BREAKING
November 21, 2024

ဓလေ့/သမိုင်း

ဇီဝဇိုးတို့ ပျော်စံရာ

diz_admin

August 17, 2020

လေညာရပ်ကွက်ထဲသို့ ခြေချ လိုက်မိသည်နှင့် ဟိုနားတကျွီကျွီ ဒီနား တကျွမ်ကျွမ်ဖြင့် ရပ်ကွက်လမ်းတစ် လျှောက်အတိုင်းသား ကြားရသည်။ ရပ်ကွက်နှစ်ခုပေါင်းလျှင် အိမ်ခြေ သုံးရာခန့်ရှိသည့် ယင်းနေရာတွင် လွန်ခဲ့သည့်ဆယ်နှစ်ကျော်က ထိုအသံမျိုး မကြားရတတ်။ ပုံမှန်အတိုင်းကွမ်းစိုက်သူစိုက်၊ လေညာမြစ်ထဲဆင်းကာ ရေချိုပုစွန် ဖမ်းသူ ဖမ်း၊ ရော်ဘာခြစ်သူ ခြစ်၊ ဓနိဖက် ခုတ်သူ ခုတ်ဖြင့် လက်လှုပ်မှ ပါးစပ်လှုပ်ခဲ့ကြရသည့် အခြေအနေသည် ပြောင်းလဲသွားခဲ့ပြီ။ ဘုရားသခင်က သူတို့ကို အေးအေးလူလူ အိမ်နေရင်း ထမင်းစားနိုင်ရန်အတွက် လက်ဆောင်တစ်ခုကို ချပေးခဲ့သည်။ ယင်း လက်ဆောင်က “ဇီဝဇိုး ငှက်”။“ဘုတ်ပြင်းမြို့နယ်မှာတော့ ရွာတိုင်းလိုလို ခုဆိုရင် ဒီအလုပ်ပဲ လုပ်လာ ကြပြီ” ဟု ငှက်မွေးမြူရေးလုပ်သက် ဆယ်နှစ်နီးပါးခန့်ရှိသည့် ကိုဖြိုးဇော်သက် က ပြောသည်။ သွားလာလည်ပတ်ရန် နေရာသိပ်မရှိဘဲ နာမည်နှင့်လိုက်ဖက်စွာပင် […]

ထားဝယ်မြစ်ဝက စန္ဒား

diz_admin

August 10, 2020

ညနေလေးနာရီခန့်တွင် ထားဝယ်မြစ်အတွင်း ရေတဖြည်းဖြည်းကျစပြုလာပြီ။ သောင်တွေကို မြင်လာရသည်။ ဦးဖေအေးက ပိုက်သိမ်းဆင်းရန်အတွက် မနက်ကဝတ်ခဲ့သည့် အဝတ်အစားများကို ပြန်ဝတ်ကာ မြစ်ထဲသို့ ဆင်းရန်ပြင်သည်။ လှေကို လမ်းတစ်ဝက်လောက်အထိ တွန်းသွားပြီး စန္ဒားဆီရောက်လုနီးမှ လှော်သည်။ ဦးဖေအေးသည် လောင်းလုံးမြို့နယ်၊ သပြေရှောင်ကျေးရွာသားဖြစ်ပြီး အသက် ၆၅ နှစ်အရွယ် ဖြစ်သည်။ ကွမ်းသမားနှင့် ကိုဗစ် ရေလုပ်ငန်းဟုပြောလျှင် ပင်လယ်အတွင်း လှေပေါ်တွင်လုပ်ကိုင်နေကြသော ရေလုပ်သားများကိုသာ အချို့က ပြေးမြင်ကောင်း မြင်နိုင်သည်။ ဒေသခံ အချို့သည်ပင် ပင်လယ်တွင်မဟုတ်သော ငါးဖမ်းနည်းကို သိသူနည်းပါးသည်။ ယင်းမှာ စန္ဒားစင်ဖြင့် ငါးဖမ်းနည်းဖြစ်သည်။ လှေအမျိုးမျိုးဖြင့် ငါးဖမ်းပါက ပင်လယ်အတွင်း နေရာစုံကိုသွားရောက် ဖမ်းဆီးနိုင်သော်လည်း စန္ဒားဖြင့်ငါးဖမ်းနည်းမှာ ရွေ့လျားဖမ်းဆီးခြင်းမျိုးမဟုတ်။ ဒီရေအတက်အကျရှိသော မြစ်၊ ချောင်းတို့တွင် နေရာတစ်ခုသတ်မှတ်ကာ သစ်တိုင်၊ ဝါးလုံးတို့ဖြင့် အခိုင်အမာဆောက်ပြီး […]

