BREAKING
November 21, 2024

ဓလေ့/သမိုင်း

ထားဝယ်ဒေသက ဦးရှင်ကြီးနတ်တင်တဲ့ဓလေ့

Dawei Watch

December 19, 2023

ဒီည အိမ်မှာဦးရှင်ကြီးဆွမ်းတင်မှာမို့ ကြွခဲ့ပါဦး တဲ့ ။ ကျွန်တော်တို့နဲ့ခုနှစ်အိမ်ကျော်က အစ်မကြီးတစ်ယောက် လာဖိတ်တယ် ။ ဦးရှင်ကြီးဆွမ်းတင်မလို့ဆိုပါလား ။ ကြားလိုက်ရတဲ့ သတင်းကြောင့် စိတ်ထဲအတော်လေးကို လှုပ်ရှားသွားရပါတယ် ။ တကယ်ဆို သူမဖိတ်လည်း အဲဒီသတင်းကြားရင် ကျွန်တော်က သွားဖြစ်အောင်သွားမှာပါ ။ ကိုယ့်ဒေသက ဒီရိုးရာအလှူလေးနဲ့ကြုံချင်နေတာကြာပြီပဲလေ ။ တကယ်တော့ တခြားအလှူတွေထက် ဒီအလှူပွဲသေးသေးလေးကိုမှစိတ်ဝင်စားနေမိတာ အကြောင်းရှိပါတယ် ။ ငွေကုန်ကြေးကျသိပ်မများတဲ့ဒီအလှူလေးက တခြားအလှူထက်ထူးခြားပြီး ကျွန်တော့ရဲ့ ကလေးဘဝ အမှတ်တရတွေကိုလည်း ချက်ချင်းပြန်သတိရသွားစေတာပါ ။ အခုနာက်ပိုင်း ဦးရှင်ကြီးဆွမ်းတင်အလှူနဲ့ မကြုံတော့တာ အတော်ကြာနေပါပြီမို့ အရင်တုန်းကနဲ့ ဘာတွေကွာခြားနေပြီလဲ ဆိုတာကိုလည်းသိချင်နေမိပါရဲ့ ။ ကျွန်တော်တို့ ထားဝယ်ဒေသက ပင်လယ်ကမ်းရိုးတန်းနဲ့နီးတော့ ရေငန်ပိုင်ဦးရှင်ကြီးနတ်နဲ့ ကင်းတဲ့အိမ်ရှားပါတယ် ။ တကယ်တော့ ကျွန်တော်တို့ဒေသမှာ ရေငံပိုင်နတ်ကို ရေလုပ်ငန်းနဲ့ […]

“တနင်္သာရီရိုးရာ နတ်လမ်းပြ နဝဒတ် (နဝထပ်)အိုင်နှင့် လက်ယာရစ် ချည်ချည်ခြင်းဓလေ့”

Dawei Watch

December 8, 2023

တနင်္သာရီဒေသ တနင်္သာရီလူမျိုးရိုးရာဓလေ့များထဲတွင် ချည်ချည်ခြင်း ဓလေ့ကို ပုံစံအမျိုးမျိုး၊ ရည်ရွယ်ချက်အမျိုးမျိုးနှင့် ယနေ့တိုင် အစီအရင် ပြုလုပ်နေကြသည်ကို လေ့လာနိုင်ပေသည်။ ထိုအထဲမှာမှ- “နတ်လမ်းပြ န၀ဒတ်(နဝထပ်)အိုင် အစီအရင်နှင့် လက်ယာရစ် ချည် ချည်ခြင်း”၊ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် အစစ အရာရာအဆင်ပြေ အောင်မြင်စေရန် ရည်ရွယ်ချက်များဖြင့် ခရီးဝေးမထွက်ခွာမီ “မေတ္တာဖွဲ့နှောင် ချည်ချည်ခြင်း”၊ ဆိုးမိစ္ဆာများ အနှောင့်အယှက်ပြုခြင်းမှ ကာကွယ်နိုင်ရန်နှင့် ကျန်းမာချမ်းသာ ပျော်ရွှင်စေရန် ရည်ရွယ်ချက်ဖြင့် ခလေးများတွင် “ချည်မန်း၊ ခမည်းပေး ချည်ခြင်း”၊ သေသူဝိဉာဉ် လိပ်ပြာခွဲရန် ခန္ဓာအရပ်အတိုင်း “ချည်ကြိုးဖြတ် ချည်ထည့်ခြင်း”စသော ရှေးရိုးအစဉ်အလာနှင့်အညီ ချည်ချည်ခြင်းဓလေ့များကို ပြုလုပ်နေကြသည်မှာ တနင်္သာရီဒေသတွင် ယနေ့တိုင် တွေ့ရှိနေရသေးသည်။ တနင်္သာရီဒေသိယစကားဖြင့် ချည်ချည်ခြင်းကို “ချယ်မန်း ခယ်ပေးဟ္ရယ်”လို့ ပြောပါသည်။ ထိုထဲမှာမှ တနင်္သာရီဒေသအတွင်း အလှူများ ပြုလုပ်ချိန်တိုင်းတွင် […]

