BREAKING
January 22, 2025

လမ်းညွှန်

ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာ ဗေဒင် ဟောကိန်း

diz_admin

August 10, 2020

၁၀-၈- ၂၀၂၀ မှ ၁၆-၈-၂၀၂၀ ထိ တနင်္ဂနွေမြေ ဝင်မည်။ ဘာပဲလုပ်လုပ်လုပ်ငန်းများ အဆင်ပြေမည်။ လူချစ်လူခင် ပေါများမည်။ မည်သည့်စာမေးပွဲဖြေဖြေ အဆင်ပြေမည်။ သွား၊ ခံတွင်းနှင့် ပတ်သက်၍ ကျန်းမာရေးဂရုပြုပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့် ဘယ်အခါမှမခွဲရတော့ပါ။အကျိုးပေးသော အရောင် ။ ။ ပန်းရောင်၊ ခဲရောင်အကျိုးမပေးသော အရောင် ။ ။ လိမ္မော်ရောင်၊ အနက်ရောင်အကျိုးပေးသော ဂဏန်းများ ။ ။ ၂၊ ဝ၊ ၁၊ ၇ ပါသော ဂဏန်းများယတြာ ။ ။ ပန်းတိမ်ငိုပန်း ဘုရားပန်းကပ်လှူပါ။ ကွမ်းသမားနှင့် ကိုဗစ် တနင်္လာအလုပ်လျှောက်ထားသူများ အလုပ်ရမည်။ ရာထူး တိုးမည်။ ယခုလအတွင်း မြေ မဝယ်သင့်ပါ။ အိပ်မက်ကောင်းများ မက်မည်။ မတော်တဆထိခိုက်မှုများ […]

ရာသီသွေးပေါ်ချိန်မှာ သတိပြုစရာ

diz_admin

August 4, 2020

ရာသီသွေးပေါ်ခြင်းသည် အပျိုဖော်ဝင်ပြီး အမျိုးသမီးများတွင် သားအိမ်အတွင်းနံရံအမှေးပါး ကွာကျကာ မိန်းမကိုယ်မှ သွေးအဖြစ် ကျလာခြင်းဖြစ်သည့် သဘာဝဖြစ်စဉ်ဖြစ်ပါသည်။ အမျိုးသမီးအများစုတွင် တစ်ကြိမ်သွေးပေါ်လျှင် ၄ ရက်မှ ၈ ရက်ခန့်အထိ ကြာတတ်ပြီး တစ်ကြိမ်နှင့် တစ်ကြိမ်ကြား ပျမ်းမျှ ၂၈ ရက်ခန့် ကြာပါတယ်။ ပျမ်းမျှအားဖြင့် အမျိုးသမီးတစ်ဦးသည် ရာသီသွေးပေါ်ခြင်း တစ်ကြိမ်ကာလအတွင်းတွင် သွေးပမာဏ စားပွဲတင်ဇွန်းဖြင့် ၂ ဇွန်းမှ ၃ ဇွန်း (၃၀ မှ ၄၅ စီစီ)ခန့် ထွက်လေ့ရှိသည်။ ပါးစပ်နှင့် နှာခေါင်းစည်း အရည်အသွေး ကောင်း/မကောင်း ဘယ်လိုစစ်မလဲ ရာသီသွေးပေါ်ချိန် ဘာတွေ သတိထားသင့်ပါလဲ၁) ရာသီသွေးပေါ်စဉ်ကာလတွင် အာဟာရမျှတစေရေး အစာအုပ်စု စုံလင်စွာစားရန် လိုအပ်ပါသည်။ အထူးသဖြင့် သံဓာတ်ပါဝင်မှုများသည့် အသားနှင့်အသည်းများ၊ အစိမ်းရင့်ရောင်အရွက်များကို စားသုံးပါ။ […]

ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာ ဗေဒင် ဟောကိန်း

diz_admin

August 4, 2020

၃-၈-၂၀၂၀ မှ ၉-၈-၂၀၂၀ ထိ တနင်္ဂနွေစက်ပစ္စည်းတစ်ခု ဝင်မည်။ အမွေအနှစ်များ ရရှိတတ်သည်။ ပညာရေးစာမေးပွဲကိစ္စများ အဆင်ပြေမည်။ သင်လူငယ်တစ်ယောက်ဖြစ်ပါက အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက် မည့်ကာလဖြစ်သည်။ ကျန်းမာရေး ဂရုပြုရမည်။ ငွေကြေးများစွာ ဆုံးရှုံးတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် ခဏတာလွဲချော်မှုများ ရှိနေတတ်သည်။အကျိုးပေးသော အရောင် ။ ။အနီရောင်၊ အနက်ရောင်အကျိုးမပေးသော အရောင် ။ ။ အပြာရောင်၊ လိမ္မော်ရောင်မသွားသင့်သော အရပ် ။ ။ မြောက်အရပ်ယတြာ ။ ။ သစ်သီးကိတ်မုန့်ကို ပါးပါးလှီး၍ ဆွမ်းတော်ကပ်လှူပါ။ တနင်္လာဘာပဲလုပ်လုပ် လုပ်ငန်းများ အောင်မြင်အဆင်ပြေမည်။ အိုးအိမ်ပြုပြင်ခြင်း၊ အိမ်ဆောက်ခြင်း များ ဆောင်ရွက်ရတတ်သည်။ ယခုလအတွင်း၌ ပညာရေး၊ အင်တာဗျူးကိစ္စများ အဆင်ပြေ မည်။ သွေးထွက်သံယို ဖြစ်တတ်သည်။ အတိုက်အခံများပြောဆိုရတတ်သည်။ […]

ကြောင်မှတစ်ဆင့် ကူးစက်နိုင်သောရောဂါ

diz_admin

July 28, 2020

ကြောင်မှတစ်ဆင့် ကူးစက်နိုင်သော ရောဂါ(Toxoplasmosis ရောဂါ) သည် Toxoplasma gondii ကပ်ပါးပိုးကြောင့်ဖြစ်သော တိရစ္ဆာန်များမှ လူသို့ကူးစက် သောရောဂါတစ်မျိုး ဖြစ်သည်။ Toxo-plasmosis ရောဂါကြောင့် ကိုယ်ဝန် ဆောင်မိခင်များနှင့် အကြောင်းအမျိုးမျိုးကြောင့် ခုခံအားကျဆင်းနေသူများတွင် ပြင်းထန်သော နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးများစွာ ခံစားရစေနိုင်ပါသည်။ ရောဂါကူးစက်နိုင်သော နည်းလမ်းများမှာ- ကြောင်မစင်(သို့မဟုတ်) အဆိုပါ မစင်တွင်ပါဝင်သော မြေကြီး အား ကိုင်တွယ်ထားသော လက်၊ အသားစိမ်းများကို ကိုင်တွယ်ထားသော လက်တို့ဖြင့် အစားအသောက်များကို လက်မဆေးဘဲ ကိုင်တွယ်စားသုံးမိခြင်း၊ ကျက်အောင်မချက်ထားသော အသားများနှင့် ပင်လယ်စာများ စားခြင်း၊ ကပ်ပါး ပိုးပါဝင်သည့် မသန့်ရှင်းသောရေအား သောက်သုံးခြင်း၊ ကိုယ်ဝန်ဆောင်များတွင် မိခင်မှ သန္ဓေသားသို့ ကူးစက်ခြင်း၊ ကိုယ်လက်အင်္ဂါ အစားထိုးခြင်းနှင့် သွေးသွင်းခြင်းမှတဆင့် ကူးစက်ခြင်းတို့ ပါဝင်သည်။ ရောဂါကူးစက်ခံရသူတိုင်းတွင် […]

ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာ ဗေဒင် ဟောကိန်း

diz_admin

July 27, 2020

၂၇-၇-၂၀၂၀ မှ ၂-၈-၂၀၂၀ ထိ တနင်္ဂနွေလာဘ်လာဘများ ရရှိမည်။ လူမျိုးကွဲတို့ ကူညီမစမည်။ ပညာရေးကိစ္စများ အောင်မြင်မည်။ မြေကိစ္စ၊ အမွေကိစ္စနှင့် ပတ်သက်၍ အဆင်ပြေမည်။ ခရီးတစ်ခု သွားရမည်။ ယခုလအတွင်း ဖုန်း မဝယ်ပါနှင့်။ သူခိုးသူဝှက်များ ဒုက္ခပေးတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် အခုချစ်လိုက် အခုမချစ်လိုက် ဖြစ်နေတတ်သည်။အကျိုးပေးသော အရောင်။ ။ အနီရောင်၊ အဖြူရောင်အကျိုးမပေးသော အရောင်။ ။ အဝါရောင်၊ အစိမ်းရောင်မသွားသင့်သော အရပ်။ ။ အရှေ့အရပ်ယတြာ။ ။သစ္စာပန်း ဘုရားပန်းကပ်လှူပါ။ တနင်္လာယခုတစ်ပတ်အတွင်း ယာဉ်ဝယ်ခြင်း၊ လဲခြင်း မပြုပါနှင့်။ မြေ ဝင်မည်။ ဘုရားဖူးခရီး သွားရ တတ်သည်။ ပညာရေးကိစ္စ အဆင်ပြေမည်။ မောင်နှမသားချင်းများနှင့် ပတ်သက်၍ စိတ်သောက ရောက်ရတတ်သည်။ ငွေကြေးကတော့ […]

သွားပိုးစား၊ သွားဖုံးရောင် ကာကွယ်နိုင်ဖို့

diz_admin

July 21, 2020

အဖြစ်များသော သွားနှင့် ခံတွင်း ရောဂါများဖြစ်တဲ့ သွားပိုးစားတာ၊ သွားဖုံးရောင်တာတွေဟာ သွားနဲ့သွားဖုံးမှာ ဘတ်တီးရီးယား ပိုးများဝင်ရောက်ရာကနေ ဖြစ်ပါတယ်။ ဘက်တီးရီးယား ပိုးတွေဟာ အစားအစာထဲက သကြားဓာတ်ကို အက်စစ်ဓာတ်အဖြစ် ပြောင်းလဲစေပြီး သွားထဲက ကယ်လ်ဆီယမ်နဲ့ ဖော့စဖိတ်ဓာတ်တို့ကို ပျော်ဝင်စေတယ်။ ဒါကြောင့် သွားမှာ အပေါက်များဖြစ်စေပြီး သွားကို ပျက်စီးစေပါတယ်။ သွားပိုးစားတာ၊ သွားဖုံးရောင်တာ တွေကနေတစ်ဆင့် သွားဖုံးမှာ ပြည်တည်တာ၊ မေးရိုးနဲ့ မျက်နှာရောင်ရမ်းတာတွေ ဖြစ်စေပြီး အချိန်မီကုသမှု မခံယူဘူးဆိုရင် အသက်သေစေနိုင်တဲ့အထိ အန္တရာယ်ရှိပါတယ်။ အဲလိုမဖြစ်အောင် ဘာတွေလုပ်ဖို့ လိုပါသလဲ။ ၁) တစ်နေ့နှစ်ကြိမ် စနစ်မှန်မှန် သွားတိုက်တာ၊ အချိုများတဲ့ သရေစာတွေ လျှော့စားတာက သွားပိုးစားခြင်းနှင့် သွားဖုံးရောင်ရောဂါကို ထိရောက်စွာ ကာကွယ်နိုင်ပါတယ်။ ဖျားနာ၊ ချောင်းဆိုးတိုင်း ကိုဗစ်ဖြစ်သလား ၂) […]

