BREAKING
April 13, 2025

နိုင်ငံတကာဆောင်းပါး

ဂျီနိုဆိုက်ငါးတွေ လာနေပြီ

Dawei Watch

March 22, 2025

ဘန်ကောက်မြို့လယ်မှာ ငါးညှီနံ့တွေ တထောင်းထောင်းထပြီး နံဟောင်သွားပါတယ်။ အခုအပတ် အင်္ဂါနေ့က ထိုင်းအစိုးရအိမ်တော်ရှေ့မှာလုပ်တဲ့ ဆန္ဒပြပွဲမှာ တီလားပီးယားလို့ အများသိကြတဲ့ ပါးမည်းတီလားပီးယားငါး အကောင်ပေါင်းများစွာကို ကားလမ်းမပေါ် သွန်ချလိုက်လို့ပါပဲ။ အဲဒီနေ့မှာ ပြည်နယ်ပေါင်း ၁၉ ခုက ငါးမွေးမြူရေးသမားအယောက် ၂၀၀ ဝန်းကျင်ဟာ အစိုးရအိမ်တော်ရှေ့ကို ရောက်လာပြီး ပါးမည်းတီလားပီးယားငါး အကောင်ရေ ၂ တန်ကို ကားလမ်းပေါ် သွန်ချပြီး ဆန္ဒပြခဲ့ကြပါတယ်။ ၁၃ နှစ်ကြာ ရင်ဆိုင်လာခဲ့ရတဲ့ ပြဿနာတစ်ခုကို ထိုင်းအစိုးရက မဖြေရှင်းပေးနိုင်တဲ့အပေါ် ထိုင်းတံငါသည်တွေ ပေါက်ကွဲသွားတဲ့ မြင်ကွင်းတစ်ခုပါပဲ။ အန္တရာယ်အကြီးဆုံး ကျူးကျော်မျိုးစိတ် ၂၀၂၄ ခုနှစ်ရဲ့ မနက်ခင်းနေရောင်အောက်မှာ ထိုင်းနိုင်ငံ ၊ ပက်ချဘူရီပြည်နယ်က ကျေးရွာတစ်ရွာမှာ မစ္စတာဂျစ်တဂွန်ဘူဝါးဒီးဟာ သူ့ရဲ့ ငါးမွေးမြူရေးကန်ဘေးမှာ အလုပ်ရှုပ်နေခဲ့ပါတယ်။ တချိန်တုန်းကတော့ သူဟာ အောင်မြင်တဲ့ […]

ရာသီဥတုထိပ်သီးညီလာခံအတွက် အမေဇုန်တောကို ခုတ်ထွင်ခြင်း

Dawei Watch

March 20, 2025

ဘရာဇီးနိုင်ငံ ဘဲလင်မြို့မှာ ကျင်းပမယ့် COP30 ရာသီဥတုထိပ်သီးညီလာခံအတွက် လေးလမ်းသွား အဝေးပြေးလမ်းမတစ်စင်းကို ဖောက်လုပ်နေပါတယ်။ ထိန်းသိမ်းစောင့်ရှောက်ထားရတဲ့ အမေဇုန်တောအုပ်ကြီးထဲမှာ ဧကပေါင်းသောင်းနဲ့ချီ ခုတ်ထွင်ရှင်းလင်းပြီး ဖောက်လုပ်နေတာပါ။ ဘဲလင်မြို့ကိုသွားတဲ့လမ်းမှာ ယာဉ်ကြောပိတ်ဆို့မှု သက်သာစေဖို့ ရည်ရွယ်ဖောက်လုပ်နေတာပါ။ လာမယ့် နိုဝင်ဘာမှာ ကျင်းပမယ့် COP30 ရာသီဥတုထိပ်သီးညီလာခံအတွက် ကမ္ဘာအနှံ့က ခေါင်းဆောင်တွေပါဝင်တဲ့ လူပေါင်း ၅၀,၀၀၀ ကျော်ကို အိမ်ရှင်အနေနဲ့ ဘဲလင်မြို့က ဧည့်ခံပေးသွားရမှာ ဖြစ်ပါတယ်။ ပြည်နယ်အစိုးရကတော့ ဒီအဝေးပြေးလမ်းမရဲ့ ရေရှည်တည်တံ့တဲ့ ကောင်းကွက်တွေကို ချီးကျူးပါတယ်။ ဒါပေမဲ့ ဒေသခံအချို့နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေကတော့ ဒီအဝေးပြေးလမ်းရဲ့ သဘာဝပတ်ဝန်းကျင်ကို ဆိုးကျိုးသက်ရောက်လာမယ့်အရေးကို ဒေါသထွက်နေကြပါတယ်။ အမေဇုန်မိုးသစ်တောကြီးဟာ ကမ္ဘာကြီးအတွက် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့စုပ်ယူပေးပြီး ဇီဝမျိုးစိတ်စုံလင်ကွဲပြားမှုကို ထောက်ပံ့ပေးထားတဲ့နေရာမှာ အင်မတန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။ အမေဇုန်မိုးသစ်တောကြီးထဲ ခုတ်ထွင်ရှင်းလင်းပစ်မှုဟာ သဘာဝပတ်ဝန်းကျင်ထိပ်သီးညီလာခံရဲ့ တကယ့်ရည်ရွယ်ချက်နဲ့ […]

