ကမ်းခြေသောင်ယံနိုင်ငံရေး
diz_admin
January 3, 2020အများပြည်သူနှင့် ပုဂ္ဂလိက – ကမ်းခြေကို ဘယ်သူပိုင်လဲ ထားဝယ်ဒေသတွင် နေထိုင်သူတို့ မဆိုထားလင့်။ လောင်းလုံးကျွန်းဆွယ် နေထိုင်သူတို့အတွက်ပင် ထိုနေရာသည် သည်မျှအထိ ရေပန်းစားလာမည်ဟု မထင်ကြပါ။ ထိုနေရာသည် ငါးဖမ်းလုပ်သားတို့ စခန်းချရာ၊ နားခိုရာ၊ ရေချိုယူရာအဖြစ်သာ ထင်ရှားသည်။ လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်ခန့်က ဆိုလျှင် သူပုန်များ ပုန်းအောင်းရာနေရာ၊ သစ်ထုတ်ရာနေရာ ဖြစ်သည်။ ခရီးလမ်းပန်းလည်း ခက်လှသည်။ ရေကြောင်းကသာ အားကိုးရာ ဖြစ်သည်။ သို့သော် ယခုတော့ လောင်းလုံးကျွန်းဆွယ် အနောက်ဘက်ရှိကမ်းခြေများသည် ခရီးသွားနှင့် ဟိုတယ်လုပ်ငန်းတို့အတွက် ရတနာ ဖြစ်လာသည်။ လောင်းလုံး ကျွန်းဆွယ်သာမကပါ ကမ်းရိုးတန်း မိုင်ထောင်ချီနှင့် ကျွန်းပေါင်း ၈၀၀ ကျော် ရှိသော တနင်္သာရီတိုင်းဒေသကြီး တစ်ခုလုံးမှ ကမ်းခြေများသည်လည်း မက်မောဖွယ်ရာ ဖြစ်လာသည်။ […]