Pro ဘာဂါနဲ့ ကော်ဖီဆိုင်ခွဲသစ်

diz_admin

July 20, 2020

ကိုဗစ်ကာလမှာ အိမ်တွင်းအောင်းနေရာက အပြင်ကို အသီးသီးထွက်လာကြတဲ့ မိတ်ဆွေများကို ဇူလိုင်လ ၁၅ ရက်နေ့က အသစ်ထပ်မံဖွင့်လှစ်လိုက်တဲ့ Pro ဘာဂါနဲ့ ကော်ဖီဆိုင်ခွဲနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အစားအသောက်ဆန်းဆန်းလေးတွေ ကြိုက်တဲ့မိတ်ဆွေတွေအတွက် ဘာဂါ၊ ပီဇာ၊ ကော်ဖီနဲ့ Pepsi အချိုရည်အပြင် အခြားအရသာကောင်းတဲ့ အစားအသောက်တွေကို အချိန်မြန်မြန်နဲ့ရရှိနိုင်ပါတယ်။ ဆိုင်သစ်ဖွင့်ပွဲ အထိမ်းအမှတ်အနေနဲ့ ဘာဂါ ဆယ်လုံးဝယ်ရင် တစ်လုံးလည်း လက်ဆောင်ပေးနေပါတယ်။ ဆိုင်ရဲ့အသစ်ဖန်တီးထားတဲ့ စားစရာတစ်ခုကတော့ Pro ပီဇာပါပဲ။ ဆိုင်ကတော့ အရသာထူးမယ်လို့ ညွှန်းထားပါတယ်။ ဆိုင်အသစ်လေးကတော့ သေသေသပ်သပ်နဲ့ သန့်သန့်ရှင်းရှင်းလေးရှိအောင် ပြင်ဆင်ထားပြီး ထိုင်ချင်စဖွယ်ခုံလေးတွေအပြင် အပျင်းပြေဖတ်ဖို့ စာအုပ်လေးတွေလည်း ချပေးထားပါသေးတယ်။ တတိယမြောက်ဆိုင်ခွဲဖြစ်တဲ့ ဒီဆိုင်လေးကို နိဗ္ဗာန်လမ်းနှင့်ဗဟိုစည်လမ်းထောင့်၊ မြို့တွင်းလမ်း၊ ထားဝယ်မြို့မှာ ထပ်ဖွင့်ထားပြီး ထားဝယ်တက္ကသိုလ်ဝင်းထဲနဲ့ ရွှေတောင်စားလမ်းတွေမှာလည်း ဆိုင်ခွဲတွေ ရှိပါတယ်။ အိမ်ပို့စနစ်နဲ့ […]

မှိုဆိပ်သင့်ခြင်း အန္တရာယ်

diz_admin

July 14, 2020

မှိုများတွင် အန္တရာယ်ကင်းစွာ စားသုံးနိုင်သော မှိုအမျိုးအစားများရှိသကဲ့သို့ အဆိပ်ရှိသော မှိုများစွာ ရှိပါသည်။ အဆိပ်ရှိသော မှိုများအနက် အချို့မှာ ပြင်းထန်စွာ အဆိပ်သင့်စေ၍ အသက်ဆုံးရှုံးစေသည်အထိ ဖြစ်နိုင်ပါသည်။ အဆိပ်ရှိ မှိုများ၏ လက္ခဏာများမှာ၁) မှိုအခြေတွင် အခွက်ပါရှိခြင်း၊၂) မှိုပွင့်၏ အရိုးတံတွင် ခြေချင်းပါ ရှိခြင်း၊၃) မှိုထီးအရွက်တွင် အကြေးဖတ် များ ပြန့်ကျဲခြင်း၄) ထီးရွက်အောက် ပါးဟက်များ ဖြူခြင်း၅) မှိုထီးအရွက် အရောင်အဆင်း တောက်ပခြင်း၆) အစိမ်းရောင်မှိုမျိုးမှုန်များ ထုတ်လွှတ်ခြင်း မှိုဆိပ်သင့်ခြင်း လက္ခဏာများမှာမှိုစားပြီး မိနစ် ၂၀ မှ ၄ နာရီအတွင်း မူးဝေခြင်း၊ အော့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်းတို့ ဖြစ်ပွားနိုင်ပြီး ပြင်းထန်ပါက အသက်ဆုံးရှုံးနိုင်ပါသည်။ ထို့အပြင် ဦးနှောက်နှင့် အာရုံကြောထိခိုက်ပြီး စိတ်အာရုံခြောက်ခြားခြင်း၊ အလွန်အမင်း နိုးကြားလာခြင်းနှင့် […]