ကမ္ဘာ့ဝင်ရိုးကျိုးခြင်း

Dawei Watch

March 7, 2025

၁၉၄၅ နောက်ပိုင်း ကမ္ဘာ့အစီအစဉ်ရဲ့ အကွဲအပြဲက အရှိန်ရလာနေပါပြီ။ အခုအပတ် ကုလသမဂ္ဂမှာ မြင်ခဲ့ရတဲ့ ထူးဆန်းတဲ့ မြင်ကွင်းတစ်ခုကတော့ အမေရိကန်ဟာ ယူကရိန်းနဲ့ ဥရောပကို ဆန့်ကျင်ပြီး ရုရှား ၊ မြောက်ကိုရီးယားတို့နဲ့ တစ်ဘက်တည်း ရပ်ခဲ့တာပါပဲ။ ဂျာမဏီအဓိပတိသစ် ဖြစ်လာနိုင်ခြေရှိတဲ့ ဖရက်ဒရစ်မာ့ဇ်က သတိပေးတယ်။ နေတိုးအဖွဲ့ကြီးဟာ အခုနှစ် ဇွန်လထက် နောက်မကျဘဲ အသက်ထွက်သွားနိုင်တယ်တဲ့။ အင်အားကြီးနိုင်ငံတွေအချင်းချင်း အပေးအယူလုပ်ပြီး အင်အားသေးတဲ့ နိုင်ငံတွေအပေါ် အနိုင်ကျင့်မယ့် “အင်အားကြီးသူက မှန်တယ်” ဆိုတဲ့ဘက်ကို ကမ္ဘာက လျှင်လျှင်မြန်မြန် ချဉ်းကပ်လာနေပါပြီ။ ထရမ့်နဲ့ သူ့အဖွဲ့က သူတို့ရဲ့ အပေးအယူလုပ်တဲ့နည်းက ငြိမ်းချမ်းရေးကို ယူဆောင်လာပေးလိမ့်မယ်လို့ အခိုင်အမာ ပြောနေကြပါတယ်။ အနှစ် ၈၀ ဂုတ်ခွစီးခံလာရပြီးနောက်မှာ အမေရိကန်ပြည်ထောင်စုဟာ သူ့ရဲ့ စူပါပါဝါအဆင့်အတန်းကနေ အကျိုးအမြတ်ထွက်အောင် လုပ်မယ်လို့ […]

