BREAKING
September 16, 2024

သတင်းဆောင်းပါး

ဘယ်သူကူလို့ ကယ်ပါနိုင်

Dawei Watch

September 5, 2024

အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုရဲ့ သားကောင်တွေ မဖြစ်စေဖို့ ကမ္ဘာတစ်ဝန်း အင်တိုက်အားတိုက် လုပ်ဆောင်နေကြချိန် မြန်မာနိုင်ငံမှာတော့ ပုံစံမျိုးစုံနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရတဲ့ အမျိုးသမီးတွေ ကူရာမဲ့နေပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ တိုက်ပွဲတွေအတွင်း အမျိုးသမီးတွေ ပုံစံမျိုးစုံနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားအမြတ်ထုတ် ခံနေကြရတာပါ။ ဒါပေမဲ့ တိုင်ကြားမှုယန္တရား အားမကောင်းတာကြောင့် ဖော်ထုတ်ဖို့ကြိုးစားရင် စော်ကားခံရသူသာ ပိုပြီးဒုက္ခရောက်ကြလို့ ကြိတ်မှိတ်ခံနေကြရသူတွေ ပိုများပါတယ်။ မုဒိမ်းကျင့်ခံခဲ့ရတဲ့အထိ လိင်အမြတ်ထုတ်မှုတွေအတွက် ရဲရဲဝံ့ဝံ့ထုတ်ဖော်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသမီးတွေမှာလည်း ဖိနှိပ်မှုမျိုးစုံ၊ ခြိမ်းခြောက်မှုမျိုးစုံ ကြုံကြရပြီး ပိုမိုခက်ခဲဒုက္ခရောက်တာပဲ အဖတ်တင်ရပါတယ်။ ကျူးလွန်သူကတော့ အရေးယူခံရမှုကနေ လွတ်မြောက်နေတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။ Dawei Watch အနေနဲ့ ပဋိပက္ခကာလထဲ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတဲ့ တနင်္သာရီတိုင်းက […]

လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်ရန် ရုရှားလေယာဉ်ဆီ လီတာသိန်းချီ မြိတ်သို့ရောက်နေ

Dawei Watch

August 29, 2024

ရုရှားထံမှရရှိသည့် လေယာဉ်ဆီဖြင့် တနင်္သာရီတိုင်းမှာ လေကြောင်းတိုက်ခိုက်မှုအရှိန်မြှင့်ရန် စစ်ကောင်စီပြင်ဆင်နေ သည်။ တောင်ပိုင်းစစ်မျက်နှာတွင် အရှုံးများဖြင့် ရင်ဆိုင်နေရပြီး မြေပြင်စိုးမိုးနယ်မြေလျော့ကျလာသောကြောင့် လေကြောင်းကို အဓိကအားပြု တန်ပြန်တိုက်စစ်ဆင်ရန် စစ်ကောင်စီ ကမ်ရိုးတန်းတိုင်းစစ်ဌာနချုပ်က ပြင်ဆင်လာခြင်းဖြစ်သည်။ တပ်ရင်းများ၊ တပ်စခန်းများနှင့် စစ်ကြောင်းများ တိုက်ခိုက်ခံရတိုင်း စစ်ကောင်စီလေတပ်၏ ရဟတ်ယာဉ်နှင့် တိုက်လေယာဉ်များဖြင့် တန်ပြန်ဗုံးကြဲတိုက်ခိုက်လေ့ရှိသည်က စစ်ကောင်စီ၏ ဗျူဟာတစ်ခုဖြစ်သည်။ လာမည့်ပွင့်လင်းရာသီတွင် ကမ်းရိုးတန်းစစ်ဌာနချုပ်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်ရန်အတွက် ရုရှားထံမှ ရရှိသည့် လေယာဉ်ဆီလီတာသိန်းချီ မြိတ်ခရိုင်ထဲသို့ ရောက်ရှိနေသည်။ တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များအတွက် လိုအပ်သည့် လေယာဉ်ဆီကို ရုရှားနိုင်ငံမှတစ်ဆင့် ရေနံတင်သင်္ဘောဖြင့် မလိကျွန်းရှိ တနင်္သာရီရေတပ်စခန်းဌာနချုပ်သို့ ယခုရက်ပိုင်းအတွင်း ရောက်ရှိလာခြင်းဖြစ်သည်။ Dawei Watch ၏ စစ်ကောင်စီတပ်အရင်းအမြစ်များ၏အဆိုအရ လေယာဉ်ဆီ လီတာ သုံးသိန်းတင်ဆောင်လာသည့် ရေနံတင်သင်္ဘောမှာ တနင်္သာရီရေတပ်စခန်းသို့ ဩဂုတ်လ […]

