BREAKING
September 16, 2024

သတင်းဆောင်းပါး

ကိုယ့်ရဲ့ ကမ္ဘာငယ်

diz_admin

May 11, 2020

အခုလို အခြေအနေမျိုးကို ဗြုန်းစား ကြီး ကြုံတွေ့ရလိမ့်မယ်လို့ အိပ်မက်ထဲ တောင် ထည့်မမက်ခဲ့ဖူးပါဘူး။ ကိုယ်နဲ့ ဆက်စပ်တဲ့ လုပ်ငန်းမှန် သမျှ ရပ်ဆိုင်းသွားတယ်။ ဝင်ငွေမရှိတော့ တဲ့ အခြေအနေကို ဗြုန်းဆိုပြီး ရောက်သွားတယ်။ အခုတော့ နဖူးတွေ့ဒူးတွေ့ ရုတ်တရက်ကြီး ကြုံလိုက်ရတော့ ဘာမှ မစဉ်းစားတတ် လောက်အောင်ပါပဲ။ ဘယ်လို ရှေ့ဆက် ရမယ်မှန်း မသိလောက်အောင်ပဲ ဘ၀ဟာ ဝေဝါးသွားတယ်။ အစပိုင်းတော့ ဖေ့စ်ဘုတ်ပေါ် နည်းနည်း ညည်းတွားမိတယ်။ နောက်ပိုင်း တော့ ဒါဟာကိုယ်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ သိလာခဲ့ရတော့ မညည်းဖြစ်တော့ပါဘူး။ ဒီကပ်ဘေးကြီး ကို ဘယ်လိုနည်းနဲ့ အကောင်းဆုံး ရင်ဆိုင် ကျော်လွှားမလဲ၊ ကိုယ့်မိသားစုလေး ဘေးကင်းအောင် ဘယ်လို လိုက်နာဆောင် ရွက်ရမလဲပဲ တွေးနေမိတော့တယ်။ ကမ္ဘာကြီး နာမကျန်းဖြစ်နေချိန်မှာ […]

အလေးတယူ ဂုဏ်ပြုထိုက်သူတို့ ဝူဟန်မြို့က အပြန်

diz_admin

March 24, 2020

သည်နှစ် အစောပိုင်းမှာ တရုတ်နိုင်ငံ ဟူပေခရိုင်အတွင်း ဝူဟန်ဒေသမှာ ကိုရိုနာ CoViD 19 ကပ်အသွင် ကူးစက် ပြန့်ပွားနေတာကို နှိမ်နှင်းနိုင်ဖို့အတွက် အရေးပေါ် ကူးစက်ဆေးရုံတွေ နေ့ချင်းည ချင်းအမြန် ဆောက်လုပ်ပြီး လူနာတွေကို ကုသမှုပေးနိုင်ဖို့ စီစဉ်ခဲ့ကြရတယ်။ အဲသည် ရှေ့တန်းစစ်မျက်နှာပြင်တွေလိုဖြစ်တဲ့ ယာယီ ကူးစက်ရောဂါတိုက်ဖျက်ရေး ဆေးရုံတွေမှာ တာဝန်ထမ်းဆောင်ဖို့ တရုတ်ပြည် အရပ်ရပ်က ဆေးအဖွဲ့ဝင်တွေ ရောက်ရှိနေကြတယ်။ သည်နေ့ မှာ သည်ဒေသမှာ ကပ်အသွင် ကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တဲ့အတွက်ဆေး အဖွဲ့တွေအနက် ပထမဆုံး အသုတ်အဖြစ် ဆရာဝန်နဲ့ သူနာပြု စုစုပေါင်း ၃၇၈၇ ဦး ပါဝင်တဲ့ ဆေးအဖွဲ့ ၄၉ ဖွဲ့က အဖွဲ့ဝင်တွေဟာ မတ်လ ၁၇ရက်နေ့မှာ ဟူပေခရိုင် ဝူဟန်မြို့ကနေ နေရပ် ပြန်ခွင့်ရခဲ့ […]

အရပ်ကူ ရင်မော ဒီရေတော

diz_admin

March 11, 2020

ကိုနေဇော် အကျွမ်းကျင်ဆုံးက ချောင်းရိုးထဲ လှေကို ရေသံမကြားအောင် လှော်ခြင်းပင်။ ပါချန်မြစ်လက်တက် မြန်မာဘက်ကမ်း ချောင်းရိုးလေးများထဲတွင် ကိုနေဇော် မရောက်ဖူးသည့်ချောင်း ဟူ၍ မရှိ။ ည . . .။ ကြယ်အချို့သာ အားငယ် စွာလင်းနေသည့် လမိုက်ညတွင် ကိုနေဇော် ၏ ဖားလှေငယ်က ထိုင်း-မြန်မာ နယ်စပ် ပါချန်မြစ်လက်တက် ချောင်းရိုးငယ် တစ်လျှောက် လူးလားခေါက်တုံ့ လှည့်နေ သည်။ ကိုနေဇော်ခေါင်းတွင် တပ်ထားသည့် ခေါင်းပတ် ဓာတ်မီးရောင်က ချောင်းရေကို ဖောက်ကာ မှဲ့ပင်ကြီးတို့ ခြေရင်းကို ရှင်းလင်းစွာ မြင်ရသည်။ တွေ့ပြီ။ မှဲ့ပင်မြစ်ဆုံအောက်တွင် ရန်လိုစွာ လက်မကားထားသည့် ကဏန်း နက်တစ်ကောင်။ မီးရောင်အောက်တွင် မျက်စိကျိန်းနေဟန်ဖြင့် သူ မလှုပ်။ ကိုနေဇော်၏ ညာလက်တွင်ကိုင်ထား သည့် […]

