BREAKING
January 22, 2025

ဓလေ့/သမိုင်း

၀င်ငွေနည်းလာတဲ့ အခြေခံလူတန်းစား ထားဝယ် တက္ကစီယာဉ်မောင်းများ

diz_admin

July 1, 2021

ကယ်ရီသမားဟု အလွယ်ခေါ်သော တက္ကစီယာဉ်မောင်းများမှာ တပ်အာဏာသိမ်းပြီးတဲ့နောက် တစ်နေ့ဝင်ငွေလည်း သိသိသာသာ ကျဆင်းလာပါတယ်။ ပေါက်ကွဲမှု၊ ပစ်ခတ်မှုနဲ့ ဖမ်းဆီးမှုတွေ အချိန်မရွေးထဖြစ်နိုင်တဲ့အတွက် ကယ်ရီသမားတွေ လုပ်ငန်းအပေါ်မှာ သက်ရောက်မှုတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ ဆိုပါတယ်။ ကယ်ရီသမားလို့ ဆိုရင် ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ သုံးဘီးယာဉ်မောင်းတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ထားဝယ်ဒေသနေ ပြည်သူတွေဟာ စားသောက်ကုန်နဲ့ လူသုံးကုန်တွေကို ထားဝယ်မြို့ရှိ စည်ပင်သာယာဈေးကြီးနဲ့ ကန်းနားဈေးတွေမှာ လာဝယ်ကြပြီး သူတို့နေထိုင်ရာ ဒေသတွေမှာ ပြန်ရောင်းချကြပါတယ်။ အရင်က မနက်စောစောကနေ မွန်းလွဲ ၂ နာရီ လောက်အထိ အမြဲစည်ကားနေတတ်တဲ့ ထားဝယ်စည်ပင်သာယာဈေးကြီးဟာ ဇွန်လကုန်ရက်တွေကဆိုရင် မနက် ၁၁ နာရီဆိုတာနဲ့ ဈေးဝယ်သူ ကင်းမဲ့နေပြီဖြစ်ပါတယ်။ လက်ရှိ အခင်းအကျင်းတွေကြောင့် စည်ပင်သာယာဈေးကြီးကို မှီခိုပြီး ငွေရှာနေရတဲ့ အခြေခံလူတန်းစားကယ်ရီသမားတွေရဲ့ ဝင်ငွေဟာလည်း […]

အမေ ငွေမျှော်နေရော့မယ်

diz_admin

June 21, 2021

ကိုကျော်စိုးတစ်ယောက် မလေးရှားကနေ မြန်မာပြည်တွင်းက မိခင်ဖြစ်သူထံ ငွေပို့ပေးဖို့ အခက်အခဲဖြစ်နေပါတယ်။ ဝါဆိုသင်္ကန်းကပ်ချင်တဲ့ သူ့အမေဆီ ငွေငါးသိန်းကျပ် ပို့ချင်နေတာဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာ ကိုဗစ်ကြောင့် လမ်းထွက်လို့မရဖြစ်နေတာကြောင့် ငွေပို့သွားဖို့ ခက်ပါတယ်။ အဲဒီကြားမှာပဲ မြွေပူရာကင်းမှောက်ဖြစ်ပါတယ်။ မြန်မာနိုင်က ပုဂ္ဂလိကဘဏ်တွေကို ငွေပို့ရခက်ခဲတာ၊ ပို့ချင်သလောက်ပို့လို့မရတာတွေက ထပ်ဆင့်ဖြစ်ပွားနေပြန်ပါတယ်။အဲဒီလိုအခက်အခဲတွေကြောင့် ဝါဆိုသင်္ကန်းကပ်ချင်တဲ့ အမေ့ဆန္ဒမဖြည့်ဆည်းနိုင်မှာကို ကိုကျော်စိုးတစ်ယောက် စိုးရိမ်နေရပါတယ်။ “ကိုယ့်မိဘကို ထောက်ပံ့ချင်လို့ ငွေပို့ပေးဖို့ကို ဟိုမေး၊ ဒီမေး လိုက်စုံစမ်းနေရတယ်” လို့ ကိုကျော်စိုးက ပြောပါတယ်။ကိုကျော်စိုးဟာ မလေးရှားနိုင်ငံ ဆလန်းဂေါပြည်နယ် ကလန်းမြို့မှာ စားသောက်ဆိုင်ရောင်းနေတာဖြစ်ပါတယ်။ သူ့ဇာတိက စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်သားဖြစ်ပါတယ်။ သူဟာ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်သူတစ်ဦးနဲ့ အိမ်ထောင်ကျခဲ့တာပါ။ သူနဲ့ ဇနီးဖြစ်သူက မလေးရှားမှာ အလုပ်လုပ်နေတာ နှစ်ဆယ်ချီရှိနေပါပြီ။ သားသမီးနှစ်ဦးကတော့ လောင်းလုံးမြို့နယ်က ရွာတစ်ရွာမှာ သူ့ယောက္ခမတွေနဲ့အတူတူ […]