အဓမ္မစစ်မှုထမ်းခိုင်းရန် ခရီးသွားများကို ပစ်မှတ်ထားလာသည့် စစ်ကောင်စီ

Dawei Watch

July 25, 2024

စစ်မှုမထမ်းမနေရဟုဆိုကာ အဓမ္မဥပဒေပြဋ္ဌာန်းပြီး စစ်သားစုဆောင်းရေး လုပ်ဆောင်နေသည့် စစ်ကောင်စီအတွက် သင်တန်းသားရရှိရေ အခက်အခဲများရှိလာနေသဖြင့် သတ်မှတ်အရေအတွက် ပြည့်မီရန် နည်းလမ်းပေါင်းစုံ အသုံးပြုလာနေသည်။ လတ်တလော Dawei Watch က စုံစမ်းသိရှိရသည့် အချက်အလက်များအရ တနင်္သာရီတိုင်းသို့ ဝင်ရောက်လာသော အခြားဒေသမှ ခရီးသွားများကို ဖမ်းဆီးကာ စစ်မှုထမ်းရန် အဓမ္မလုပ်ဆောင်လာခြင်းပင်ဖြစ်သည်။ အဓမ္မ စစ်မှုထမ်းရန် စေခိုင်းမှု၊ ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးမှုနှင့် စားဝတ်နေရေး ကျပ်တည်းမှုများကြောင့် လူငယ်အများအပြားမှာ အိမ်နီးချင်း ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်နေကြပြီး တနင်္သာရီတိုင်းကိုဖြတ်၍လည်း ထိုင်းနိုင်ငံအတွင်း ဝင်ရောက်မှုအများအပြား ရှိနေသည်။ ယင်းအခြေအနေကို အသုံးချကာ စစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းရန် လုပ်ဆောင်လာခြင်းဟု မျက်မြင်ကြုံရသည့် ကားသမားများက ဆိုသည်။ ယခုရက်ပိုင်းတွင် တနင်္သာရီတိုင်းကိုလာသည့် လူငယ်ခရီးသည်အချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးမှုများ ရှိနေပြီး အဓမ္မစစ်မှုထမ်းခိုင်းရန် […]

အတ္တလောင်းရိပ်မိ ပန်းကလေးများ

Dawei Watch

July 4, 2024

မိုးရာသီ ကောင်းကင်တစ်ခွင်လုံး တိမ်မည်းတွေအုပ်ဆိုင်းနေပေမယ့် ဒေါ်ထွေးရီရဲ့ ကမ္ဘာလေးမှာတော့ ကြည်လင်သာယာလွန်းတဲ့ တိမ်ပြာပြာနေ့တစ်နေ့ပါပဲ။ ရွာမှာရှိတဲ့ ဘကကျောင်းမှာ ကလေးတွေကျောင်းတက်ခွင့်ရတော့မှာဆိုတဲ့ အသိက သိန်းထီပေါက်တာထက်ကို သူမကို ပျော်ရွှင်စေခဲ့တာပါ။ “ကျောင်းဖွင့်တော့မယ်ဆိုတော့ ဝမ်းပန်းတသာနဲ့ ကျောင်းသွားအပ်ထားတာ…” လို့ ဒေါ်ထွေးရီကဆိုပါတယ်။ ဒါပေမဲ့ သူ့ရဲ့ မျှော်လင့်ချက်က ၄၈ နာရီတောင် မခံလိုက်ပါ။ စစ်ကျွန်ပညာရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ချနင်းဖျက်ဆီးခံလိုက်ရပါတော့တယ်။ “အခုတော့ ကျောင်းမဖွင့်တော့ဘူးဆိုတော့ ငါတို့ဘာမှလုပ်လို့မရတော့ဘူးလေ။ ငါတို့က သူများတွေလို မြို့တွေမှာလည်း ထားနိုင်တဲ့သူတွေမဟုတ်ဘူး” ဖုန်းထဲကတစ်ဆင့် ကြားနေရတဲ့ ဒေါ်ထွေးရီရဲ့အသံ တိမ်ဝင်ပျောက်ကွယ်သွားပါတယ်။ သူတို့တစ်ရွာလုံးလည်း ဝမ်းနည်း စိတ်မကောင်းဖြစ်တာကလွဲလို့ ဘာမှမလုပ်နိုင်ကြ။ ပြန်မပြောရဲကြ။ ကျောင်းနေအရွယ်ကလေးတိုင်း စာသင်ကြားပိုင်ခွင့်ရှိနေစေဖို့ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များအခွင့်အရေးဆိုင်ရာ သဘောတူညီချက်မှာ ပြဋ္ဌာန်းထားပြီး အဖွဲ့ဝင်နိုင်ငံများအနေနဲ့ အခြေခံပညာရေးကို အခမဲ့သင်ကြားပေးဖို့ ပြဋ္ဌာန်းထား ပါတယ်။ […]

