BREAKING
December 3, 2024

ဓလေ့/သမိုင်း

ကပ်ဘေးအတွင်းက အမေ့ခံမူကြိုဆရာမများ

diz_admin

October 15, 2020

လကုန်ရက်ရောက်ခါနီးလာပြီဆိုရင် မူကြိုဆရာမ ဒေါ်ပပသွယ်တစ်ယောက် စက်ချုပ်ခုံမှာထိုင်ရင်း သူများတွေ လစာ ထုတ်သွားနေကြတာကို အားကျနေမိပါ တယ်။ သူကိုယ်တိုင်ကတော့ လစာမထုတ်ရတာ ခုနစ်လလောက်ရှိနေပါပြီ။ ကိုဗစ် ကပ်ဘေးကြောင့် တက္ကသိုလ်တွေ၊ အခြေခံ ကျောင်းတွေနဲ့အတူ သူတို့ရဲ့ မူကြို ကျောင်းပါ ပိတ်ထားလိုက်ရဆိုတော့ သူလည်း လစာမရတော့ပါဘူး။ ဒေါ်ပပသွယ်တို့ရဲ့ မူကြိုကျောင်းက ကိုယ်ထူကိုယ်ထတည်ထောင်ထားတာဖြစ် လို့ ဆရာမတွေဟာ အစိုးရကပေးတဲ့ လစာကိုမရကြပါဘူး။ မူကြိုကျောင်းသား တွေဆီက ကောက်ခံတဲ့ငွေနဲ့ ရပ်ရွာအတွင်း အလှူခံပြီးရတဲ့ငွေနဲ့ သူတို့ကို လစာအဖြစ် ရပ်ရွာက ပေးထားကြတာပါ။ ဒေါ်ပပသွယ်က လောင်းလုံးမြို့နယ် ပြင်းထိန်ရွာသူဖြစ်ပါတယ်။ သူတို့မူကြို ကျောင်းမှာ ကျောင်းသား သုံးဆယ်ရှိပြီးတော့ ဆရာမနှစ်ယောက်က သင်ပေးနေ တာဖြစ်ပါတယ်။ ရပ်ရွာကရော၊ သူ့ကိုယ်သူပါ အဖြူ နဲ့ အနက်ပြာအရောင်ဝတ် ဆရာမတစ် […]

အွန်လိုင်းကနေ ဈေးရောင်းမယ်

diz_admin

October 9, 2020

လက်ဖက်ရည်ဆိုင်လေးဖွင့်ထားတဲ့ မမို့မို့ တစ်ယောက် အွန်လိုင်းကနေ အသီးစုံအသုပ်တွေ ရောင်းနေတာ တစ်လကျော်လောက် ရှိနေပါပြီ။ ကိုဗစ်ကပ်ရောဂါကြောင့် စားသောက်ဆိုင်တွေ ပါဆယ်သာ ရောင်းရတော့မယ်လို့ အစိုးရက သတ်မှတ်လိုက်တာကြောင့် မမို့မို့တို့ လက်ဖက်ရည်ဆိုင်လေးက အရောင်းအဝယ် အေးသွားခဲ့ပါတယ်။ အရောင်းအဝယ် အေးသွားနေတာကို သူ့အနေနဲ့ ဒီအတိုင်း ထိုင်ကြည့်နေလို့ မဖြစ်ပါဘူး။ သမုဒ္ဒရာဝမ်းတစ်ထွာဆိုတဲ့အတိုင်းပဲ အချိန်တန်လာရင် ဗိုက်က ဆာလောင်လာတာပါပဲ။ အဲဒါကြောင့် ဆိုင်အရောင်းအဝယ်ပါးနေချိန်မှာ တစ်ဖက်တစ်လမ်းက ဝင်ငွေရပါစေဆိုပြီး အွန်လိုင်း ဈေးဆိုင်ကလေးကို ဖွင့်လှစ်ဖို့ စိတ်ကူးရပါတော့တယ်။ အသီးစုံအသုပ်တွေ ရောင်းမယ်လို့လည်း တွေးလိုက်ပါတယ်။ “သူများတွေရောင်းတာနဲ့မတူတဲ့ဟာလေး ရောင်းမယ်ဆိုပြီးတော့ပေါ့။ ဒီအသီးသုပ်ကတော့ ဘယ်သူမှမရောင်းဘူးလေ။ ကိုယ်က စမ်းပြီးထ လုပ်လိုက်တာ” လို့ မမို့မို့ကဆိုပါတယ်။ သူ့လက်ဖက်ရည်ဆိုင်က ထားဝယ်မြို့၊ ကျောက်မော်ကြီးရပ်ကွက်၊ ကားလမ်းမဘေးမှာရှိပါတယ်။ ကိုဗစ်ကပ်ရောဂါဟာ သမားရိုးကျဈေးရောင်း ချတာတွေကို […]

