အတူတကွ ပူးပေါင်းလက်တွဲပြီး ထိန်းချုပ်နိုင်ဖို့ရာ ကြိုးစားချိန်တန်ပါပြီ”လို့ […]