BREAKING
April 13, 2025

နိုင်ငံတကာဆောင်းပါး

‘အမေရိကန် ပဓာန’ လူနှင်လှိုင်း

Dawei Watch

January 30, 2025

လူတွေ အာရုံထွေပြားလွယ်လွန်းတဲ့ ခေတ်ကြီးထဲ လူတွေရဲ့အာရုံကို ဖမ်းစားတဲ့ အတတ်မှာ တစ်ဖက်ကမ်းခတ်သူတစ်ယောက်ကတော့ ဒေါ်နယ်ထရမ့်ပါပဲ။ “နယ်ချဲ့ကျူးကျော်မှု(Invasion)” ဒါဟာ အမေရိကန်ပြည်ထောင်စုရဲ့ တောင်ပိုင်းနယ်စပ်မှာ လူဝင်မှုအရေးကို ဖော်ပြရာမှာ ထရမ့် သုံးသွားတဲ့ စကားလုံးပါ။ “၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ဟာ အမေရိကန်နိုင်ငံသူ နိုင်ငံသားတွေအတွက် လွတ်လပ်ရေးနေ့ပဲ” အဲဒီနေ့ဟာ ထရမ့်က သူ့ရဲ့ ဒုတိယအကြိမ် သမ္မတသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုတဲ့နေ့ပါပဲ။ သူ့ရဲ့ ကျန်းသစ္စာကျိန်ဆိုတဲ့ မိန့်ခွန်းထဲမှာ ဒီလို ပြောခဲ့တာပါ။ ဒုတိယအကြိမ်သမ္မတဖြစ်တဲ့နေ့ကစပြီး ထရမ့်ဟာ အမေရိကန်လူဝင်မှုကြီးကြပ်ရေးနဲ့ ပတ်သက်တဲ့ သမ္မတအထူးအာဏာတွေကို ဆက်တိုက်ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု တစ်လွှားမှာ ရှိနေတဲ့ အထောက်အထားမဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် ပစ်မှတ်ထားတဲ့ ဖြိုခွင်းမှုအစပါပဲ။ သမ္မတအမိန့်အာဏာပေါင်း ၂၀ ကျော်ကို ထုတ်ပြန်ပြီး အမေရိကန်လူဝင်မှုကြီးကြပ်ရေးစနစ်ရဲ့ […]

ဘုရင်ကို မွေးတဲ့ ဘီလျံနာ

Dawei Watch

January 15, 2025

၂၀၂၄ အမေရိကန်သမ္မတရွေးကောက်ပွဲအပြီး နောက်တစ်ရက် နိုဝင်ဘာ ၆ ရက်နေ့မှာ ဒေါ်နယ်ထရမ့်က အောင်ပွဲရမိန့်ခွန်း ပြောခဲ့ပါတယ်။ အဲဒီမိန့်ခွန်းမှာ ဒေါ်နယ်ထရမ့်က သူ့ကို ထောက်ခံသူတွေရှေ့မှာ အားတက်သရော ကြွေးကြော်ခဲ့တယ်။ “ကြယ်ပွင့်တစ်ပွင့် မွေးဖွားလာပြီ…အဲဒါ အီလွန်ပဲ” အီလွန်မတ်ဟာ ကမ္ဘာ့အချမ်းသာဆုံးနဲ့ ဩဇာအရှိဆုံးလူတွေထဲကတစ်ယောက် ဖြစ်နေခဲ့တာ သုံးနှစ်ကျော်ခဲ့ပါပြီ။ ၂၀၂၁ ခုနှစ်အတွက် “တစ်နှစ်တာ အထူးခြားဆုံးပုဂ္ဂိုလ်” အဖြစ် ကမ္ဘာကျော် Time မဂ္ဂဇင်းကြီးက သူ့ကို ဖော်ပြခဲ့တယ်။ အဲဒီနှစ်ကစပြီး အီလွန်မတ်ဟာ လက်ရှိအချိန်အထိ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်နေဆဲပါပဲ။ သူဟာ တောင်အာဖရိကမှာမွေး ၊ အမေရိကန်ပြည်ထောင်စုမှာ ပညာသင်ခဲ့တဲ့ ကမ္ဘာ့အချမ်းသာဆုံးနည်းပညာဘီလျံနာသူဌေး။ တွစ်တာကုမ္ပဏီကို ဝယ် ၊ ဝန်ထမ်းအရေအတွက် တစ်ဝက်ကျော်ကို အလုပ်ထုတ်ပြီး ‘X’ လို့ နာမည်ပြောင်းခဲ့တဲ့သူ။ SpaceX နဲ့ Tesla […]