ဆေးမိ ပင်လယ်

diz_admin

October 2, 2020

တိုင်းအတွင်း ကျေးရွာပေါင်း ရာချီရှိသည့် ပင်လယ်ရွာကလေးများမှာ လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုနီးပါးကစပြီး အရင်လိုမဟုတ်တော့။ ဆားငန်ဓာတ်ပါပြီး သန့်ရှင်းလတ်ဆတ်သည့် ပင်လယ်လေကို သူတို့ ရှူရှိုက်နေခဲ့သည်မှာ ဟိုး ရှေးပဝေသဏီကတည်းက ဖြစ်သည်။ ယခုမူ ပင်လယ်ပြင်ကိုယ်တိုင်ကမူ မူးယစ် ဆေး၏ သားကောင်ဖြစ်နေခဲ့ပြီ။ ပင်လယ်မှလာသော လေလတ်လတ်ဆတ်ဆတ်ထက် မြင်းဆေး သို့မဟုတ် ရာဘခေါ် WY နှင့် အခြားသောမူးယစ်ဆေးတို့မှ ထွက်လာသည့် အငွေ့အသက်ကိုသာ ရှူရှိုက်ရန် အားထုတ်နေကြသူများက မနည်းမနော။ အထူးသဖြင့် လူငယ်ထုအတွင်း ထိုသို့ဖြစ်လာသည်မှာ ကြောက်ခမန်းလိလိဖြစ်သည်။ ပို၍ စိုးရိမ်ဖွယ်ရာဖြစ်နေသည်မှာ တစ်နိုင်ငံလုံးတွင် လူဦးရေ ထောင်ဂဏန်းမျှသာကျန်ရှိသော ပင်လယ်ပျော် မော်ကင်း ဆလုံလူမျိုးများ၏ အသိုက်အဝန်းတွင်ပါ မူးယစ်ဆေးက ပျံ့နှံ့လာခြင်း ဖြစ်သည်။ “လူမျိုးပြုန်းတော့ မလောက်အောင်ကို ဒီမူးယစ်ဆေးက တော်တော်လေးကို ဖောင်းပွနေပါပြီ” […]

ကိုဗစ်ကာလ ကျောင်းပိတ်ရက်များ

diz_admin

September 27, 2020

ကျောင်းဖွင့်ရာသီဖြစ်ပေမဲ့ ဟိုနေရာဒီနေရာတွေမှာ ကလေးတွေ ကစားနေကြတာကို တွေ့နိုင်ပါတယ်။ ဒါဟာ အရင်ရှိနေကျ မြင်ကွင်းတွေနဲ့ မတူတဲ့ မြင်ကွင်းဖြစ်ပါတယ်။ထားဝယ်မြို့၊ ကရပ်ပြင်ရပ်ကွက် ရှင်ကြီးအိမ်နားက အိမ်ခြံဝင်းလေးထဲကြည့်လိုက်တော့ အသက် ၁၂ နှစ်သာသာ မိန်းကလေးငယ်လေးနှစ်ယောက် ရေတွင်းနားမှာ ကစားနေကြတာကို လှမ်းမြင်နေရပါတယ်။ အရင်နှစ်က အခုအချိန်ဆိုရင် သူတို့ဟာ ပုံမှန် ကျောင်းတက်နေကြရတာပါ။ ကျောင်းဆင်းတာနဲ့ ရေမိုး မချိုးအားမီ ကျူရှင်ကို အပြေးတစ်ပိုင်းသွား ကြရသေးတဲ့သူတွေပါ။ ဒီနှစ်တော့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် တစ်နိုင်ငံလုံးက ကျောင်းတွေကို ပိတ်ထားရတာမို့ “အဲလိုပဲ စားလိုက် အိပ်လိုက် TV ကြည့်လိုက်၊ ကစားလိုက်ပေါ့” လို့ အဖွားဖြစ်သူက ပြောပါတယ်။ “ဖုန်းရှိတယ်ဆိုတော့ ဂိမ်းနှိပ် ကစားမယ်။ မားမားရုပ်တွေ ဝယ်ကစားမယ် အဲဒါပဲရှိတယ်” လို့ အဖွားဖြစ်သူက ဆိုပါတယ်။ […]