ဆိုက်ကား လွမ်းချင်း

diz_admin

August 5, 2020

သူသည် မိသားစုဝင် ငါးဦးရှိသည့် မိသားစုကို ဆိုက်ကားနင်းရင်းအိမ်တစ်ဆောင်မီးတစ်ပြောင်ဖြင့် တင့်တောင့် တင့်တယ် ထားနိုင်ခဲ့သည်။ ဆိုက်ကားနင်း၍ရသည့် ဝင်ငွေက သူတို့မိသားစု စားဝတ်နေရေး ဖူလုံရုံတင်မက ထားဝယ်မြို့ ဘုမ္မော်ရပ်ကွက်တွင်ရှိသည့် မြေတစ်ကွက်ကိုဝယ်ယူကာ အိမ်တစ်ဆောင်ပါ ဆောက်လိုက်သေးသည်။ ထိုမျှမကသေး။ သားသမီး နှစ်ဦးကိုလည်း အများနည်းတူ ကျောင်းထား နိုင်ခဲ့သည်။ လွန်ခဲ့သည့် နှစ်ပေါင်းသုံးဆယ်ဝန်းကျင်က အခြေအနေကို ဦးဇော်ဝင်းက ပြန်ပြောင်းပြောဆိုနေခြင်း ဖြစ်သည်။ ထိုအခြေအနေတို့မှာ လွမ်းမောစရာအဖြစ် ကျန်ရစ်ခဲ့ပြီ။ လက်ရှိကာလသည် ဆိုက်ကား ခေတ်မဟုတ်တော့။ ဆိုက်ကားအစား ပို၍မြန်သည့် မော်တော်ဆိုင်ကယ်တို့ဖြင့် အစားထိုးခဲ့ကြသည်မှာ နှစ်နှစ်ဆယ်နီးပါးပင် ရှိလာခဲ့ပြီ။ အချို့မှာ သုံးဘီးယာဉ်ပြေးဆွဲသူများ ဖြစ်လာသည်။ ဦးဇော်ဝင်းကမူ ရွှေထီးဆောင်းခဲ့သည့် ဆိုက်ကားခေတ်ကို ပြန်လည်သတိရ၊ တမ်းတမိနေဆဲ။ ဦးဇော်ဝင်းသည် ဘုမ္မော်ရပ်ကွက်တွင် နေထိုင်သည်။ သူသည် ၁၉၉၀ […]

ဆလုံတို့၏ နောက်ဆုံးခံတပ်အတွင်းမှ တာဆာကီ၏ ခြေလှမ်းများ

diz_admin

July 20, 2020

ဘုတ်ပြင်းမြို့နယ်၊ ဆလုံတိုင်းရင်းသားများနေထိုင်သည့် လငန်းရွာပေါ် ခြေချမိလိုက်သည် ဆိုသည်နှင့် ယခင် သုံးလနဲ့စာလျှင် မြင်ကွင်းတချို့က ပြောင်းလဲနေသည်ကို သတိထားလိုက်မိသည်။ လွန်ခဲ့သည့်သုံးလက သားဖွား ဆရာမတစ်ဦးတလေမျှ မရှိခဲ့သည့် လငန်းရွာတွင် ယခုတော့ တစ်ထပ်တိုက် ဆေးခန်းလေးတစ်ခု ဆောက်လုပ်ပြီးစီး လုနီးနေသည်။ ရွာပေါ်တွင် ဆယ်ပေပတ်လည်ခန့်ရှိ ဆိုလာပြားကြီးတစ်ခုဖြင့် ဆလုံနေအိမ်အချို့ကို လျှပ်စစ်မီးပေး ထားသည်။ ထိုမျှမကပါ။ ကလေးငယ်များ ကစားရန် သံဖရိန်ဖြင့် ပြုလုပ်ထားသည့် လျှောတစ်ခုကိုလည်း ထားပေးထားသေးသည်။ သို့သော် ဆလုံမော်ကင်းကလေးများက ယင်းလျှောပေါ်တွင် မတွေ့ရ။ အားလုံးမှာ သူတို့ ဆော့ကစားနေကြ သဘာဝသဲခုံပေါ်တွင်သာ ထိုင်ကစားနေသည်။ “ရွာကနောက်ဆို ဒီထက်မကတိုး တက်လာဖို့ပဲ ရှိတယ်” ဟု ယင်းရွာတွင် နှစ်ပေါင်းသုံးဆယ်ခန့် နေထိုင်လာသည့် ကျေးရွာတာဝန်ခံ ဦးသိန်းဇံက ပြောသည်။ ဆလုံ သင်္ချိုင်းနေရာ […]

