BREAKING
December 22, 2024

ဓလေ့/သမိုင်း

ဆိုင်ကယ်နဲ့ စပါးနယ်ကြပြီ

diz_admin

December 10, 2020

ဆိုင်ကယ်ကို သွားရေး၊ လာရေး၊ ကုန်ပစ္စည်းသယ်တာတွေမှာ သုံးကြပေမဲ့ စပါးနယ်ဖို့နေရာမှာ သုံးဖို့ကိုတော့ တော်တော်များများက စိတ်ကူးမိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ထားဝယ်ခရိုင်၊ ရေဖြူမြို့ နယ်က ကင်းချောင်းရွာက တလင်းမှာတော့ နွားမောင်းသံအစား ဆိုင်ကယ် စက်သံတွေက အစားထိုးနေရာယူသွားပါပြီ။ သူတို့အတွက်ကတော့ ဆိုင်ကယ်ဟာ သွားလာရေး၊ ကုန်ပစ္စည်းသယ်ယူ ရေးအပြင် စပါးနယ်တဲ့နေရာမှာပါ အသုံးဝင်နေပါတယ်။ အဲဒီလို ဆိုင်ကယ်နဲ့စပါးနယ်ဖို့ စလုပ်တဲ့သူက ကင်းချောင်းရွာက ကရင် တိုင်းရင်းသား စောအယ်ဝါးဖြစ်ပါတယ်။ ဒီနှစ်မှာ စလုပ်တာပါ။ “နွားနဲ့ နယ်မယ်ဆို စောင့်နေရတာ ကြာတယ်။ ကျွန်တော်တို့ရွာမှာက နွားတွေကရှားသွားပြီ။ အဲဒါကြောင့် ဘယ်လို လုပ်ရမလဲလို့ ရှာကြံရင်းနဲ့ ဆိုင်ကယ်နဲ့ နယ်မယ်ဆိုပြီး ကျွန်တော်ပဲ စလုပ်လိုက်တာ” ဟု စောအယ်ဝါးက ပြောပါတယ်။ ဆိုင်ကယ်အဟောင်း သုံးစီးလောက်နဲ့ တလင်းမှာ […]

ဈေးတောင်းရွက်သမ

diz_admin

December 3, 2020

အမျိုးသားတွေတောင် မနိုင်တဲ့ အထုပ်အပိုးပစ္စည်းတွေကို အမျိုးသမီးတွေက အသာလေး ထမ်းပိုးနေကြပါတယ်။ သူတို့ဟာ ဈေးရောင်း၊ ဈေးဝယ်သူတွေရဲ့ ရောင်းကုန်ပစ္စည်းတွေ၊ ပိဿာချိန် ၇၀ လောက်ရှိတဲ့ ငါးခြောက်အိတ်တွေကို ခေါင်းပေါ်ရွက်ပြီး လိုအပ်တဲ့ နေရာအရောက် ပို့ဆောင်ပေးရတဲ့ ဈေးတောင်းရွက် သမတွေပဲ ဖြစ်ပါတယ်။ ထားဝယ်စည်ပင်သာယာဈေးကြီးထဲမှာ ဒီလိုအလေးအပင်ပစ္စည်းတွေ ထမ်းပိုးရတာက သူတို့အတွက်တော့ နိစ္စဓူဝလုပ်နေရတဲ့ ထမင်းစား၊ ရေသောက် အလုပ်ပဲဖြစ်ပါတယ်။ ဈေးတောင်းရွက်သမတွေဟာ မနက်စောစောဆို လုပ်ငန်းခွင်ဖြစ်တဲ့ ဈေးကိုလာပြီး အထုပ်သယ်ခိုင်းမယ့် ဖောက်သည်ကို မျှော်ကြပါတယ်။ နယ်ဘက်ကနေ မြို့ကိုလာရောက်ပြီး ဈေးဝယ်တဲ့ဖောက်သည်တွေရဲ့ ဝယ်ယူပြီးပစ္စည်းတွေကို ဈေးထဲကနေ လိုင်းကားတွေဆီ ဒါမှမဟုတ် ဈေးပေါက်ဝ အထိ ပစ္စည်းအထုပ်တွေကို သယ်ယူပို့ ဆောင်ပေးကြရတာပါ။ စည်ပင်ဈေးထဲကနေ ဈေးပေါက်ဝအထိ ပစ္စည်းတစ်ထုပ် ပို့ပေးတာမှ တစ်ခေါက်ကို ဝန်ဆောင်ခဖြစ် ကျပ် […]

