BREAKING
January 22, 2025

သတင်းဆောင်းပါး

ရေလုပ်သားများကို ကုပ်သွေးစုပ်နေသည့် ကျောက်နီမော်စခန်း

Dawei Watch

January 6, 2025

ဂွေးထိုးလှေငယ်လေးတစ်စီး ပိုင်ဆိုင်သော မအေးပို(အမည်လွှဲ)တစ်ယောက် ပျူစောထီးခေါင်းဆောင် ဆိုသူထံ တစ်လလျှင် ကျပ်နှစ်သိန်းခွဲ(၂၅၀,၀၀၀) ပုံမှန်ဆက်သနေရသည်။ မအေးပိုအတိုင်းပင် အနီအနားရှိ ရေလုပ်သားများသည်လည်း ထိုစခန်းကို လစဉ် လာဘ်ငွေဆက်သပြီး ဝမ်းစာရှာကြရသည်။ ငါးပိလုပ်သည့် ဂွေးထိုးလှေငယ်တစ်စီးလျှင် ၂၅၀,၀၀၀ ကျပ်၊ ရိုးရိုးကင်းမွန်မီးထွန်းလှေတစ်စီးလျှင် ၅၅၀,၀၀၀ ကျပ်၊ ဝိုင်းချုပ်ကင်းမွန်မီးထွန်းလှေတစ်စီးလျှင် ၆၀၀,၀၀၀ ကျပ်၊ ထော်လာဂျီတစ်စီးလျှင် ၃၀၀,၀၀၀ ကျပ် စသည့်ဖြင့် လစဉ် ပေးဆောင်ကြရကြောင်း ရေလုပ်သားများက ဖွင့်ဟသည်။ “လတိုင်းပေးနေရတာ။ သူတို့တောင်းတာ မပေးရင် လှေထွက်လို့မရဘူး။ လကုန်လို့ မပေးနိုင်ရင် တစ်ရက်နှစ်ရက်လောက်စောင့်ပေးတယ်။ အဲဒီအထဲလာမပေးရင် ဆင့်စာနဲ့ ရုံးကိုခေါ်တယ်” ဟု ဒေသခံ အခြားရေလုပ်သားတစ်ဦးကဆိုသည်။ ထိုကဲ့သို့ လစဉ်ကြေးပေးနေရသည့် ငါးဖမ်းလှေပေါင်း အစီးရေတစ်ရာခန့်ရှိသည်ဟုလည်း ရေလုပ်သားများကပြောဆိုကြသည်။ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီနှင့် […]

ကိုယ့်သေတွင်းကိုယ်တူးတဲ့ စစ်ကောင်စီရဲ့ မိုက်ခရိုဝေဖ့်တောင်စခန်းကျရှုံးမှု

Dawei Watch

December 22, 2024

သတ္ထုတူးဖော်ရေး လုပ်ငန်းတွေကြောင့် လူသိများထင်ရှားတဲ့ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ထဲက ကံပေါက်ဒေသ။ စစ်ကောင်စီရဲ့ မောရဝတီရေတပ်ဌာနချုပ် အပါအဝင် စစ်ကောင်စီစခန်းတွေ အစီအရီရှိနေတဲ့ ကံပေါက်ဒေသ။ ဒီလိုဒေသထဲမှာမှ စစ်ကောင်စီအတွက် အရေးကြီးတဲ့ ကံပေါက်ဒေသရဲ့ မိုက်ခရိုဝေဖ့်တောင်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက် ဖျက်စီးနိုင်ခဲ့ပါတယ်။ ဒီစခန်းကို တိုက်ခိုက်ဖို့ တော်လှန်ရေးအဖွဲ့တွေ ကာလရှည်ပြင်ဆင်ခဲ့သလို အရေးကြီးတဲ့ စစ်ရေးသတင်းတွေ ရရှိခဲ့တာကြောင့် ဒီလိုအောင်ပွဲခံနိုင်ခဲ့တာလို့ တော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။ အဲဒီ သတင်းအချက်အလက်ကို ပေးခဲ့တဲ့သူကတော့ ဒေါနတပ်ရင်းကို အလင်းဝင်လာတဲ့ စစ်ကောင်စီရဲ့ အဓမ္မစစ်မှုထမ်းသင်တန်းဆင်း တပ်သားတွေပဲ ဖြစ်ပါတယ်။ “ကျွန်တော်တို့ လေ့လာထားတဲ့ အခြားအချက်အလက်တွေလည်း အများကြီးရှိတယ်။ သူတို့ (အလင်းဝင်လာသူတွေ) ဆီက ထပ်သိရတာကတော့ စခန်းအနေအထား၊ အင်အားနဲ့ လက်နက်အခြေအနေကို တိတိကျကျ သိခဲ့ရတယ်” လို့ တိုက်ပွဲမှာပါဝင်တဲ့ ဝေဟင်တပ်ဖွဲ့ […]