လတ်စားလိုက်

diz_admin

July 6, 2020

မိုးဦးကျခါစအချိန်ဆိုလျှင် ကရင် တိုင်းရင်းသားအချို့ တောင်ယာစပါး စိုက်ရန် စိုင်းပြင်းကြလေပြီ။ ယင်းသို့ တောင်ယာ စိုက်ပျိုးကြသူများအထဲတွင် ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ ကျေးဇူး တော်ကျေးရွာမှ ကရင်တိုင်းရင်းသားများလည်း အပါအဝင် ဖြစ်သည်။ တနင်္သာရီတိုင်းတွင်းရှိ ကရင်တိုင်း ရင်းသားအချို့ ရှေးယခင်ကနေ ယနေ့ အချိန်အထိ လက်ဆင့်ကမ်းကျင့်သုံးနေဆဲဖြစ်သည့် တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီတတ်သော ဓလေ့တစ်ခုကို တောင်ယာစပါး စိုက်ပျိုးချိန်တွင် တွေ့မြင်နိုင်သည်။ ထိုဓလေ့ကို ကျေးဇူးတော်ရွာသားများက လတ်စားလိုက်ခြင်း (လက်စား လိုက်ခြင်း)ဟု ခေါ်ကြသည်။ လတ်စာလိုက်ခြင်းမှာ တစ်ဦး၏အလုပ်ကို အခြားတစ်ဦးက အလှည့်ကျဝိုင်းကူလုပ်ပေးခြင်း ဖြစ်သည်။ “ကျွန်မစပါးထိုးတယ်ဆိုရင် သူလဲ ကျွန်မဆီလာပြီးတော့ သူ့စပါးထိုးရင် ကျွန်မက သူ့ဆီသွား အဲလိုလုပ်တာပေါ့ နော်။ တစ်ယောက်နဲ့တစ်ယောက် အဲလိုပဲ လိုက်လုပ်ကူကြတယ်” ဟု ကျေးဇူးတော်ရွာသူ နော်ကပေါ်မူးက ဆိုသည်။ […]

မီးကြိုက် ခြခြောင်း

diz_admin

July 1, 2020

မိုးတစ်ဖြိုက်နှစ်ဖြိုက် ရွာလိုက်သည်နှင့် ပလူကောင် (ထားဝယ်အခါ် ခြခြောင်း)တို့ ထွက်ကြလေပြီ။ ခြခြောင်းတို့ စထွက်လာသည်က မီးထွန်းစ ညဦးမှအစ ညလုံးပေါက်နီးပါး ဖြစ်ပါသည်။ မီးထွန်း၊ မီးဖွင့်လိုက်သည်နှင့် မီးကို တိုးဝှေ့ပျံသန်းကြတော့သည်။ မီးကိုတိုးကာ သေဆုံးကြသည်အထိ ခြခြောင်းများ မီးကြိုက်လှသည်။ “ဟိုတုန်းက ရေနံဆီမီးခွက်တို့ ဖယောင်းတိုင်တို့မှာ လာတိုးပြီးသေကြတယ်။ ဒါကြောင့် စကားပုံပေါ်လာတာပေါ့။ ပိုးဖလံမျိုးမီးကိုတိုး ကိုယ်ကျိုးနည်းလိမ့်မယ် ဆိုပြီးတော့ပေါ့” ဟု ဦးအင်ရှိန်က ပြောသည်။ မြို့သစ်ရပ် မြိတ်မြို့ အသက် ၇၂ နှစ်အရွယ် ဦးအင်ရှိန်၏အဆိုအရ မိုးတစ်ဖြိုက်နှစ်ဖြိုက်တွင်အပူနှင့်အအေး တိုးတိုက်မိပြီး ခြခြောင်းတို့ မြေတွင်းအတွင်း မနေနိုင်တော့ဘဲ အပြင်ကိုထွက်ကြရာ အပြင်အရောက်တွင် မီးကို တိုးကြခြင်း ဖြစ်ပါသည်။ “သူတို့ကမီးအလင်းရောင်ကို တအားကြိုက်တယ်။ မီးဆို ဘာမီးမဆို အကုန်လာကြတယ်” ဟု ဦးအင်ရှိန်က […]