နေကြာပန်းနိုင်ငံနဲ့ ခရူးဆိတ်စစ်မီးလျှံ

Dawei Watch

March 3, 2025

နေကြာပန်းတွေကို မြတ်နိုးယုယတဲ့ အရှေ့ဥရောပနိုင်ငံတစ်ခုရဲ့ ကောင်းကင်ထဲမှာ အိမ်နီးချင်းအင်အားကြီးနိုင်ငံဆီက မစ်ဆိုင်းဒုံးပျံတွေဟာ ၂၀၂၂ နှစ်ဆန်းပိုင်းမှာ ရိုင်းစိုင်းစွာ ထိုးဖောက်ပျံသန်းလာခဲ့တယ်။ လူသားယဉ်ကျေးမှုကို ပါးရိုက်လိုက်တဲ့ စစ်ပွဲ။ ၂၀၂၀ ပြည့်နှစ်လွန် ကမ္ဘာကြီးကို လန့်ဖျပ်သွားစေခဲ့တယ်။ ရိုင်းစိုင်းသော ကျူးကျော်စစ်ပွဲတစ်ပွဲရဲ့ အစပါပဲ။ ယူကရိန်းနိုင်ငံကို လည်ပင်းညှစ်သတ်မယ့် ရုရှားရဲ့ ကျူးကျော်စစ်….။ အပြာရောင်မိုးသားကောင်းကင်အောက်မှာ အဝါရောင်နေကြာပန်းတွေ မျက်စိတဆုံး လဲ့လဲ့ထွန်းနေတဲ့ နိမိတ်ပုံဟာ ယူကရိန်းနိုင်ငံရဲ့ အမျိုးသားအလံတော်ကို ကိုယ်စားပြုပါတယ်။ ရုရှားရဲ့ ကျူးကျော်စစ် စတင်တဲ့နေ့မှာ ယူကရိန်းအမျိုးသမီးတစ်ယောက်ဟာ သူမ နေထိုင်ရာ ရုရှားနယ်စပ်က ယူကရိန်းမြို့လေးထဲ ဝင်လာတဲ့ သူမ တစ်ခါမှ မမြင်ဖူးတဲ့ စစ်သားတွေရဲ့ ရှေ့တည့်တည့်မှာ သွားရပ်တယ်။ “ရှင်တို့က ရုရှားတွေလား” လို့ မေးပြီးတာနဲ့ လက်နက်အပြည့်အစုံနဲ့ ရုရှားစစ်သားတွေကို ဒေါသတကြီး ရန်တွေ့တယ်။ […]

အမေရိကန် – ဥရောပ လမ်းခွဲပြီလား

Dawei Watch

February 27, 2025

၁၉၄၉ ခုနှစ်ရဲ့ နွေဦးရာသီမှာ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပဒီမိုကရေစီတိုင်းပြည် ၇ ခုက နိုင်ငံ့ခေါင်းဆောင်တွေ အမေရိကန်နိုင်ငံ ၊ ဝါရှင်တန်ဒီစီမြို့တော်က ခန်းမကြီးတစ်ခုထဲမှာ စုဝေးခဲ့ကြပါတယ်။ ဒါဟာ ကမ္ဘာ့သမိုင်းမှာ အအောင်မြင်ဆုံး စစ်ရေးမဟာမိတ်လို့ ဆိုနိုင်တဲ့ စုဖွဲ့မှုတစ်ခုရဲ့ အစပါပဲ။ “နေတိုးအဖွဲ့” လို့ လူအများ သိလာကြမယ့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့(NATO) ဟာ အဲဒီတွေ့ဆုံမှုကနေ ပေါ်ပေါက်လာခဲ့တာပါ။ မြောက်အတ္တလန္တိတ်စာချုပ်ရဲ့ နာမည်ကျော် ပုဒ်မ ၅ မှာ ရှင်းရှင်းလင်းလင်း ပြဌာန်းထားတာတစ်ခု ရှိပါတယ်။ အဲဒါကတော့ နေတိုးအဖွဲ့ဝင်နိုင်ငံတစ်ခုကို ပြင်ပနိုင်ငံတစ်ခုက တိုက်ခိုက်တာဟာ အဖွဲ့ဝင်နိုင်ငံအားလုံးကို တိုက်ခိုက်တာလို့ မှတ်ယူတယ်ဆိုတဲ့ အချက်ပါပဲ။ နေတိုးအဖွဲ့ စတင်တည်ထောင်ခဲ့ချိန်ကစပြီး အမေရိကန်ဟာ ဥရောပလုံခြုံရေးအတွက် အဓိကကာကွယ်ပေးသူအဖြစ် ရပ်တည်လာခဲ့ပါတယ်။ ယခင်က ဆိုဗီယက်ပြည်ထောင်စုနဲ့ ဝါဆောစာချုပ်အဖွဲ့ဝင်နိုင်ငံတွေရဲ့ ရန်ကနေ ကာကွယ်ဖို့ […]