အဓမ္မစစ်မှုထမ်း စုဆောင်းခံရသူတစ်ဦး၏ လွတ်မြောက်ရေးတိုက်ပွဲ

Dawei Watch

December 17, 2024

လက်နက်ကိုင် အစောင့်အကြပ်များအကြား သေနတ်ကျည်အပြည့် ထိုးထားသည့် လူငယ်တစ်ဦး။ စခန်းပတ်ပတ်လည်က လူသတ်မိုင်းများ၊ နေ့နေ့ညညစောင့်ကြပ်နေကြသည့် အစောင့်များကို ကျော်ဖြတ်ပြီး ထွက်ပြေးရမည်မှာ လူတိုင်းမတတ်နိုင်သည့် စွန့်စားမှုတစ်ခုပင်။ သို့သော် ကိုကျော်သက်ဦးအတွက် အသက်စွန့်ထွက်ပြေးသည်မှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ သေသေရှင်ရှင် ဒီညမှာတော့ စွန့်စားထွက်ပြေးတော့မည်ဟု ဆုံးဖြတ်လိုက်သည်။ “ကျွန်တော်ထွက်ပြေးတယ်ဆိုတာ သိတာနဲ့ ဟိုးဖက်တောင်ကုန်းက လှမ်းပစ်တော့မှာ.. ကျွန်တော်ကလည်း သူပစ်ကိုယ်ပစ် ဆိုပြီး သေနတ်တွေကျည်အပြည့်ထိုးပြီးသား” ဟု သူထွက်ပြေးလာသည့်နေ့က အဖြစ်အပျက်ကို ကျော်သက်ဦးက Dawei Watch ကို ပြန်ပြောင်းပြောပြသည်။ စစ်မှုထမ်းအဖြစ် အဓမ္မစုဆောင်းခံရသည့် ကိုကျော်သက်ဦးမှာ နိုဝင်ဘာလ ၂ ရက် ညသန်းခေါင်တွင် လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာ စစ်ကောင်စီစခန်းမှ ထွက်ပြေးလာပြီး ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သော နွေဦးပြောက်ကျားတပ်ဖွဲ့ထံ ဘက်ပြောင်း ခိုလှုံခဲ့သူဖြစ်သည်။ ကိုယ်လုံးကိုယ်ပေါက်တုတ်ခိုင်သန်မာသည့် အသက် […]

စပါးပေါ်ချိန် သောက

Dawei Watch

December 5, 2024

စပါးပေါ်ချိန် တောင်သူပျော်ချိန်တဲ့… အခုတော့သည်လို မဟုတ်တော့ပါဘူး။ “ဆုပ်လည်းစူး စားလည်းရူးဆိုသလိုပါပဲ။ ဒီစပါးတွေကို အခုချိန် ရောင်းလည်း မရောင်းချင်သေးဘူး။ လက်ထဲမှာလည်း မထားရဲဘဲဖြစ်‌နေတယ်” လို့ ဦးဟန်ဝင်းက ညည်းတွားပြောဆိုလိုက်ပါတယ်။ မှည့်ဝင်းနေပြီဖြစ်တဲ့ စပါးခင်းကိုကြည့်ပြီး ဆုံးဖြတ်ချက် မချနိုင်ဘဲဖြစ်နေတဲ့ လယ်သမားတွေက ဦးဟန်ဝင်း တစ်ယောက်ထဲတော့ မဟုတ်ပါဘူး။ စပါးဈေးကကျ၊ တစ်ဖက်မှာ စစ်ဘေးပူနေရချိန်မှာ ဒီစပါးတွေကို ထုတ်ပဲရောင်းရမလား။ ကျီထဲပဲ သိမ်းထားရမလား ဝေခွဲမရဖြစ်နေကြတာပါ။ ဇွန်လလောက်တုန်းက စပါးကြမ်းတစ်တင်းကို ၂၆၀၀၀ ကျပ်လောက်အထိ ဈေးမြူးခဲ့ပေမယ့် အခုစပါးပေါ်ချိန်ကျတော့ တစ်တင်းမှ ၁၆၀၀၀ ကျပ်ဝန်းကျင်ပဲရတော့တာပါ။ ကမာကြည်ဆိုလည်း ဇွန်လတုန်းက ၃၀၀၀၀ ကျပ်အထိရ‌ပေမယ့် အခုကတော့ ၂၀၀၀၀ ကျပ်လောက်ပဲ ကျန်ပါတော့တယ်။ ထားဝယ်ပေါ်ဆန်းဆိုရင် ၃၅၀၀၀ ကျပ်ကနေ ၂၈၀၀၀ ကျပ်ပဲ စျေးရတော့တာပါ။ စပါးပေါ်စ […]