လစာမဲ့ အမျိုးသမီးအုပ်ချုပ်ရေးမှူး သို့မဟုတ် ဇောတိကဖွတ်မ

diz_admin

September 18, 2020

ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးအများစု ဟာ အမျိုးသားတွေပါ။ ကိုဗစ်ကပ်ဘေးကြောင့် အမျိုးသားအုပ်ချုပ်ရေးမှူးတွေ လူပင်ပန်း၊ စိတ်နွမ်းနေကြလို့ ညည်းညူနေကြတဲ့အချိန်မှာပဲ အမျိုးသမီးတစ်ဦးကတော့ လစာမရဘဲနဲ့ အုပ်ချုပ်ရေးမှူး တာဝန်ကို ရဲရဲဝံ့ဝံ့တာဝန်ယူလိုက်ပါတယ်။ အမျိုးသမီးတစ်ယောက် ဖြစ်နေတာရယ်၊ လစာမရတာရယ်ကြောင့် မလုပ်ဖို့ သူ့မိဘတွေက တားမြစ်ပေမဲ့လည်း သူကတော့ နားမထောင်ခဲ့ပါဘူး။ “ဒီနေရာကကျွန်မနဲ့ထိုက်တန်လို့ ကျွန်မဆီ ရောက်လာတာ။ ကျွန်မဆီ ရောက်လာတဲ့တာဝန် ကျွန်မနိုင်အောင်ထမ်းမယ်” လို့ သူက ဆိုပါတယ်။ ကိုဗစ် ၁၉ ရောဂါ အချင်းချင်းမကူးရလေအောင် သူ့နာမည်အရင်းက ဒေါ်ခင်ချိုခိုင်။ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်က ရငဲကျေးရွာရဲ့ အုပ်ချုပ်ရေးမှူးဖြစ်ပါတယ်။ ရပ်ရွာကလူတွေကတော့ လေးလေး လို့ပဲသိတာများပါတယ်။ သူ့မှာ ရပ်ရွာက ချစ်စနိုးနဲ့ ကင်ပွန်းတပ်ပေးထားတဲ့ နောက်ထပ် နာမည်ပြောင်ဘွဲ့တစ်ခုလည်း ရှိသေးတယ်။ ဇောတိက ဖွတ်မတဲ့။ ဇောတိကဖွတ်မဆိုတဲ့နာမည်က စိတ်ဝင်စားစရာပါ။ […]

ကိုဗစ်ကာလ ဧည့်လမ်းညွှန်မှ ပလာတာသည်ဘဝ

diz_admin

September 8, 2020

ကိုဗစ်ကပ်ဘေးက လူထုလူတန်း စားအလွှာစုံရှိ နေ့စဉ်လုပ်ကိုင် စားသောက်နေသည့် ဘဝများကို ရိုက်ချိုး လိုက်သည်။ ခရီးသွားလုပ်ငန်းက အခြားစီးပွားရေးလုပ်ငန်းများထက် ပိုပြီး ထိချင်ပြင်းခဲ့သည်။ အင်္ဂလိပ်နှင့် ထိုင်းဧည့်လမ်းညွှန် တစ်ဦးဖြစ်သည့် ကိုတင်နိုင်သည် ဧည့်လမ်းညွှန်လုပ်ရင်း ခရီးသွားကုမ္ပဏီတစ်ခု တည်ထောင်နိုင်ခဲ့သည်အထိ အောင်မြင်ခဲ့သူဖြစ်သည်။ ယခုမူ သူက လမ်းဘေးတွင် ပလာတာရောင်းရင်း ဘဝကို ရပ်တည်နေရသည်။ ထားဝယ်မြို့ ပခုက္ကူဘုန်းတော်ကြီး ကျောင်းအနောက်ဘက် လမ်းထောင့်နေရာတွင် သူ့ဆိုင်ကို တွေ့နိုင်မည်ဖြစ်သည်။ လမ်းထောင့်နေရာတွင် သူ၏ ယာယီဆိုင်ကလေးကို သေသေသပ်သပ် ဆောက်ထားပြီး တိုင်များကို အုန်းဆံကြိုးများဖြင့် ပတ်ကာ အလှဆင်ထားသည်။ “ဘယ်သူမှ (သက်ဆိုင်ရာဌာန) လည်း ထောက်ပံ့ပေးတဲ့သူမရှိဘူး။ ကိုယ့်ဘဝကိုရပ်တည်ပြီး ကိုယ့်ဟာကို ရုန်းမှရမယ်ဆိုပြီး ဆိုင်ဖွင့်လိုက်တာ” ဟု ကိုတင်နိုင်က ရင်ဖွင့်သည်။ ၎င်း ဧည့်လမ်းညွှန်စလုပ်သည့် ၂၀၁၀ […]