ဒင်နာအချိန်ပြောင်းသွားတဲ့ ဦးရှင်ကြီးနဲ့ အလိုက်သိလွန်းတဲ့ ရွာရှင်နတ်များ

diz_admin

December 9, 2022

ဒင်နာကို ညဦးပိုင်းမှာ စားလေ့ရှိတဲ့ ရေငံတစ်ရိုး အပိုင်စိုးတဲ့ ဦးရှင်ကြီးဟာ အခုတော့ စားသောက်တဲ့အချိန် ပြောင်းလိုက်ရပါပြီ။ ‘ရိုးရာဖျက်ရင် နတ်ကိုင်တတ်တယ်’ ၊ ‘နတ်ကို မရိုမသေမလေးမစားလုပ်တယ်ဆိုရင် ဖမ်းစားတတ်တယ်’ ဆိုပေမယ့် ဦးရှင်ကြီးကတော့ ဒီစည်ကမ်းချက်တွေကို ဖြေလျှော့ပေးလိုက်ရပြီပေါ့လေ။ ကြယ်ရောင်၊ လရောင်အောက်မှာ သုံးဆောင်နေကျ စားတော်ပွဲဟာ အခုတော့ နေရောင်အောက်ကိုရောက်‌သွားခဲ့တာပါ။ ဦးရှင်ကြီးဟာ တန်ခိုးဣဒိပတ်နဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ဆိုပေမယ့် သူ့ကိုပင့်ဖိတ်ပြီး ဆွမ်းကပ်တဲ့ ဦးရှင်ကြီးတင်ပေးတဲ့ ဆရာသမားကိုတော့ သူမလွန်ဆန်နိုင်ရှာဘူးလေ။ ဦးရှင်ကြီးတင်တဲ့ဆရာသမားကလည်း ဦးရှင်ကြီးထက် ပိုကြောက်ရတဲ့သူတွေ ကြီးစိုးနေတဲ့အချိန်မို့ နေမဝင်ခင် ဒင်နာကျွေးဖို့အရေး အချိန်ပြောင်းလိုက်ရတာပါ။ အာဏာသိမ်းပြီးနောက်ပိုင်း နေဝင်မိုးချုပ်ပြီဆိုတာနဲ့ လမ်းမကြီးကနေ လမ်းကြိုလမ်းကြားမကျန် လူသူကင်းမဲ့နေလေ့ရှိပါတယ်။ လူတွေရဲ့ အကြောက်တရားကြီးစိုးလာကြတာနဲ့အတူ ညဘက် ကျေးရွာ၊ ရပ်ကွက်တွေရဲ့လမ်းတွေပေါ် လူသွား၊ လူလာ မရှိ၊ တိတ်ဆိတ်နေတာကိုး။ […]

ဝါဆိုလပြည့်နေ့ ထားဝယ်မြို့မြင်ကွင်း

diz_admin

July 12, 2022

ဝါဆိုလပြည့် (ဓမ္မစကြာနေ့) ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့တွင် ထားဝယ်မြို့ပေါ်နှင့် လောကမာရဇိန်ဘုရားကြီးဝင်းအတွင်းက မြင်ကွင်းများ ဖြစ်သည်။