လက်ချောင်းပြတ်သူ၊ အုန်းပင်တက် မွေးကင်းစကလေးအမေ – အန္တရာယ်ကြားမှ ထိုင်းရောက်အလုပ်သမများ

Dawei Watch

November 25, 2024

ထိုင်းကို ရောက်သည်မှာ ၂ နှစ်ကျော်သာရှိသေးသည့် အသက် နှစ်ဆယ်ကျော်အရွယ် မမြင့်တစ်ယောက် လက်ချောင်းနှစ်ချောင်း ဆုံးရှုံးထားရပြီဖြစ်သည်။ ရန်ကုန်တွင် အထည်ချုပ်လုပ်ခဲ့ဖူးသည့် မမြင့် (အမည်လွှဲ) က ပဲခူးတိုင်းဇာတိဖြစ်သည်။ ထိုင်းနိုင်ငံသို့ ရောက်လာပြီး တရားဝင်အထောက်အထားမရှိသေးသည့်အတွက် ပထုံဌာနီရှိ ရေခဲသေတ္တာထုတ်လုပ်ရေး စက်ရုံတစ်ခုတွင် စက်ဖြင့်သံပြားဖောက်ရသည့်အလုပ်ကို ဝင်လုပ်ခဲ့ရသည်။ အန္တရာယ်များသည့် လုပ်ငန်းခွင်ဖြစ်သော်လည်း စားဝတ်နေရေးအတွက် မဖြစ်မနေလုပ်ရမည့် အခြေအနေကြောင့် ငြင်းဆန်နိုင်စွမ်းမရှိခဲ့ပေ။ အလုပ်ဝင်ပြီး မကြာမီတွင်ပင် လုပ်ငန်းခွင် မတော်တဆမှုတစ်ခုအတွင်း လက်ချောင်းနှစ်ချောင်းဆုံးရှုံးလိုက်ရသည်။ “ကျွန်မအလုပ်က ခြေနင်းကို နင်းပြီး အပေါ်ကနေ စက်နဲ့ ရိုက်ချပြီး သံပြားတွေကို အပေါက်ဖောက်ရတာ။ အဲဒီမှာ စက်ချို့ ယွင်းပြီး မနင်းဘဲ သူ့ဘာသာသူကျလာတဲ့အချိန် လက်ကို ထိတာပဲ။ လက်က သုံးချောင်းထိတာ။ အဲဒီမှာ လက်နှစ်ချောင်းက ဖြတ်လိုက်ရတယ်။ တစ်ချောင်းက […]

ရှင်သူမှာ အသက်ရှူကျပ် – ပဋိပက္ခကြားက ဘိုးဘွားများ

Dawei Watch

October 1, 2024

တတိယအရွယ်ရောက်ရင် တရားရှာ အခုတော့ ခဏဆိုင်းထားလိုက်ရတယ်။ တရားရှာရမယ့် အစား ကျေးလက်နေ အဘိုးအဘွားတွေ အခုတော့ လုံခြုံဘေးကင်းတဲ့ ကျောတစ်နေရာစာရဖို့ ရှာနေကြရပါတယ်။ “ဒီမှာတော့ တိုက်ပွဲက ခဏခဏပဲ။ အေးအေးဆေး‌ဆေးနေရတဲ့ အချိန်ကိုမရှိဘူး။ အသက်ကို ဖက်နဲ့ထုပ်ထားရတယ် ငါ့သားဝေး” ထားဝယ် အထူးစီးပွား‌ရေးဇုန်ဧရိယာထဲက ရလိုင်ကျေးရွာမှာနေတဲ့ အသက် ၆၈ နှစ် အရွယ်ဖွားမယ်အေးက ဗလုံးဗထွေးဖြင့် ပြောလိုက်တယ်။ သူနေတဲ့အရပ်က ‌မီးခိုးတလူလူ၊ သွေးသံတရဲရဲ၊ စစ်ရဲ့အနိဋ္ဌာရုံမြင်ကွင်းတွေပဲ မြင်တွေ့နေရပါတယ်။ လူတွေဆိုလည်း စစ်ဘေးအကြား ကြောက်လန့်တကြား ပြေးလွှားပုန်းရှောင်နေကြရတာပါ။ ဒါကြောင့် ဖွားမယ်အေးလည်း အရင်လို တရားနဲ့ပျော်မွေ့ဖို့ မဖြစ်နိုင်တော့ အသက်နဲ့ခန္ဓာမြဲဖို့ စစ်ဘေးက လွတ်ရာကို ရှာဖွေနေထိုင်နေရပါတယ်။ စစ်အာဏာသိမ်းမှုနဲ့အတူ မြန်မာနိုင်ငံမှာ ဘိုးဘွားတွေဟာ လုံခြုံမှုကင်းမဲ့နေပြီး အစားသောက်၊ ဆေးဝါးကုသခွင့်တွေ လုံလုံလောက်လောက်မရကြတော့ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ […]