ဘုံပျောက်၊ ဗိုက်မှောက်နေရတဲ့ ကိုဗစ်ကာလ ဇာတ်သမားများ

diz_admin

November 26, 2020

ကိုဗစ်ကာလထဲမှာ ထားဝယ်မြို့ နယ်သဘင်အစည်းအရုံးဟာ ဒုက္ခသည် ကယ်ဆယ်ရေးစခန်းတစ်ခုလားလို့ တောင် ထင်စရာဖြစ်ပါတယ်။ အစည်းအရုံးရဲ့ ခြံဝင်းထဲ စဝင်ဝင်ချင်းမှာ ရုံးရဲ့ဝရန်တာမှာ ကလေးပုခက်လွှဲနေတဲ့ အသက် ၉၀ ကျော်အဖွားတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ အဲဒီ နေရာက လူတစ်ယောက်ကျောတစ်ခင်းစာလောက်သာ ကျယ်တာပါ။ မေးကြည့်တော့ လူနှစ်ယောက်အိပ်တဲ့နေရာတဲ့။ သူ့နဲ့မျက်နှာချင်းဆိုင်မြေကြီးပေါ်မှာတော့ ဇာတ်ပွဲသုံး သံသေတ္တာတွေ၊ မီးဖိုချောင်သုံး အိုးခွက်တွေက အမြင့် ငါးပေလောက်ရှိတဲ့ သဘင်းအစည်းအရုံးရဲ့ ခြံစည်ရိုးထက်တောင်မြင့်နေပါသေးတယ်။ အဲဒီနေရာမှာက သူတို့ရဲ့မီးဖိုချောင်။ အဲဒီဘေးမှာက အမျိုးသားတစ်ဦးက တဗွမ်းဗွမ်းနဲ့ ရေချိုးနေပါတယ်။ သဘင်အစည်းအရုံးအဆောက်အဦးရဲ့ ဘေးဘယ်ညာနှစ်ဘက်စလုံးမှာရှိတဲ့ လူနေလို့ရတဲ့နေရာတွေဖြစ်တဲ့ ဝရန်တာ၊ ပစ္စည်းထားခန်းတွေမှာ ဖြစ်သလို နေနေကြတဲ့ ကလေးလူကြီး တစ်ဆယ် ကျော်လောက်ကို တွေ့ရပါတယ်။ အမိုးနဲ့ အခင်းကလွဲပြီး အကာမရှိပါဘူး။ “အခုဆိုရင် လေတိုက်လည်းနေ။ မိုးလင်း ငါးနာရီထိုးတာနဲ့ […]

တနင်္သာရီရိုးရာ နဂါးရံ ဖောင်တော်စကြာမျှော ဓလေ့

diz_admin

November 21, 2020

လူမျိုး တစ်မျိုးဟု သတ်မှတ်ချက်တွင် အစဉ်အဆက် လက်ခံကျင့်သုံးသော ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင် ရိုးရာဓလေ့ ထုံးတမ်းများ ပိုင်ဆိုင်မှု၊ ဘာသာစကား အယူအဆနှင့် လူမျိုးဖြစ်တည်မှု အစဉ်အလာ သမိုင်းကြောင်းများ အရင်း အမြစ်ခိုင်မာစွာ ဆင်းသက်တည်ရှိမှုက အထူးပင် အရေးပါသော အခြေခံ ကျောထောက်နောက်ခံပင်ဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော်- ပိုင်ဆိုင်ထားသော ယဉ်ကျေးမှုသမိုင်း အထောက်အထားများ၊ သက်သေပြနိုင်စရာ ဒြပ်ရှိဒြပ်မဲ့ ယဉ်ကျေးမှုများဖြစ်သော ရှေးဟောင်း အမွေအနှစ်ပိုင်ဆိုင်မှုနှင့် ရိုးရာဓလေ့ ထုံးတမ်းဖြစ်တည်မှုစသည့် အချက်အလက်များသာ မခိုင်မာလျှင်၊ လက်ရှိ အနေအထားတွင် ပြစရာတစ်ခုမှ မရှိတော့လျှင်၊ ယဉ်ကျေးမှုချစ်စိတ်ဖြင့် တန်ဖိုးထား ထိန်းသိမ်း စောင့်ရှောက်မှုမရှိလျှင် ခေတ်အဆက်ဆက် ယဉ်ကျေးမှုသမိုင်းအစဉ်အလာ တန်ဖိုးမြင့်မားစွာ ရှင်သန်နေထိုင်လာသော လူမျိုးတစ်မျိုးအဖြစ် ဂုဏ်ယူ ဝင့်ကြွား ရပ်တည်နိုင်စွမ်းရှိမည်မဟုတ်ချေ၊ ထို့ကြောင့် လူမျိုးတစ်မျိုးအနေဖြင့် အစဉ်အဆက် ဂုဏ်ယူနိုင်ဖို့ဆိုရာတွင် […]