လယ်ယာလုပ်ငန်းခွင် ဝင်ချိန် မရေရာမှုများအကြားမှ လယ်သမားများ

diz_admin

May 29, 2021

ရှုပ်ထွေးနေသည့် နိုင်ငံရေးအခြေအနေအကြား စက်သုံးဆီ၊ ဓာတ်မြေဩဇာ စသည့် သွင်းအားစုဈေးနှုန်း မြင့်တက်နေသသည်။ လယ်သမားအားလုံး မိုးစပါးချေးငွေရရှိရေးမှာ မသေချာသေး။ ထိုသို့အနေအထားတွင် လယ်သမားများ ယခုနှစ် မိုးရာသီ လယ်ယာလုပ်ငန်းခွင်ဝင်ရန် အခက်တွေ့နေကြသည်။ မိုးဦးကျချိန်ဖြစ်သည့် မေလအကုန် ဇွန်လဆန်းပိုင်းသည် တနင်္သာရီတိုင်းရှိ လယ်သမားများ စိုက်ပျိုးရေးလုပ်ငန်းခွင် ဝင်မည့်အချိန်ဖြစ်သည်။ လယ်သမားအချို့ဆိုလျှင် လယ်ကန်းသင်ရိုးပြင်သည့် လုပ်ငန်းများကို စတင်နေပြီဖြစ်သည်။ နှစ်တိုင်းလုပ်ငန်းခွင်ဝင်ချိန်တွင် လယ်သမားများလယ်ဝယ်သို့ စိုက်ပျိုးစားရိတ်ချေးငွေများ လူတိုင်းနီးပါးရရှိနေပြီဖြစ်သော်လည်း ယခုနှစ်တွင်မှု မည်သူမျှ ချေးငွေမရကြသေးပေ။ မိုးစပါးချေးငွေရရှိရန် လယ်သမာများက မျှော်လင့်နေကြသည်။ “ချေးငွေမရသေးတော့ လယ်သမားတွေခက်ခဲနေတာပေါ့လေ။ လယ်သမားတွေမှာက မိုးစပါးချေငွေရမှ ဓာတ်မြေဩဇာဝယ်မယ်၊ လယ်လုပ်ခတွေပေးတာဆိုတော့ နည်းနည်းအဆင်ပြေတယ်လေ” ဟု လောင်းလုံးမြို့နယ် ရေဖြူကျေးရွာမှ လယ်သမား ဦးမောင်ဝင်းက ဆိုသည်။ မိုးစပါးချေးငွေကို ဇွန်လဆန်းပိုင်းတွင် ထုတ်ချေးရန် စီစဉ်နေသော်လည်း ယမန်နှစ်က […]

ထမင်းဝိုင်းတွေ လက်မစုံတော့ပါ

diz_admin

March 9, 2021

ခေါင်းတလားထဲ ငုံ့ကြည့်ပြီး မျက်နှာပေါ်ရုံလေး အပေါက်ဖွင့်ထားတဲ့ ခေါင်းထဲက ရုပ်အလောင်းကို သူ့လက်ညိုးနဲ့ သွားသွားတို့နေပါတယ်။ ခွပ်ဒေါင်းပုံပါအနီရောင်အလံအုပ်ထားတဲ့ ခေါင်းတလားရဲ့ဘေးမှာ အဋ္ဌမတန်းကျောင်းသူ တစ်ဦး မျက်ဝန်းထဲ မျက်ရည်အပြည့် နဲ့ပါ။ ဘေးနားကသူနဲ့အရွယ်တူလောက် ရှိတဲ့ မိန်းကလေးတစ်ယောက်ကလည်း သူ့ကို အဖော်ပြုပေးနေပါတယ်။ သူငုံ့ ကြည့်နေတဲ့ခေါင်းတလားထဲမှာတော့ သူ့အဖေ ကိုလွင်လွင်ဦးရဲ့ အသက်မဲ့ ရုပ်အလောင်းတစ်ခု။ မကြာခင်မှာကိုလွင်လွင်ဦးရဲ့ နောက်ဆုံးခရီးကို ပို့ဆောင်ကြတော့မှာဖြစ်တယ်။ အသုဘလိုက်ပို့မယ့် သူတွေကလည်း အိမ်ထဲ၊ ခြံထဲ၊ လမ်းထဲမှာ အသင့်ရောက်နေကြပြီ။ ကိုကိုလွင်ဦးဟာ ဆန္ဒပြထားဝယ်သပိတ်စစ်ကြောင်းမှာလိုက်ပါရင်း လက်နက်နဲ့ အကြမ်းဖက်ဖြိုခွင်ခံရတာကြောင့် ထားဝယ်ဥတ္တံတားကြီးလမ်းဆုံ မှာ ကျဆုံးသွားခဲ့ရတဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ “သားဆုံးသွားတာကိုသိလိုက်တဲ့အချိန်မှာ ရူးသလိုတောင်ဖြစ်ပြီးတော့ အိမ်ရှေ့အိမ်နောက်ပတ်ပတ်ပြီးပြေး။ သမီးတွေကိုခေါ် နင့်အစ်ကိုဆုံးသွားပြီပေါ့။ အဒေါ်ယုံတောင်မယုံနိုင်ဘူး” လို့ ကိုလွင်လွင်ဦးရဲ့ အမေ ဒေါ်ယဉ်ကျေးက ဆိုပါတယ်။ […]