ဘယ်သူကူလို့ ကယ်ပါနိုင်

Dawei Watch

September 5, 2024

အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုရဲ့ သားကောင်တွေ မဖြစ်စေဖို့ ကမ္ဘာတစ်ဝန်း အင်တိုက်အားတိုက် လုပ်ဆောင်နေကြချိန် မြန်မာနိုင်ငံမှာတော့ ပုံစံမျိုးစုံနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရတဲ့ အမျိုးသမီးတွေ ကူရာမဲ့နေပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ တိုက်ပွဲတွေအတွင်း အမျိုးသမီးတွေ ပုံစံမျိုးစုံနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားအမြတ်ထုတ် ခံနေကြရတာပါ။ ဒါပေမဲ့ တိုင်ကြားမှုယန္တရား အားမကောင်းတာကြောင့် ဖော်ထုတ်ဖို့ကြိုးစားရင် စော်ကားခံရသူသာ ပိုပြီးဒုက္ခရောက်ကြလို့ ကြိတ်မှိတ်ခံနေကြရသူတွေ ပိုများပါတယ်။ မုဒိမ်းကျင့်ခံခဲ့ရတဲ့အထိ လိင်အမြတ်ထုတ်မှုတွေအတွက် ရဲရဲဝံ့ဝံ့ထုတ်ဖော်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသမီးတွေမှာလည်း ဖိနှိပ်မှုမျိုးစုံ၊ ခြိမ်းခြောက်မှုမျိုးစုံ ကြုံကြရပြီး ပိုမိုခက်ခဲဒုက္ခရောက်တာပဲ အဖတ်တင်ရပါတယ်။ ကျူးလွန်သူကတော့ အရေးယူခံရမှုကနေ လွတ်မြောက်နေတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။ Dawei Watch အနေနဲ့ ပဋိပက္ခကာလထဲ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတဲ့ တနင်္သာရီတိုင်းက […]

လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်ရန် ရုရှားလေယာဉ်ဆီ လီတာသိန်းချီ မြိတ်သို့ရောက်နေ

Dawei Watch

August 29, 2024

ရုရှားထံမှရရှိသည့် လေယာဉ်ဆီဖြင့် တနင်္သာရီတိုင်းမှာ လေကြောင်းတိုက်ခိုက်မှုအရှိန်မြှင့်ရန် စစ်ကောင်စီပြင်ဆင်နေ သည်။ တောင်ပိုင်းစစ်မျက်နှာတွင် အရှုံးများဖြင့် ရင်ဆိုင်နေရပြီး မြေပြင်စိုးမိုးနယ်မြေလျော့ကျလာသောကြောင့် လေကြောင်းကို အဓိကအားပြု တန်ပြန်တိုက်စစ်ဆင်ရန် စစ်ကောင်စီ ကမ်ရိုးတန်းတိုင်းစစ်ဌာနချုပ်က ပြင်ဆင်လာခြင်းဖြစ်သည်။ တပ်ရင်းများ၊ တပ်စခန်းများနှင့် စစ်ကြောင်းများ တိုက်ခိုက်ခံရတိုင်း စစ်ကောင်စီလေတပ်၏ ရဟတ်ယာဉ်နှင့် တိုက်လေယာဉ်များဖြင့် တန်ပြန်ဗုံးကြဲတိုက်ခိုက်လေ့ရှိသည်က စစ်ကောင်စီ၏ ဗျူဟာတစ်ခုဖြစ်သည်။ လာမည့်ပွင့်လင်းရာသီတွင် ကမ်းရိုးတန်းစစ်ဌာနချုပ်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်ရန်အတွက် ရုရှားထံမှ ရရှိသည့် လေယာဉ်ဆီလီတာသိန်းချီ မြိတ်ခရိုင်ထဲသို့ ရောက်ရှိနေသည်။ တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များအတွက် လိုအပ်သည့် လေယာဉ်ဆီကို ရုရှားနိုင်ငံမှတစ်ဆင့် ရေနံတင်သင်္ဘောဖြင့် မလိကျွန်းရှိ တနင်္သာရီရေတပ်စခန်းဌာနချုပ်သို့ ယခုရက်ပိုင်းအတွင်း ရောက်ရှိလာခြင်းဖြစ်သည်။ Dawei Watch ၏ စစ်ကောင်စီတပ်အရင်းအမြစ်များ၏အဆိုအရ လေယာဉ်ဆီ လီတာ သုံးသိန်းတင်ဆောင်လာသည့် ရေနံတင်သင်္ဘောမှာ တနင်္သာရီရေတပ်စခန်းသို့ ဩဂုတ်လ […]