ပိုက်ဆံကိုင်ခွင့်မရတဲ့ တံငါရွာ

diz_admin

November 19, 2020

လူတစ်ဦး၊ မိသားစုတစ်စုတွင်မက တစ်ရွာလုံး ပိုက်ဆံမရှိဘဲ ရပ်တည်နေထိုင်သည့် ရွာတစ်ရွာမှာ တနင်္သာရီတိုင်းအတွင်း ရှိနေသည်။ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစု မြို့နယ်အတွင်းရှိ ရေမြစ်ကြီးကျေးရွာအုပ်စုတွင် ယင်းရွာရှိနေသည်။ အမည်က “ဒုံးဆွေသန်းကျေးရွာ”။ ဒုံးကျွန်းအုပ်စုအတွင်း ဒုံးပုလဲအော်၊ ဒုံးညောင်မှိုင်း၊ ဒုံးဒဟွန်း စသည့်ကျေးရွာ အမည်များ ရှိကြသည်ကို လူအများက သိကြသည်။ သို့သော် “ဒုံးဆွေသန်းကျေးရွာ” ဟု ရွာလှေဆိပ်တွင် ဆိုင်းဘုတ်ကြီးတင်ထားသော်လည်း သူ့ရွာအမည်ကို လူအများ သိပ်မကြားဖူးကြ။ သည်ရွာကို ဦးဆွေသန်းဆိုသူက လွန်ခဲ့သည့် နှစ်ပေါင်းလေးဆယ်ကျော် ကတည်းက တည်ထောင်ခဲ့ပြီး လက်ရှိအချိန်တွင် အိမ်ခြေတစ်ရာနီးပါးပင် ရှိလာနေပြီဖြစ်သည်။ ယင်းရွာတွင် လက်ရှိနေထိုင်နေကြသူ အားလုံးက တခြားဒေသများမှ လာရောက်လုပ်ကိုင်ပြီး အခြေချနေထိုင် သူများဖြစ်ကြသည်။ သို့သော် ဦးဆွေသန်းမှာ ဆုံးပါးသွားခဲ့ပြီ ဖြစ်သည်။ ၎င်းအစား သမီးဖြစ်သူက […]

အိုးသူကြီး

diz_admin

November 11, 2020

အိုးသူကြီးဖြစ်တဲ့ ဒေါ်အင်ပို တစ်ယောက် မီးအပူမခံရတော့တာ၊ ဆီအညှော်မခံရတော့တာ၊ ညည အိပ်ရေးမပျက်တော့တာ နှစ်နှစ်လောက်ရှိနေ ပါပြီပကော။ အလှူရှင်အချို့ဟာ သူတို့အလှူမှာ ကရိကထမများချင်လို့ အဆင်သင့် ချက်ပြုတ်ပြီး လာပို့တဲ့ အစားအသောက်တွေကို အော်ဒါမှာလာတာကြောင့် အိုးသူကြီးတွေ အနားရလာကြပါတယ်။ များသောအားဖြင့် အလှူတွေမှာ မနက်ပိုင်းဆိုရင် လက်ဖက်ရည်နဲ့ မုန့်၊ နေ့လယ်ကို ထမင်း ရိုးရိုးလေးပဲ ကျွေးကြတာပါ။ အခုနောက်ပိုင်းမှာတော့ ကြက်ဆီထမင်း၊ ဒန်ပေါက်ထမင်းစတဲ့ အသစ်အဆန်းတွေကို မှာယူကျွေးမွေး လာကြပါတယ်။ အလှူမှာ ပရိသတ် တစ်ရာ၊ နှစ်ရာလောက်ပဲ ဖိတ်မယ်၊ အသစ်အဆန်းကိုလည်း ကျွေးချင်တယ်ဆိုရင်တော့ အလှူရှင်တွေက ကြက်ဆီထမင်း၊ ဒန်ပေါက် ထမင်းလိုမျိုး အဆင်သင့်အော်ဒါမှာပြီး ကျွေးလိုက်ကြတာများပါတယ်။ အဲဒါကို လောင်းလုံးဘက်က လူတွေကတော့ အမှာထည်လို့သုံးနှုန်းကြပါတယ်။ အဲဒီလို အော်ဒါမှာပြီးကျွေးတဲ့ပုံစံက လွန်ခဲ့တဲ့သုံးနှစ်ဝန်းကျင်လောက်ကတည်းက ထားဝယ်မြို့နဲ့ […]

