BREAKING
November 21, 2024

ဓလေ့/သမိုင်း

အိမ်တွင်း အကြမ်းဖက်မှုအတွက် အကာအကွယ်

diz_admin

February 4, 2021

အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်မှု ခံရတဲ့အခါမှာ တရားဥပဒေရဲ့ အကာကွယ်ရယူဖို့ ခက်ခဲကြနေပါတယ်။ ၂၀၂၀ ခုနှစ်ထဲမှာ ရဲစခန်းကို တိုင်ကြားထားတဲ့ အမှုအရေအတွက်တွေက ဒီလို အခက်အခဲတွေ ကိုမီးမောင်းထိုးပြနေပါတယ်။ ရဲစခန်းကို ရောက်လာတဲ့ အမှုတွေနဲ့ အမျိုးသမီး အရေးလှုပ်ရှားတဲ့အဖွဲ့တွေကို ရောက်လာတဲ့ အမှုတွေကို နှိုင်းယှဉ်ကြည့်လိုက်ရင် သိသာပါတယ်။ ပြီးခဲ့တဲ့ နှစ်တစ်နှစ်လုံးမှာ မြို့နယ် ၁၀ မှာရှိတဲ့ သက်ဆိုင်ရာ ရဲစခန်းတွေကနေ တိုင်းရဲရုံးကို တက်လာ တဲ့အမှုအရေအတွက် ၁၈ မှုသာရှိပေမယ့် အမျိုးသမီး ရေးကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့တွေဖြစ်တဲ့ ထားဝယ်အမျိုးသမီးသမဂ္ဂနဲ့ မြိတ်အမျိုးသမီးများ အဖွဲ့ကို လာတိုင်တာအမှု ၈၀ ကျော်ရှိပါတယ်။ ဒါပေမယ့် လာတိုင်တဲ့သူတွေအပါအဝင် အိမ်တွင်းအကြမ်းဖက်ခံရသူတွေဟာ နောက်ဆုံးအဆင့် ထိ တရားဥပဒေအရ အဆုံးအဖြတ်ခံယူဖို့ လှမ်းနိုင်ခဲ့တဲ့သူ အနည်းစုသာ ရှိပါတယ်။ အိမ်တွင်းအကြမ်းဖက်ခံရမှုမှာ စိတ်ပိုင်းဆိုင်ရာ […]

အိမ်ဆောက်ခွင့် အိမ်ပြင်ခွင့်မရသည့် ရွာ

diz_admin

January 30, 2021

ထိုရွာတွင် နေအိမ်များပြိုကျလျှင် ပြန်ဆောက် ခွင့်မရသလို ပြန်ပြင်ခွင့်လည်းမရပါ။ ထိုသို့နှင့်ပင် အန္တရာယ်အကြားနေထိုင်ရသည်။ ယင်းကျေးရွာမှာ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ခန္တီကျေးရွာအုပ်စု အတွင်းရှိနေသည်။ ယင်းကျေးရွာသည် ပုလောမြို့၏ အနောက်မြောက်ဘက် ကျွန်းကြီးတစ်ကျွန်းတွင် တည်ရှိပြီး အများစုမှာ တံငါအလုပ်လုပ်ကြသူများဖြစ်ကြသည်။ ရွာအမည်က တောင်ခေါင်းလောင်းကျေးရွာ။ ရွာတွင်အိမ်ခြေ လေးဆယ်ခန့်ရှိပြီး ဓနိမိုး ထရံကာ အိမ်ခြေသုံးဆယ်ခန့်သည် ဒီရေတောကို ခုတ်ထွင်ရှင်းလင်း နေထိုင်နေကြခြင်းဖြစ်သည်။ ၎င်းတို့ အဆိုအရ ၁၉၈၄ ခုနှစ်ကတည်းက နေထိုင်လာခဲ့ခြင်းဖြစ်သည်။ အိုးအိမ်ဆောက်ရန်မြေနေရာမရှိသည့် အိမ်ထောင်စုများအား ဒေသခံ ထိုစဉ်က ပါတီကောင်စီ လူကြီးတစ်ဦး၏ စီစဉ်ပေးမှုဖြင့် ဒီရေတောအား ခုတ်ထွင်ကာ နေထိုင်စေခဲ့ကြောင်း သိမီသည့် ရွာသားများက ပြောပြသည်။ ယင်းသို့နေထိုင်ရန်အတွက် အိမ်တစ်ဆောင်လျှင် ငွေ ၃၅၀ ကျပ် ကောက်ခံပြီး ရရှိသည့်ငွေများအား ရွာစာသင်ကျောင်းဆောက်ရာတွင် […]