စစ်ကောင်စီလက်ထက် ခေတ်စားလာသည့် လက်ထိယဉ်ကျေးမှု

Dawei Watch

April 1, 2024

ကားထဲမှ ထွက်လာသည့် လက်သီးဆုပ်ထားသော လက်တစ်ဖက်နှင့် စစ်ဆေးရေးဂိတ်တွင် စစ်ဆေးနေသော ယူနီဖောင်းဝတ်၏ လက်တစ်ဖက်ထိတွေ့သွားပြီးနောက် အတားအဆီးများ မရှိတော့။ ယင်းမှာ စစ်ကောင်စီလက်ထက်တွင် ထွန်းကားလာသော ယဉ်ကျေးမှုတစ်ခုဖြစ်သည်။ လမ်းပေါ်က စစ်ဆေးရေးဂိတ်များတွင်ပဲလား ဆိုတော့မဟုတ် ရပ်ကွက်အုပ်ချုပ်ရေး ရုံးများမှသည် ဌာနဆိုင်ရာများအားလုံးတွင်လည်း ယင်သို့ပင်ရှိနေသည်။ ထိုင်းနိုင်ငံတွင် လူတစ်ဦးနှင့်တစ်ဦး တွေ့ပါက လက်အုပ်ချီနှုတ်ဆက်သကဲ့သို့ပင် မြန်မာနိုင်ငံတွင်လည်း လက်ချင်းထိယဉ်ကျေးမှုက ခေတ်စားလာခြင်းဖြစ်သည်။ သို့သော် နှုတ်ဆက်သည်တော့မဟုတ်။ စစ်ကောင်စီလက်ထက် ပိုမိုရှုပ်ထွေးလာသည့် ကြိုးနီစနစ်များကို ဖြတ်ကျော်နိုင်ရန် လာဘ်ထိုးရခြင်းဖြစ်သည်။ လာဘ်မထိုးပါက စစ်ဆေးရေးဂိတ်တစ်ခုကို အလွယ်တကူဖြတ်သန်း၍ မရသလို ရပ်ကွက်ထောက်ခံစာပင် မရသည့် အခြေအနေကို ဆိုက်ရောက်နေသည်။ အောက်ခြေအဆင့် ရပ်ကျေးစာရေးတစ်ဦးထံတွင် ထောက်ခံစာရေးသည်ကအစ ငွေကျပ် ၃၀၀၀ ခန့် မဖြစ်မနေပေးနေရသည်။ ပြည်သူများမှာ စစ်ကောင်စီလက်အောက်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပျူ‌စောထီးများ၊ စစ်ကောင်စီတပ်သားများအတွက် […]

စောမိညိုကို အငြှိုးနှင့်ခဲလေသလား စစ်ကောင်စီ

Dawei Watch

March 21, 2024

စောမိညိုဆိုသည်ကား ထားဝယ်မြို့ ကျောက်မော်ရပ်ကွက်ရှိ လက်လုပ်လက်စားသမား အများစုနေထိုင်သည့် နေရာဖြစ်သည်။ ယခုမူ ထိုနေရာရှိ တဲသာသာအိမ်များအားလုံးကို စစ်ကောင်စီက ဖိအားပေးဖျက်ခိုင်းသဖြင့် ဖျက်ပေးလိုက်ရသည်။ “အားလုံးဖျက်ပြီးပြောင်းသွားကြတာ အခုဆို ခုနစ်ရက်လောက်ရှိနေပြီ” ဟု စောမိညိုအနီးရှိ မြို့ခံတစ်ဦးက မတ်လ ၁၉ ရက်နေ့က ပြောဆိုသည်။ စောမိညိုတွင် နေထိုင်သူများကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ယူပြီး နေအိမ်ဖျက်ပေးရန် ပြောဆိုခဲ့ခြင်းဖြစ်သည်။ နေအိမ်ဖျက်ပေးရန် ၅ ရက်သာအချိန်ပေးခဲ့ပြီး သတ်မှတ်ရက်အတွင်း မဖျက်ပေး၊ မပြောင်းပေးသူများကို ထောင်ချမည်ဟု ဖိအားပေး ခြိမ်းခြောက်ခဲ့သည်ဟုဆိုသည်။ နေစရာဘုံပျောက်သွားသည့် စောမိညိုဒေသခံအချို့မှာ နီးစပ်ရာဘုန်းကြီးကျောင်းများတွင် ခိုကပ်နေထိုင်ကြရသည်ဟု ၎င်းတို့နှင့် ဆွေးမျိုးတော်စပ်သူတို့က ဆိုသည်။ နေအိမ်‌များဖယ်ခိုင်းခဲ့သော်လည်း စစ်ကောင်စီက မည်သည့် အကူအညီ အထောက်အပံ့မှ မပေးခဲ့ဟုဆိုသည်။ ‌“မြေကတော့ […]