ခေတ်သစ်ကမ္ဘာ့ရန် ‘ရှားချူးဖန်’

Dawei Watch

February 14, 2025

အဂ္ဂါတစ်ယောက် ရီတာ့ကို စတွေ့ခဲ့တာက Linkedin ပေါ်မှာပါ။ အဂ္ဂါဟာ ကနေဒါဆော့ဝဲကုမ္ပဏီတစ်ခု အလုပ်လုပ်ခဲ့ပါတယ်။ ရီတာကတော့ စင်္ကာပူက အတိုင်ပင်ခံကုမ္ပဏီကြီးတစ်ခုမှာ အလုပ်လုပ်ခဲ့သူပါ။ သူတို့နှစ်ယောက်က သူငယ်ချင်းအဆင့်ပါပဲ။ ဒါပေမဲ့အွန်လိုင်းပေါ်မှာတော့ တချိန်လုံးစာပို့နေခဲ့ကြတယ်။ တနေ့မှာတော့ ရီတာက အဂ္ဂါကို ခရစ်တိုငွေကြေးကုန်သွယ်မှုလုပ်နည်း သင်ပေးမယ်လို့ ကမ်လှမ်းခဲ့တယ်။ ရီတာရဲ့ သင်ကြားပြသကူညီမှုနဲ့ အဂ္ဂါဟာ ခရစ်တိုငွေကြေးကုန်သွယ်မှုကနေ ပိုက်ဆံအများကြီးရလာခဲ့တယ်။ ပိုက်ဆံအများကြီးရလာခဲ့ပြီလို့ သူ ထင်ခဲ့တယ်။ အဂ္ဂါဟာ ပိုက်ဆံတွေ ပုံအောရင်းနှီးမြှုပ်နှံလာခဲ့တယ်။ သူ့ပိုက်ဆံတွေကို ပြန်ထုတ်ဖို့ ကြိုးစားလိုက်တဲ့အချိန်မှပဲ အဂ္ဂါဟာ သူ အသုံးပြုနေတဲ့ ခရစ်တိုငွေကြေးကုန်သွယ်မှု ဝက်ဆိုဒ်က အတုကြီးဆိုတာ သိလိုက်ရတယ်။ အမေရိကန်ဒေါ်လာ ၇၈,၀၀၀ ကို သူ ဆုံးရှုံးလိုက်ရတယ်။ ရီတာဆိုတာကလည်း မြန်မာပြည်က လှောင်ပိတ်ခံထားရတဲ့ နေရာတစ်ခုမှာ လူကုန်ကုန်းခံရပြီး အကျဉ်းသူတစ်ယောက်လို ထိန်းချုပ်စေစားခံနေရတဲ့ […]