များတို့ဘဝ မလွယ်လှ

diz_admin

January 21, 2021

မီးထိန်ထိန်လင်းနေသည့် ထားဝယ်မြို့၊ လမ်းမကြီး အဝိုင်းတစ်နေရာတွင် အမျိုးသမီးဟု ထင်ရသည့် လူတစ်စု ထိုင်နေကြသည်။ သာမန်ကြည့်လိုက်လျှင် အမျိုးသမီးများဟု ထင်ကောင်းထင်နိုင်ပေသည်။ သို့သော် အနီးကပ်ကြည့်လိုက်ချိန်တွင်မူ အမျိုးသမီးကဲ့သို့ ဆင်ယင်ထားသည့် လိင်တူချစ်သူ ဂေးလ်များ ဖြစ်နေသည်။ သူတို့သည်ကား စကားစမြည် ပြောဆိုရင်း ထိုင်နေကြပြီး လမ်းသွားလမ်းလာ အမျိုးသားများကို စိတ်ဝင်တစား ငေးကြည့် နေတတ်သေးသည်။ ထိုနေရာသို့ အမျိုးသားအချို့လည်း စိတ်တူ ကိုယ်တူပျော်ပါးမည့် လိင်တူချစ်သူများကို လာရှာ လေ့ရှိသည်။ ထိုကြောင့် ယင်းနေရာလေးသည်ကား ချစ်သူအဝိုင်းဟု တင်စားခေါ်နိုင်လောက်ပေသည်။ လှည့်ကင်းရဲကား လာသည့်အချိန်တွင် ထပြေးရလေ့ရှိပြီး တစ်ခါတစ်ရံ အိမ်သို့စောစောပြန်ရန် ပြောဆိုလေ့ရှိဟု ဆိုသည်။ ယင်းနေရာတွင် လာထိုင်လေ့ရှိသူများအနက် လိင်တူချစ်သူဂေးလ်တစ်ဦးဖြစ်သည့် မခရေ (အမည်လွှဲ) လည်း တစ်ဦးအပါအဝင် ဖြစ်သည်။ ကိုဗစ်ကာလတွင် မိတ်ကပ်အလှပြုပြင်ရေး […]

လယ်သမားတွေရဲ့ ဆောင်းခိုငှက် လွမ်းတေး

diz_admin

January 15, 2021

မနှစ်ကဒီအချိန်ဆိုရင် တနင်္သာရီတိုင်း နေရာအနှံ့အပြားက လယ်ကွင်းတွေထဲမှာ ဆောင်းခိုခရုစုပ် ငှက်တွေ အုပ်စုလိုက် အစာရှာနေတဲ့အချိန်ပါ။ ဒီနှစ်လည်း သူတို့ပြန်လာလေမလားဆိုပြီး ဦးလွင်မိုးတစ်ယောက် မျှော်နေပါသေးတယ်။ ဒါပေမဲ့ ခရုစုပ်ငှက်တစ်ကောင်တလေကိုမျှ လယ်ကွင်းတွေထဲ မတွေ့ရတော့ပါဘူး။ ခြေတံရှည်ရှည်၊ နှုတ်သီးထိပ်ပြားပြား အဝေးကနေကြည့်ရင် ကြိုးကြာလိုလို၊ ဗျိုင်းလိုလိုထင်ရတဲ့ ခရုစုပ်ငှက်တွေဟာ လယ်သမားတွေရဲ့ မိတ်ဆွေပါ။ လယ်သမားတွေကို တိုက်ရိုက်အကျိုးပြုတဲ့ ငှက်တွေဖြစ်ပါတယ်။ လယ်ကွင်းတွေထဲမှာ စပါးအဖျက်ကြမ်းတဲ့ ရွှေခရုတွေကို ခရုစုပ်ငှက်တွေ က စားသောက်ပစ်ပါတယ်။ ရွှေခရုဆိုတာ တနင်္သာရီတိုင်းက လယ်သမား တွေအတွက် ရန်သူအသစ်ပါ။ စပါးပင် နုနုထွတ်ထွတ် တွေကို ကိုက်ဖြတ်စားသောက်ပါတယ်။ ရွှေခရုတွေဟာ တနင်္သာရီတိုင်းဘက်ကို ၂၀၁၇ ခုနှစ်လောက်မှာ စရောက်လာတယ်လို့ တိုင်းစိုက်ပျိုးရေးဦးစီးဌာနက ပြောဆိုထားတာရှိပါတယ်။ သူတို့တွေ လယ်ထဲရောက်လာရင် နှိမ်နင်းဖို့ ခက်ပါတယ်။ ဒါပေမယ့် ခရုစုပ်ငှက်တွေကတော့ […]