မျှော်လင့်ခြင်း ထောင်ဝင်စာ

diz_admin

March 6, 2021

ထောင်ထဲမှာ သူ့ အမျိုးသား ရှိ၊ မရှိ မသေချာပေမဲ့ ဒေါ်ဖြူဝင်းကတော့ ပုံမှန်ထောင်ဝင်စာပို့နေပါတယ်။ ထားဝယ် အကျဉ်းထောင်ထဲမှာ သူ့အမျိုးသားကို ဖမ်းဆီး ထိန်းသိမ်းထားတယ် ဆိုတာကို ဒေါ်ဖြူဝင်းသေချာမသိပါဘူး။ ဒါပေမယ့် သူ ထားဝယ်အကျဉ်းထောင်ရှေ့ကို နေ့ တိုင်းရောက်ပါတယ်။ သူ့အမျိုးသားကို ထောင်ဝင်စာလာတွေ့တာပါ။ ဒေါ်ဖြူဝင်းရဲ့ အမျိုးသား နာမည်က ဦးစိုးမြိုင်ပါ။ အသက် ၃၅ နှစ် အရွယ်လောက်ရှိပါပြီ။ ဖေဖော်ဝါရီလ ၁၈ ရက် ထားဝယ်မြို့ ကြက်စားပြင် ရပ်ကွက်မှာ ပစ်ခတ်မှုဖြစ်တဲ့ညက ရဲ တပ်ဖွဲ့ရဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာကို ခံခဲ့ရသူဖြစ်ပါတယ်။ ညပိုင်းမှာဖမ်းဆီးသွားပြီး မိသားစု နဲ့လုံးဝတွေ့ခွင့်၊ စကားပြောခွင့်မရဘဲ နောက်တစ်နေ့ (ဖေဖော်ဝါရီလ ၁၉ ရက်) ညနေမှာ ထားဝယ်အကျဉ်းထောင်ကို ပို့လိုက်ပြီဆိုပြီး သတင်းကြားလို့ ဒေါ်ဖြူဝင်း နေ့တိုင်း […]

ရက်ရက်စက်စက် ပဲခွပ်နဲ့အခုတ်ခံခဲ့ရတဲ့ အိပ်မက်

diz_admin

February 18, 2021

ဗားရှင်း ၂ အိပ်ရာက နိုးလာတော့ ဖုန်းကို ဖွင့်ကြည့်တဲ့အခါမှာ သတင်းတွေဟာ စိတ်မကောင်းဖွယ်ရာတွေနဲ့ စောင့်ကြို နေတယ်။ ညတုန်းက နိုင်ငံတစ်ဝန်းမှာ ပေါ်ပေါက်ခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ဖေ့ဘုတ်လူမှုကွန်ရက်ပေါ် မှာ သူတစ်မျိုး၊ ငါတစ်မျိုး ရေးကြသားကြ၊ ဝေဖန်ကြ၊ သုံးသပ်ကြနဲ့။ ဘယ်လို ပဲ ဖြစ်ဖြစ် မြင်တွေ့ကြားသိရတာတွေကတော့ ထိတ်လန့်ဖွယ်ရာတွေပါပဲ။ စိုး တထိတ်ထိတ်နဲ့ အိပ်ရာဝင်ခဲ့ရပြီး အိပ်မက်တွေ အိပ်မက်ဆိုးတွေ မက်ခဲ့ရ၊ နိုးလာချိန်မှာလည်း သာယာချမ်းမြေ့ ဖွယ်ရာကို မတွေ့ရ။ ဒီလိုညတွေ အခုဆို ဘယ်နှညရှိခဲ့ပြီလဲ။ ဘယ်လောက်ကြာအောင် ရှည်လျားဦးမှာလဲ။ မှန်းဆနိုင်စွမ်း မရှိခဲ့။ စိတ်ညစ်ညူးစွာနဲ့ပဲ လက်ဖက်ရည် ဆိုင်ကိုထွက်လာရင်း “အိပ်မက်” ဆိုတဲ့ စကားလုံးဟာ အတွေးထဲကို ဝင်ရောက် လာတယ်။ လူတိုင်းမှာ အိပ်မက်ကိုယ်စီ […]