ကိုဗစ်အောက်က သီတင်းကျွတ်

diz_admin

October 29, 2020

သီတင်းကျွတ်ပွဲတော် အချိန်ခါ ရောက်လာပါပြီ။ မနှစ်က ဒီလိုအချိန်ဆိုရင် ထားဝယ်မြို့ပေါ်နဲ့ ကျေးလက်တွေပါ သီတင်းကျွတ်ပွဲနွှဲဖို့ ပြင်ဆင်နေကြပါပြီ။ တချို့က သပိတ်မျှောပွဲကို သွားဖို့ ချိန်းတဲ့သူကချိန်း၊ စာလုံးပုံဖော်ပြီး ဆီမီးထွန်းဖို့ သူငယ်ချင်းတွေ စုတန်စု၊ မီးပုံးပျံပွဲသွားဖို့ ပူဆာတဲ့ကလေးက ပူဆာနဲ့ပေါ့။ ထားဝယ်မှာဆိုလည်း သပိတ်ကြီးတွေမျှောဖို့ သူ့ရပ်ကွက်နဲ့သူ အပြိုင်ပြင်ဆင်နေတဲ့သူကပြင်ဆင်နဲ့ သီတင်းကျွတ်အတွက် အလုပ်ကိုယ်စီရှုပ်လို့ပေါ့။ အခုတော့ အဲဒီလူငယ်တွေဟာ ကိုဗစ်ရောဂါတိုက်ဖျက်ရေးမှာ အလုပ်ရှုပ်နေကြရပါတယ်။ ကိုဗစ်-၁၉ ကပ်ဘေးကာလဆိုးထဲမှာ ကျင်းပရမယ့် သီတင်းကျွတ်ပွဲတော် အခါသမယဟာ အရင်နှစ်တွေနဲ့ မတူတော့ဘဲ အပြောင်းအလဲကြီး ပြောင်းလဲမယ့်အခြေအနေတွေ ရှိနေပါတယ်။ သီတင်းကျွတ်ဆိုရင်တော့ ထားဝယ်မှာတော့ သပိတ်မျှောပွဲရယ်၊ ဘုရားတွေမှာ စာလုံးပုံဖော် ဆီမီးထွန်း တာရယ်၊ မီးပုံးပျံကြီးတွေ လွှတ်တာရယ်တွေက ထင်ရှားပါတယ်။ ကျေးရွာတွေမှာဆိုရင် လမ်းတွေမှာ မီးထွန်းတာ၊ အဘိဓမ္မာရွတ်ဖတ်တာ၊ ပဋ္ဌာန်းဒေသနာတော်ရွတ်ဖတ်တာ၊ […]

ထားဝယ်အိုးလုပ်ငန်း၏ မှုန်ဝါးဝါးအနာဂတ်

diz_admin

October 22, 2020

ထားဝယ်ဒေသအိုးလုပ်ငန်းဟာ ရှေးခေတ်အဆက်ဆက်ကတည်းက လုပ်ကိုင်လာတဲ့ မိရိုးဖလာအိုးလုပ်ငန်း တစ်ခုပါ။ ရှေးယခင်ကတော့ မြေအိုး အသုံးပြုသူတွေများတာကြောင့် အိုးလုပ်ငန်းကို တွင်ကျယ်စွာလုပ်ကိုင်ခဲ့ကြရပါတယ်။ နောက်ပိုင်းမှာတော့ မြေအိုးနေရာမှာ ဒန်အိုး၊ ကြွေအိုး၊ စတီးအိုး၊ ပလပ် စတစ်ပစ္စည်းတွေနဲ့ လျှပ်စစ်ပစ္စည်းတွေ နေရာဝင်ယူလာကြရာကနေ အိုးလုပ်ငန်းဟာ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်လုနီး ဖြစ်လာခဲ့ပါတယ်။ အိုးအသုံးပြုသူနည်းလာတာ၊ အိုး လှန်းဖို့ နေရာအခက်အခဲရှိတာ စတဲ့ အကြောင်းတွေကြောင့် အိုးလုပ်ငန်းလုပ် ကိုင်သူတွေဟာ အခြားလုပ်ငန်းတွေကို ပြောင်းလဲလုပ်ကိုင်ခဲ့လာကြတယ်လို့ အိုးလုပ်ငန်းလုပ်ကိုင်သူ အချို့က ပြောပါတယ်။ အခုနှစ်မှာတော့ ကိုဗစ်ကပ်ဘေးက ထပ်ပြီး နှိပ်စက်လိုက်ပါတယ်။ကိုဗစ်ကပ်ဘေးကြောင့် သင်္ကြန်အိုးတွေလည်း မရောင်းရသလို သပိတ်အိုးနဲ့ ဆီမီးခွက်တွေရဲ့ ရောင်းအားကလည်း သုံးပုံ တစ်ပုံခန့် လျော့ကျသွားခဲ့ တယ်လို့ အိုးလုပ်ငန်းလုပ်ကိုင်နေသူ ဒေါ်ခင်သူဇာက ပြောပါတယ်။ “ငွေကလည်ပတ်ဖို့ အင်အားနည်း လာတယ်။ […]