ထားဝယ်ရိုးရာပွဲတော်များ

diz_admin

February 26, 2020

၁။ ဘုရားမီးပူဇော်ပွဲ (ထားဝယ်လို – ဖျား မီးကန်ပွဲ) (ရှင်မုတ္ထီးကျေးရွာ၊ ထားဝယ် မြို့နယ်) ဆောင်းကာလနဲ့ပတ်သက်ပြီး ရှေး လူကြီးတွေက ချမ်းစ တန်ဆောင်မုန်း၊ ချမ်းတုန်း နတ်တော်၊ ချမ်းလယ် ပြာသို၊ ချမ်းအို တပို့တွဲလို့ ပြောတယ်။ ရှေးက အင်မတန်အေးလို့ အသက်အရွယ်ကြီးတဲ့ လူကြီးတွေ အသက်ဆုံးရှုံးဖူးတယ်။ ဒါကြောင့် အအေးပျောက်အောင် မီးလှုံရတယ်။ ငါတို့လူတွေတောင် အေးလွန်းလို့ မီးလှုံနေရတယ်။ တကယ်လို့ မြတ်စွာ ဘုရားရှင်လည်း သက်တော်ထင်ရှားရှိရင် အေးတော်မူမယ်။ ဒါကြောင့် ကုသိုလ်ရ အောင် မီးပုံပြီး မီးပူဇော်ရအောင်ဆိုပြီး မီးပုံပွဲလုပ်ခဲ့တယ်လို့ သိရတယ်။ ဘုရားမီးပူဇော်ပွဲကို နှစ်စဉ် တပို့တွဲ လပြည့်နေ့မှာ လုပ်ပါတယ်။ ရှေးက တပို့တွဲလဆန်း (၁)ရက်နေ့ကစပြီး ထင်း ခုတ်တယ်။ သစ်ထင်းက […]

စကားပြောသော ပန်းပွင့်များ

diz_admin

February 26, 2020

ဆောင်းတွင်းကာလမို့ နံနက်ခင်း ဟာ နှင်းရည်လေးစိုစိုနဲ့ အနည်းငယ် အေးစိမ့်လို့။ ကိုယ့်ခြံဝိုင်းနဲ့ကိုယ် နေကြတဲ့ တောရွာအိမ်မို့ ငှက်အော်သံနည်းနည်း ကလွဲပြီး တခြားဆူညံသံမရှိတာကလည်း နံနက်ခင်းရဲ့ ပြည့်စုံခြင်းကို ဖြစ်စေပါ တယ်။ အိမ်ရဲ့ သံဇကာကွက်ကို ကျော်ပြီး၊ ခြံစည်းရိုးနားမှာ စိုက်ထားတဲ့ ပန်းပင် လေးတွေကို ငေးရင်း ကျွန်မရဲ့ တစ်နေ့တာ ကို အစပြုပြန်ပြီပေါ့။ ပန်းပင်တွေကို ခြံစည်းရိုးလုပ်ထား လို့ ခြံစည်းရိုးမှာ အရောင်အသွေးစုံ သူ့ထက်ငါ ပွင့်နေကြရဲ့။ ပင်လုံးကျွတ် ဆွတ်ဆွတ်ဖြူအောင် ပွင့်နေတဲ့ စကြာပန်း တွေရဲ့ အနီးမှာ တရုတ်စံကားပန်းတွေက တိုးဝှေ့ပြီး ပွင့်လို့။ အဲဒီအပင်တွေမှာ နွယ်တက်ပြီး ပွင့်နေတာက အောင်မဲညို။ နေရာလွတ်မရှိအောင် ရွက်လှပင်တွေက သူ့ထက်ငါ ထိုးထိုးထောင်ထောင်နဲ့။ ကြက်သွေးနဲ့ အစိမ်းရောင်သန်းတဲ့ ရွက်လှ […]

နိုင်ငံကျော် ငါးပိထုတ်သူများ ပင်လယ်နွံနစ်နေသည်

diz_admin

February 20, 2020

သူတို့ထံသို့ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက် ဥပဒေ လွှမ်းမိုးသက်ရောက် ခြင်းမရှိပါ။ တစ်နေ့ ရှစ်နာရီ အလုပ်ချိန် သတ်မှတ်ချက်လည်း လွှမ်းမိုးသက်ရောက် ခြင်း မရှိပါ။ မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးရေး ဧရိယာ ပြင်ပတွင် ရှိနေသည်။ မြန်မာဥပဒေအရ တစ်နေ့ ၈ နာရီ တွင် အနိမ့်ဆုံး လုပ်အားခ ၄၈၀၀ ကျပ် သတ်မှတ်ထားသည်။ သို့သော် တစ်နေ့လျှင် နာရီ ၂၀ ကျော် အလုပ်လုပ်ရပြီး လုပ်အားခ ကျပ်သုံးထောင်ကျော်ခန့်သာ ရရှိနေကြသည့် ထောင်ချီ ရေလုပ်သားများ တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်း ရှိနေ ကြသည်။ သူတို့လုပ်နေကြသည့်အလုပ်က ခေတ်သစ်ငွေဝယ်ကျွန်ဟု ဒေသခံများ ပြောဆို ကင်ပွန်းတပ်ကြသည့် ကျားပါးစပ် လုပ်ငန်း။ ကျားပါးစပ်လုပ်ငန်းဆိုသည်က ပင်လယ်အတွင်း၌ရှိသည့် […]