အလွမ်းရောင်သက် ဇေတဝန်

diz_admin

February 11, 2021

မြိတ်မြို့မှ တောင်ဘက်သို့ ရေမိုင် ၁၀ မိုင်ခန့်မျှ တနင်္သာရီမြစ်ကြောင်း အတိုင်း စက်လှေလေးစီးပြီး ဆန်တက်၍ သွားလိုက်သည်နှင့် မြစ်ပြင်ကို ဝန်းရံ ပိတ်ဆို့ကာ ဆင်ကြီးတစ်ကောင် မာန်စွယ် ကိုချလျက် ဝပ်စင်းခယနေသည့်ဟန် သဏ္ဌာန်ရှိသော “ဆင်ဒင်(ဆင်တင်)တောင်တန်းကြီး” ကို အဝေးကပင် လှပစွာ မြင်ရပေမည်။ ထိုဆင်ဒင်တောင်တန်းအရှေ့သို့ မရောက်မီ-(တနင်္သာရီ မြစ်ဖျားအထက် သို့ မတက်ခင်မှာ) တွေ့မြင်ရမည့် တောင်စွယ်သည် တနင်္သာရီမြစ်ရေဆုံ/ မြစ်ခွဲ အမှတ်အသားပြ “ဇေတဝန်” တောင်တန်းပင်ဖြစ်သည်။ အရှေ့အနောက်၊ လေးဘက်လေးတန် ဝဲယာ အုတ်လှေကားကြီးများက တောင်ပေါ်သို့ တက်ရောက်ရန် အဝေးကပင် ဆွဲဆောင်နေသည်။ လှေကား တစ်ထစ်ချင်းကို တက်ရင်း ကျေးလက် ရှုခင်းများကို ကြည့်ရသည်က တကယ့်ကို သာယာကြည်နူးဖွယ်ဖြစ်သည်။စိမ်းလန်းသာယာသော ရှုခင်းပသာဒများ စွာခြံရံလျက်- တနင်္သာရီပြည်နှင့် ပုဂံခေတ် […]

ထားဝယ်ဘူတာကြီးရဲ့ မီးရထားလွမ်းချင်း

diz_admin

February 8, 2021

ခြောက်ကပ်တိတ်ဆိတ်နေတဲ့ ထားဝယ်မြို့က ဇလွန်းဘူတာရုံကြီးမှာ ဥသြဆွဲသံ မကြားရတာ တစ်နှစ်နီးပါး ကြာခဲ့ပါပြီ။ အရင်ကတည်းက အရှုံးခံ ပြေးဆွဲနေတယ်ဆိုတဲ့ မော်လမြိုင်-ရေး- ထားဝယ် မီးရထားကြီးဟာ ကိုဗစ်ဖြစ်ပြီး ကတည်းက လုံးဝ နားထားရတာပါ။ မီးရထားစတင်ပေးဆွဲစဉ်အချိန်က ထိုင်ခုံနေရာ မရသူတွေ၊ လက်မှတ် ပြည့်သွားတဲ့အတွက် လက်မှတ်မရ တော့တဲ့အထိ မီးရထားစီးသူတွေ များပြား ခဲ့တာပါ။ ထားဝယ်ကနေ ရေး-မော်လမြိုင်ထိ ခရီးရှည်သွားသူတွေရှိ သလို ခရီးတိုလိုက်ပါစီးနင်းသူ ဒေသခံ တွေလည်းရှိပါတယ်။ မီးရထားစီးတဲ့ ခရီးသည်တွေ များတဲ့ အချိန်က ထမင်းဆိုင်၊ စားသောက်ဆိုင်တွေလည်း ရောင်းကောင်းသလို တည်းခိုခန်းမှာလည်း အမြဲလို လူပြည့် နေတယ်လို့ ဆိုပါတယ်။ သုံးဘီး တက္ကစီဆွဲသူ၊ ဆိုင်ကယ်တက္ကစီဆွဲသူတွေလည်း မီးရထားကို အမှီပြုပြီး အလုပ်အကိုင်တွေ တစ်ခေတ်ကောင်းခဲ့ ပါသေးတယ်။ ၂၀ဝ၇-၂၀ဝ၈ […]