လူကူးမျဉ်းကျား အသက်ဝင်သလား
diz_admin
February 20, 2020“ဆိုင်ကယ်တစ်စီးလုံး လာနေတာ မမြင်ဘူးလား၊ သေချင်နေတာလား”တဲ့။ တလောလေးက ထားဝယ်မြို့၊ အိုးလုပ်ဈေး (ဒေသအခေါ် ပိန္နဲတောဈေး) ရှေ့မှာ ရေးဆွဲထားတဲ့ လူကူးမျဉ်းကျား ကနေ လမ်းကူးမိတဲ့ ကျွန်တော့်ကို ဆိုင်ကယ်စီး လူလတ်ပိုင်းတစ်ယောက်က ဆုတောင်းမေတ္တာပို့သသွားတဲ့ အသံပါ။ တနင်္ဂနွေနေ့ နားရက်မှာ ဈေးသွား ဝယ်မိတဲ့ကျွန်တော် မေတ္တာအပို့ခံရတာပါ။ လမ်းဖြတ်ကူးမိတဲ့ နေရာကလည်း အဝါရောင်ဆေးခြယ်ထားတဲ့ လူကူးမျဉ်း ကျားဆိုတော့ မေတ္တာပို့ခံရတုန်းခဏတော့ ကြောင်တောင်တောင် ဖြစ်သွားမိပါတယ်။ လူကူးမျဉ်းကျားဆိုတာ သေချာလား လို့ ပြန်ကြည့်မိတဲ့အထိ ဇဝေဇဝါဖြစ်သွား မိတာ အမှန်ပါ။ ထားဝယ်မှာ ဆွဲထားတဲ့ လူကူးမျဉ်း ကျား အရေအတွက် ဆယ်ဂဏန်းအထိ ရေးဆွဲထားပါတယ်။ ကျွန်တော်ကြုံရတဲ့ အဖြစ်အပျက်က အဲဒီလူကူးမျဉ်းကျားတွေ နဲ့ ပတ်သက်ပြီး ယာဉ်မောင်းသူတွေ တကယ်ပဲ လိုက်နာကြရဲ့လားလို့ သံသယ […]