ဆေးသမား မိန်းမ

diz_admin

September 2, 2020

ဝါးခှမွးပှားမှှ ပိနလွှီနသညွေ့ ခနဓြာကိုယဖွှငွ့ တဈလမွးဝငွ တဈလမွးထှကွ ဈေးအောရွောငွးနသညွေ။ ခေါင်းပေါ်ရွက်ထားသည့် ဇလုံအတွင်းတွင် ထက်ခြမ်းခွဲထားသည့် ဖြူဖြူ ဖွေးဖွေး ဓနိသီးများ။ သူ့အမည်က “မိအေး”။(မှတ် ချက်။ ။ မိအေးသည် နာမည်အမှန် မဟုတ်ပါ။) အသက်က ၃၇ နှစ် ရှိကာ လူမမယ် သားသမီး ခြောက်ဦးရှိပြီး အလုပ်မျိုးစုံလုပ်ကာ ရှာဖွေကျွေးမွေးနေသူ ဖြစ်သည်။ ဆေးသမား၏ ဇနီးမယားအဖြစ် အသက်မွေးဝမ်းကျောင်းပြုရသည်မှာ မျက်နှာငယ်စရာ။ ထိုအကြောင်းများကို ပြန်ပြောင်းပြောဆိုရသည်ကလည်း ဝမ်းနည်းညှိုးငယ်စရာ ဖြစ်သည်။ လွန်ခဲ့သည့် ငါးနှစ်ခန့်ကဆိုလျှင် ယခုလို ပင်ပင်ပန်းပန်း လုပ်ကိုင်ရှာဖွေ နေရန် မလိုခဲ့။ ခင်ပွန်းက ငါးဖမ်းလှေလိုက် သို့မဟုတ် တက္ကစီမောင်းပြီး ရှာပေးသည့် ဝင်ငွေဖြင့် သင့်တင့်မျှတစွာ နေလို့ရသည်။ ယခုအချိန်တွင်တော့ ခင်ပွန်းမှာ ဆေးမှုဖြင့် […]

ကိုဗစ်ကာလ စက်ချုပ်သမ

diz_admin

August 24, 2020

၁၂ လရာသီအလိုက် ပွဲတော်များအပြင် ရာသီအလိုက် ပြုလုပ်ကြတဲ့ အလှူအတန်းနဲ့ မင်္ဂလာဆောင်တွေဆီက လော်စပီကာနဲ့ဖွင့်တဲ့ သီချင်းသံတွေ၊ ဆိုင်းသံ၊ ဗုံသံ၊ အိုးစည်၊ ဒိုးပတ်သံတွေကို ခြိမ့်ခြိမ့်သည်းအောင် အသံကုန်ဖွင့်ကြတာဟာ နှလုံးသားတစ်ခုလုံး တဒုန်းဒုန်းနဲ့ သိမ့်ခနဲ သိမ့်ခနဲ တုန်ခါသွားစေတဲ့ အထိပါပဲ။ အဲသလို ရာသီအလိုက် ပြုလုပ်ကြ တဲ့ ပွဲလမ်းသဘင်နဲ့ အလှူအတန်း၊ သွားလမ်း၊ လာလမ်းတွေမှာ မိတ်သင်္ဂဟ တွေနဲ့ သူအပြိုင် ကိုယ်အပြိုင် ဝမ်းဆက် ကိုယ်စီနဲ့ လှချင်တိုင်းလှနေကြတာကတော့ ကလေး၊ လူကြီး၊ အမျိုးသမီး၊ အမျိုးသား အလွှာပေါင်းစုံက အရွယ်အစုံ ပါပဲ။ ဒီလို ပွဲလမ်းသဘင်နဲ့ အခမ်းအနားတွေဟာ ကိုယ့်ရွာမှာလည်းရှိသလို သူ့ရွာ ကိုယ့်ရွာ အပြန်အလှန်သွားကြရတာလည်း ရှိကြတာမို့ ကိုယ်တက်မယ့်ပွဲနဲ့ကိုက်ညီမယ့် အဝတ်အစားကို ကြိုတင်အပ်ပြီး ချုပ်ကြရတာပါ။ […]