မီးခိုးရောင် သေမိန့်

Dawei Watch

February 7, 2025

ဒီနေ့ဟာ ချင်းမိုင်တက္ကသိုလ်အတွက် ကြေကွဲစရာနေ့တစ်နေ့။ ၂၀၂၃ ခုနှစ်ရဲ့ ဒီဇင်ဘာလ ၅ ရက်နေ့ဟာ မိန်းမလှဆန်ဆန် လှပနေတတ်တဲ့ ‘ချင်းမိုင်’ဆိုတဲ့ ထိုင်းမြို့လေးကို နေရောင်ခြည်တွေနဲ့ ပစ်ပေါက်နေခဲ့ပါတယ်။ လန်နာဘုရင် နေပြည်တော်ဟောင်းအတွက် သာမန်နေ့တစ်နေ့လို့ ထင်စရာပါပဲ။ တကယ်တမ်းမှာတော့ တက္ကသိုလ်ကထိကတစ်ယောက်ရဲ့ ရုပ်အလောင်း၊ အရှေ့တောင်အာရှရဲ့ မီးခိုးရောင်ရန်သူအကြောင်းစတဲ့ ကြေကွဲချောက်ချားစရာတွေနဲ့ တပ်လှန့်လိုက်တဲ့နေ့လို့ဆိုရမှာပါ။ ချင်းမိုင်တက္ကသိုလ်က ဆေးဘက်ဆိုင်ရာကထိကဖြစ်သူ ‘ဒေါက်တာကရစ်ထိုင်းသန်နာဆွန်ဘတ်ခေါ်လ်’ ဟာ အဆုတ်ကင်ဆာနဲ့ အဲဒီနေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ကျန်းမာရေးလိုက်စားပြီး ရောင်းအားအကောင်းဆုံးစာရင်းဝင် ဘဝခွန်အားမြှင့်တင်နည်းစာအုပ်ကိုရေးသားထုတ်ဝေထားတဲ့ ဒေါက်တာကရစ်ထိုင်းဟာ သေဆုံးချိန်မှာ အသက် ၂၉ နှစ်ပဲ ရှိပါသေးတယ်။ သူရဲ့ သေဆုံးမှုဟာ ရာမဘုရင် ၆ လက်ထက်ကတည်းက ထိုင်းနိုင်ငံမှာ ရှိနေပြီဖြစ်တဲ့ သဘာဝပတ်ဝန်းကျင် ပြဿနာတစ်ခုနဲ့ ဆက်စပ်နေတယ်လို့ ကျွမ်းကျင်သူတွေက သံသယရှိကြပါတယ်။ အဲဒါကတော့ လေထုညစ်ညမ်းမှုပါပဲ။ […]

အန်ကယ်ဆမ်တောင်ဝှေး ကမ္ဘာကို ရိုက်ချိန်

Dawei Watch

February 1, 2025

ဇန်နဝါရီ ၂၅ ရက် ၊ စနေနေ့ နံနက်။ ဆီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းက အယ်လ်ဟောလ်ဒုက္ခသည်စခန်းဆီကို ရိုးရှင်းပြတ်သားတဲ့ သတင်းစကားတစ်ခုရောက်လာတယ်။ “အလုပ်တွေ ရပ်လိုက်” လူ ၄၀,၀၀၀ ကျော် မှီခိုနေရတဲ့ ဒုက္ခသည်စခန်းမှာ အကူအညီအထောက်အပံ့ပေးတာတွေ အားလုံးရပ်လိုက်ဖို့ အမိန့်။ စခန်းမှာ ရှိနေသူ အမျာစုက ဆီးရီးယားနိုင်ငံထဲက ISIS အဖွဲ့ထိန်းချုပ်ဖူးတဲ့ နေရာတွေကနေ ထွက်ပြေးလာတဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်များ။ သူတို့အတွက် သောက်သုံးရေ ၊ တကိုယ်ရေသန့်ရှင်းရေး ၊ မိလ္လာစနစ်နဲ့ လုံခြုံရေးအစီအမံတွေ အားလုံးဟာ ဖြစ်ချင်ရာဖြစ် ပစ်ချခံလိုက်ရပြီ။ အလားတူ ထိခိုက်မှုကို ဆီးရီးယားရဲ့ အယ်လ်ရွတ်ဂျ်ဒုက္ခသည်စခန်းမှာလည်း ခံစားလိုက်ရပြီ။ ISIS တပ်ဖွဲ့ဝင်ဟောင်းတွေကို ထိန်းသိမ်းထားတာကလည်း ဒီဒုက္ခသည်စခန်းနှစ်ခုစလုံးရဲ့ အနီးအနားမှာ။ “အကြမ်းဖက်အန္တရာယ်နဲ့ မတည်ငြိမ်မှုခြောက်လုံးက ရုတ်တရက် ကြီးကြီးမားမား ပေါ်လာပြီ။ […]