အိမ်ဆောက်ကြရာဝယ်

diz_admin

June 1, 2020

“တန်ခူးလမှာ အိမ်ဆောက်ခါ ချမ်းသာပြညြွ့်ကယ်ဝ။ ကဆုန်လကား ဆန်စပါး ပေါများတတ်လှ။ ဝါခေါင် လမှာ အိမ်ဆောက်ခါ ဥစ္စာတိုးပွားရ။ နတ်တော်လတွင် အိမ်ဆောက်လျှင် ပေါ်ထင်ကျော်ဇောစွ။ ပြာသိုလမှာ လူတကာ များစွာချီးမွမ်းရ။ တပေါင်းလ ဝယ် ချမ်းသြွာကယ် ဆောင်ဖွယ်ဤ ခြောက်လ။” ရှေးမူဟောင်း အိမ်ဆောက်လရွေး နည်း ဖြစ်ပါသည်။ အိမ်ဆောက်သည့် လက်သမားဆရာ အတော်များများ အလွတ်ရနေသော စာဆို ဖြစ်ပါသည်။ လက်သမားလုပ်သက် အနှစ် ၂၀ ကျော်ပြီဖြစ်သည့် ထားဝယ်မြို့ ဝဲကျွန်း ရပ်နေ ဦးလူပုကတော့ အိမ်ဆောက်အများ ဆုံးလမှာ တပေါင်းလဟု ဆိုပါသည်။ နေ့ကိုတော့ ရက်ရာဇာ ရွေးကြပြီး အထူး သဖြင့် တပေါင်းလပြည့်နေ့ကို ပိုရွေး ကြကြောင်း ဦးလူပုက ပြောသည်။ “တပေါင်းလပြည့်နေ့ကိုမှ သုံးနှစ် […]

ကိုရိုနာညောင်ရေ

diz_admin

May 11, 2020

“ကဆုန်လ ညောင်ရေသွန်းပွဲ”ကဆုန်လပြည့်နေ့တိုင်း ဘုရားနှင့် ညောင်ပင်အား ရေသွန်းကြသည်က ရာစု နှစ်ချီခဲ့ပြီ။ ဗုဒ္ဓဘုရားရှင်၏ အသုံးအဆောင် ပရိဘောဂစေတီ ဗောဓိညောင်ပင် ရေသွန်း လောင်းပွဲက အရပ်ဒေသအသီးသီးတွင် ဆင်နွှဲသည့်ပွဲတော် ဖြစ်သည်။ အချို့က သူ့အရပ်နှင့်သူ့ဇာတ် ပျော်ပွဲ၊ ရွှင်ပွဲများထည့်သွင်းကျင်းပကြသည်။ အချို့ရပ်ရွာများတွင်ကား မိမိတို့ ရပ်ရွာ၏ ရာဇဝင်များ၊ ရိုးရာဓလေ့များကို ပုံဖော်ကြ၊ ကပြဖျော်ဖြေကြသည်။ ယခုတော့ အဖြစ်က မနှစ်ကနှင့်ပင် မတူတော့ပါ။ ကိုရိုနာရောဂါပိုးက ဖြစ်နေ၊ ရှိနေကျ ထုံးတမ်းအစဉ်အလာ အားလုံးကို ယူသွားပြီ။ သင်္ကြန်ကိုလည်း အလွတ်မပေးသကဲ့သို့ ကဆုန်ညောင်ရေ သွန်းပွဲလည်း မချန်ပါ။ တစ်နှစ်တစ်ခါ လည်သာ ရှိသေးသော်လည်း မှတ်မှတ် ရရ ပြန်ပြောင်းပြောစရာများပင် ဖြစ်နေ တော့သည်။ တနင်္သာရီတိုင်း၏ အချို့ဒေသ ညောင်ရေသွန်းပွဲတော်များ၏ စည်ချက် ကား […]