လောင်းလုံးတွင် ‌ဘေးအန္တရာယ်ကင်းရေး နတ်တင်ဆုတောင်းမှုများလာ

diz_admin

July 4, 2022

လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် သတ်ဖြတ်၊ ဖမ်းဆီးခံရမှု၊ လုယက်ခံရမှု၊ နေအိမ်မီးရှို့ခံရမှု စသဖြင့်ဘေးအန္တရာယ်များ ကျရောက်နေမှုကြောင့် ဒေသခံများမှာ ရိုးရာနတ်များကို ပင့်ဖိတ်ပူဇော်ကာ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဆုတောင်းမှုများ လုပ်ဆောင်လာကြသည်။ ဇွန်လ ၁၆ ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေ၊ ဖမ်းဆီးမှုများ လုပ်ဆောင်နေသဖြင့် ဒေသခံအများအပြား နေအိမ်စွန့်ခွာ ထွက်ပြေးနေကြသလို ထွက်မပြေးဘဲ ကျန်နေသူများကလည်း အန္တရာယ်ကင်းရှင်းရေး ဆုတောင်းပွဲများ လုပ်ဆောင်နေကြသည်။ “ကျွန်မတို့ရွာမှာဆိုရင် ရှင်ဂီးအိမ်(ရွာတော်ရှင်ဖိုးဖိုးအိမ်) ကန်တော့ပွဲပြတ်တယ်ကို မရှိဘူး။ နေ့တိုင်းကန်တော့ပွဲပေးပြီး ဆုတောင်းနေကြရတာ” ဟု လောင်းလုံးဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။ အကြောင်းအမျိုးမျိုးကြောင့် နေအိမ်စွန့်ခွာ ထွက်မပြေးနိုင်သည့် လောင်းလုံးဒေသခံများမှာ အုန်းပွဲ၊ ငှက်ပျောပွဲများနှင့် ရိုးရာနတ်များကို ပင့်ဖိတ်ပူဇော်ခြင်း၊ ပရိတ်ကြီးနှင့် ပဌာန်းတရားတော်များဖွင့်ပြီး ဘေးရန်ကင်းရေး ဆုတောင်းခြင်းတို့ လုပ်ဆောင်နေကြသည်ကို တွေ့မြင်ရသည်။ […]

ထားဝယ်မြို့ လောကမာရဇိန်ဘုရားကြီးအတွင်း နှစ်ဆန်းတစ်ရက်နေ့ မြင်ကွင်းများ

diz_admin

April 17, 2022

ထားဝယ်မြို့ လောကမာရဇိန် ဘုရားကြီးအတွင်း ဘုရားဖူးဧည့်သည်းများဖြင့် စည်ကားလျက်ရှိသည်ကို မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ (ဧပြီ ၁၇ )ရက် ညနေပိုင်းကတွေ့ရစဉ်။ ဓာတ်ပုံ – Dawei Watch

ကပ်ဘေးကြားမှ ကျောတစ်ခင်းစာ

diz_admin

August 22, 2021

အသက် ၃၄ နှစ်အရွယ်ရှိ မဖြူ တစ်ယောက် လကုန်မည့်ရက်ကို တွေးရင်း သောကတွေ ရတက်‌ပွေနေသည်။ လကုန်သည့်အချိန် ပုံမှန်အိမ်လခမပေးနိုင်၊ နောက်ကျမှသာ ပေးချေနိုင်သည်မှာ ယခုဆိုလျင် ခြောက်လခန့်ရှိနေပြီဖြစ်သည်။ ဖြစ်နိုင်လျှင် လကုန်သည်နှင့် “ရော့—-အင်း”ဟုဆိုကာ အိမ်လခလေးကို ပေးလိုက်ချင်သည်။ သို့သော် မဖြူ (အမည်လွှဲ) မတတ်နိုင်။ “အိမ်ကယောင်္ကျားက လကုန်ုပြီး တစ်ပတ် ဆယ်ရက်လောက်ကြာမှ အိမ်လခကိုလာပေးတတ်တယ်။ လာမပေးခင်စပ်ကြား အိမ်ရှင်အဖွားကြီးက နေ့တိုင်းတောင်းတယ်။ အဆင်မပြေသေးဘူး ခဏလေးစောင့်ပေးပါဦး ဆိုပြီး တောင်းပန်တာလည်းမရဘူး”ဟု မဖြူ ကပြောသည်။ အသက် ၅၀ ကျော်ရှိနေပြီဖြစ်သည့် မဖြူ ယောက်ျား ဦးကျော်(အမည်လွှဲ) သည် ငါးဖမ်းလှေ လုပ်ကိုင်သူဖြစ်ပြီး ယခင်ကအဆင်ပြေခဲ့သော်လည်း ကိုဗစ်စဖြစ်ပြီးနောက် အလုပ်အကိုင်အဆင်ပြေခြင်းမရှိတော့‌ပေ။ သည်တော့ အိမ်ငှားခလစာ လာပေးသည့်အချိန်လည်း မမှန်တော့။ “အိမ်လခက […]

ကိုဗစ်ကပ်ဘေးနဲ့ ဝါဆိုသင်္ကန်း

diz_admin

July 23, 2021

ကိုဗစ်ကပ်ဘေးအကြား ဝါဆိုသင်္ကန်းကပ်လှူပွဲကို မြိတ်မြို့ရှိ နေရာအချို့တွင် ထူးခြားစွာ မြင်တွေ့ရသည် လူစုလူဝေးမပြုလုပ်ရသဖြင့် သံဃာတော်များသည် မော်တော်ယာဉ်ငယ်ဖြင့် တစ်လမ်းချင်း ဝင်ထွက်ပြီး ဝါဆိုသင်္ကန်းအား ကပ်လှူ အပူဇော်ခံယူကြခြင်း ဖြစ်သည်။