ရေလုပ်သားများကို ကုပ်သွေးစုပ်နေသည့် ကျောက်နီမော်စခန်း
Dawei Watch
January 6, 2025ဂွေးထိုးလှေငယ်လေးတစ်စီး ပိုင်ဆိုင်သော မအေးပို(အမည်လွှဲ)တစ်ယောက် ပျူစောထီးခေါင်းဆောင် ဆိုသူထံ တစ်လလျှင် ကျပ်နှစ်သိန်းခွဲ(၂၅၀,၀၀၀) ပုံမှန်ဆက်သနေရသည်။ မအေးပိုအတိုင်းပင် အနီအနားရှိ ရေလုပ်သားများသည်လည်း ထိုစခန်းကို လစဉ် လာဘ်ငွေဆက်သပြီး ဝမ်းစာရှာကြရသည်။ ငါးပိလုပ်သည့် ဂွေးထိုးလှေငယ်တစ်စီးလျှင် ၂၅၀,၀၀၀ ကျပ်၊ ရိုးရိုးကင်းမွန်မီးထွန်းလှေတစ်စီးလျှင် ၅၅၀,၀၀၀ ကျပ်၊ ဝိုင်းချုပ်ကင်းမွန်မီးထွန်းလှေတစ်စီးလျှင် ၆၀၀,၀၀၀ ကျပ်၊ ထော်လာဂျီတစ်စီးလျှင် ၃၀၀,၀၀၀ ကျပ် စသည့်ဖြင့် လစဉ် ပေးဆောင်ကြရကြောင်း ရေလုပ်သားများက ဖွင့်ဟသည်။ “လတိုင်းပေးနေရတာ။ သူတို့တောင်းတာ မပေးရင် လှေထွက်လို့မရဘူး။ လကုန်လို့ မပေးနိုင်ရင် တစ်ရက်နှစ်ရက်လောက်စောင့်ပေးတယ်။ အဲဒီအထဲလာမပေးရင် ဆင့်စာနဲ့ ရုံးကိုခေါ်တယ်” ဟု ဒေသခံ အခြားရေလုပ်သားတစ်ဦးကဆိုသည်။ ထိုကဲ့သို့ လစဉ်ကြေးပေးနေရသည့် ငါးဖမ်းလှေပေါင်း အစီးရေတစ်ရာခန့်ရှိသည်ဟုလည်း ရေလုပ်သားများကပြောဆိုကြသည်။ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီနှင့် […]