ကိုဗစ်ကြားမှ ညမွှေးပန်းများ

diz_admin

January 7, 2021

နီယွန်မီးသီးများထွန်းထားသည်ထားဝယ်မြို့ပေါ်ရှိ ပေတစ်ရာလမ်းမကြီးပေါ်တွင် အသက် ၁၇ နှစ်အရွယ် မိန်ကလေးငယ်တစ်ဦး လမ်းလျှောက် နေသည်။ ထိုသို့ လျှောက်နေသည်မှာ တစ်ရက်လည်း မဟုတ်၊ တစ်လလည်း မဟုတ်။ နှစ်ချီကြာမြင့်နေပြီ ဖြစ်ပြီး ယင်းသို့ လမ်းလျှောက်ခြင်းကပင် သူမအဖို့ အလုပ်လုပ်နေခြင်းပင်ဖြစ်သည်။ သူမအမည်မှာ မဖြူ(အမည်လွှဲ) ဖြစ်ပြီး ပုံမှန်အတိုင်းပင် လျှောက်နေသည့်ခြေလှမ်းများက သူမအဖို့ ဖောက်သည်ရှာနေခြင်းပင်ဖြစ်သည်။ သူမနှင့် ပျော်ပါးလိုသည့် အမျိုးသားများက ဆိုင်ကယ်ဖြင့် ရောက်လာကာ အလုပ်လုပ်မည့် နေရာသို့ ခေါ်ဆောင်သွားလေ့ရှိပြီး အလုပ်ကိစ္စပြီး ပါက ပြန်လာပို့ပေးလေ့ရှိသည်။ သူမနှင့် တစ်ကြိမ်ပျော်ပါးပါက ငွေကျပ် ငါးထောင်ပေါက်ဈေးရှိပြီး လက်ရှိတွင် ကိုဗစ် ကြောင့် ယခင်ကဲ့သို့ ဝင်ငွေမရွှင်တော့ဟု မဖြူက ဆိုသည်။ သူတို့အားလုံး ကိုယ်စီ ကိုဗစ်ကြောင့် စားဝတ်နေရေး ကျပ်တည်းကြရသည်။ ကပ်ဘေး […]

သားသမီးမဲ့ အမယ်အို၏ ဆည်းဆာချိန်

diz_admin

December 31, 2020

အသားဖြူဖြူ ရုပ်ရည်သန့်သန့် အမယ်အို တစ်ဦး တဲလေးတစ်လုံးရှေ့ထိုင်ကာ လမ်းသွား လမ်းလာသူများကို ငေးကြည့်နေသည်။ မြိတ်မြို့၊ ဇေယျာသီရိ (၁) ရပ်ကွက် အုန်းတော စာသင်ကျောင်းလမ်းအဆုံး ၁၀ ပေပတ်လည်ခန့်ရှိသည့် တဲကလေးတစ်လုံးတွင် ထိုင်ကာငေးကြည့် နေခြင်းဖြစ်သည်။ အမယ်အိုအမည်က “ဒေါ်ဖွားရှမ်း”။ အသက် ၉၅ နှစ်ရှိပြီဖြစ်သော်လည်း အရွယ်က အသက်လောက် မအိုစာသေးသလို ထိုင်ထသွားလာနိုင်သေးသည်။ ယခင်က သူ့တွင် သားသမီး တစ်ဒါဇင်ကျော် ရှိခဲ့ဖူးသည်။ သို့သော် ယခုအချိန်တွင် သားသမီးအားလုံး အိမ်ထောင်ရာသားကျနေကြပြီဖြစ်ပြီး မည်သည့်နေရာတွင် ရောက်ရှိနေကြသည်ဟု သူ မသိတော့။ မြို့ပေါ်တွင်လည်း တစ်ယောက်မှမရှိသလို အဆက်အသွယ်မရသည်မှာလည်း နှစ်ပေါင်းများစွာ ကြာပြီဟု အမယ်အိုကပြောပြသည်။ “နေမကောင်း၊ စားမကောင်းဖြစ်ရင် ကိုယ့်သားသမီးတွေကို ပိုသတိရတယ်။ တစ်ယောက်တစ်ယောက် ရောက်လာမလား၊ မျှော်နေရတာပေါ့” အမယ်အို၏ […]

ကိုဗစ်တိုက်ဖျက်ရေး စေတနာ့ဝန်ထမ်းများ၏ အိမ်ပြန်ချိန်

diz_admin

December 24, 2020

မီးဆိုမီး၊ ရေဆိုရေ အရေးပေါ်လာပြီဆိုရင် စေတနာ့ဝန်ထမ်းတွေ ရှေ့ဆုံးက။ ဟော… အခု ကိုဗစ်ဆိုလည်း သူတို့။ ကိုဗစ်တိုက်ဖျက်ရေးက အရင် မီးလောင်၊ ရေကြီးစဉ်ကနဲ့ အခြေအနေချင်းမတူ။ မီးလောင်ရင် ဘယ်နေရာတက်၊ ဘယ်နေရာကို ဖျက်ရမယ်ဆိုတာ သူတို့သိတယ်။ ရေကြီး၊ ရေလျှံမှုလား၊ ရေရှားတာလား၊ ယဉ်တိုက်မှုလား၊ ဘာလာလာ သူတို့ဒေါင်း နိုင်တယ်။ အဲဒီအတွက်သူတို့မှာ အတွေ့အကြုံနဲ့ အလေ့အကျင့်က ရှိပြီးသား။ အဲဒီအချိန်က လက်ခုပ်သံ၊ သြဘာသံတွေကို သူတို့ရခဲ့ကြပေမဲ့ ကိုဗစ်တိုက်ဖျက်ရေးလုပ်ရာမှာတော့ လူအမုန်းခံခဲ့ရတာတွေလည်း စေတနာ့ဝန် ထမ်းတွေ ကြုံခဲ့ရတယ်။ အသွားအလာ ကန့်သတ်ဖို့ သွားခေါ်ရာမှာ ငြင်းဆန်တာတွေ၊ အစိုးရနဲ့ တာဝန်ရှိသူတွေရဲ့ စီမံခန့်ခွဲမူအလွဲတွေကို ထောက်ပြလို့ အမျက်တော်ရှတာလည်း ခံချင်ခံရမယ်။ ဒါတွေကို သူတို့မမှု၊ မိသားစုနဲ့ လချီကြာခွဲပြီး ကိုဗစ်တိုက်ဖျက်ရေးမှာ စေတနာနဲ့ […]

ကိုဗစ်လှိုင်းကြားက မျက်မမြင်သဘင်သည်ဘဝ

diz_admin

December 17, 2020

တစ်ချိန်က စစ်အစိုးရကို အန်တုတော်လှန်ခဲ့သည့် ကျောင်းသားရဲဘော်ဟောင်းကြီးတစ်ဦးသည် ယခုအချိန်တွင်တော့ အလုပ်လက်မဲ့ မျက်မမြင် သဘင်သည်တစ်ဦးဘဝဖြင့် ကိုဗစ်ကာလ ခါးသီးမှုများကို အန်တုတော်လှန်နေရသည်။ “ကျွန်တော်က မျက်မမြင်ဒုက္ခိတ ဆိုတော့ ပိုဆိုးတယ်။ အခက်အခဲက များစွာပေါ့” ဟု သူက ဆိုသည်။ သူသည် တနင်္သာရီ၊ မောတောင် ဒေသမှ စစ်အစိုးရကို နှစ်ပေါင်းများစွာ လက်နက်ကိုင်တော်လှန်ခဲ့ပြီး ကျောင်းသားတပ်ရင်းများ တဖြည်းဖြည်း ဆုတ်ခွာ ပြိုကွဲချိန် သူ့မိသားစုလေးရှိရာ တနင်္သာရီ မြို့လေးသို့ ပြန်လည်ဝင်ရောက် နေထိုင် ခဲ့သူ။ သူ့နာမည်က ဦးဘရီ။တနင်္သာရီမြို့လေးတွင် မိုးပျံပူပေါင်း ရောင်းသည့်အလုပ်ကို လုပ်ကိုင်ရင်း ဂက်စ်အိုးပေါက်ပြီး သူ့မျက်လုံး တစ်စုံ ကွယ်ခဲ့ရသည်။ ယင်းနောက် ကဇာတ်အဖွဲ့တစ်ခုတွင် နှဲသမားအဖြစ် ဝင်ရောက်ခဲ့သည်။ မျက်မမြင်သဘင်သည်ဘဝဖြင့် ဇနီးသည်အား ရှာဖွေကျွေးမွေးနေသူဖြစ်ပြီး လက်ရှိတွင် မြိတ်မြို့၊ […]