BREAKING
January 22, 2025

လမ်းညွှန်

သားအိမ်ခေါင်းကင်ဆာရောဂါကို ကြိုတင်ကာကွယ်နိုင်ပါသလား

diz_admin

September 6, 2020

သားအိမ်ခေါင်းကင်ဆာသည် ကြိုတင်ကာကွယ်နိုင်သော ရောဂါဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ အမျိုးသမီးများတွင် ဖြစ်ပွားသော ကင်ဆာရောဂါများအနက် ဒုတိယအများဆုံး တွေ့ရှိရသည့် ရောဂါ ဖြစ်ပါသည်။ သားအိမ်ခေါင်းကင်ဆာရောဂါသည် ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်သည့် (Human Papilloma Virus – HPV) ကြောင့် အဓိကဖြစ်ပွားပြီး အသက်ငယ်ရွယ်စဉ် စောစီးစွာအိမ်ထောင်ပြုခြင်း/ လိင်ဆက်ဆံခြင်း၊ လိင်ဆက်ဆံဖော်များခြင်း၊ လိင်နှင့်ပက်သက်သောရောဂါများ ကူးစက်ခံရခြင်းနှင့် မိန်းမကိုယ်နှင့် သားအိမ်ခေါင်းတွင် ကြွက်နို့/ရေယုန်ပေါက် ခြင်းစသည်တို့ကြောင့် ကူးစက်ဖြစ်ပွား နိုင်ပါသည်။ ရောဂါလက္ခဏာများမှာ မိန်းမကိုယ်မှ အဖြူဆင်းခြင်း၊ ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်း၊ ဆီးစပ်နှင့် ခါး နာကျင် ကိုက်ခဲခြင်း၊ ဆီးတွင်းသွေးပါခြင်း၊ ဆီးသွားရခက်ခဲခြင်း၊ လိင်ဆက်ဆံမှု ပြုပြီးပါက သွေးဆင်းခြင်းနှင့် နာကျင်ခြင်းတို့ ဖြစ်ပါသည်။ ကြိုတင်ကာကွယ်ခြင်းနည်းလမ်းများမှာ-(၁) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးခြင်း၊(၂) သားအိမ်ခေါင်းကင်ဆာ အကြို အဆင့်ကို စောစီးစွာသိရှိရန် […]

ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာ ဗေဒင် ဟောကိန်း

diz_admin

August 31, 2020

၃၁- ၈-၂၀၂၀ မှ ၆- ၉-၂၀၂၀ ထိ တနင်္ဂနွေ မရသေးသောရရန်ကျန်သော ငွေကြေးများစွာ ဝင်လာမည်။ နိုင်ငံရပ်ခြားနှင့် ဆက်စပ်သော ကိစ္စများ အဆင်ပြေမည်။ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း အဆင်ပြေမည်။ ကျန်းမာရေး အညံ့မရှိပါ။ ပညာရေးကိစ္စများ အဆင်ပြေမည်။ မေတ္တာရေးသည်ကား ချစ်သူ နှင့် နှလုံးသားချင်း နီးစပ်မည်။အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ အညိုရောင်အကျိုးမမေးသော အရောင် ။ ။ ပန်းဆီရောင်၊ အစိမ်းရောင်မသွားသင့်သော အရပ် ။ ။ တောင်အရပ်ယတြာ ။ ။ ဂန္ဓမာအဖြူ ၁၅ ပွင့် ဘုရားပန်းကပ်လှူပါ။ တနင်္လာ မြေ ဝင်မည်။ သင်ငွေကြေးကိစ္စ ကြောင့်ကြနေလျှင် မကြာမီအဆင်ပြေမည်။ ဆွေမျိုးသား ချင်းများ ကူညီမစမှု […]

အစားအသောက်ထပ်ဖြည့်ပစ္စည်းများနှင့် ပတ်သက်ပြီး သိသင့်စရာများ

diz_admin

August 26, 2020

အစားအသောက်ထပ်ဖြည့်ပစ္စည်း (food additive) ဆိုသည်မှာ အစားအသောက်၏ တာရှည်ခံမှု၊ လတ်ဆတ်မှု၊ အရသာ၊ အသွင်အပြင်၊ အရောင်အဆင်းတို့ကို ပြုပြင်ထိန်းသိမ်းရန်နှင့် အမြင်အားဖြင့် ပိုမို ကောင်းမွန်စေရန် အသုံးပြုသော ပစ္စည်းများကို ဆိုလိုပါသည်။ ထိုပစ္စည်းများသည် အာဟာရတန်ဖိုးမရှိသည့်အပြင် အများအားဖြင့် ကျန်းမာရေးကို ထိခိုက်စေသော ဆိုးကျိုးများသာဖြစ်စေပါသည်။ မြန်မာနိုင်ငံတွင် အများဆုံးတွေ့ရသော အန္တရာယ်ရှိသည့် အစားအသောက် ထပ်ဖြည့်ပစ္စည်းများမှာ စားသုံးရန်မသင့်သည့် ဓာတုဆိုးဆေးများနှင့် တာရှည်ခံဆေးများ ဖြစ်ပါသည်။ အသုံးများသော စားသုံးရန်မသင့်သည့် ဓာတုဆိုးဆေးများမှာ Auramine O (အဝါရောင်- လက်ဖက်များတွင် အသုံးပြု)၊ Rhodamine B (အနီရောင်- ငါးပိတွင်အသုံးပြု)၊ Sudan Dyes (အနီရောင်- ငရုပ်သီးမှုန့်နှင့် အရောင်တင် မှုန့်တွင်အသုံးပြု)၊ Orange II (လိမ္မော် ရောင်- ငရုပ်သီးမှုန့်နှင့် […]

ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာ ဗေဒင် ဟောကိန်း

diz_admin

August 24, 2020

၁၇-၈-၂၀၂၀ မှ ၂၃-၈-၂၀၂၀ ထိ တနင်္ဂနွေဘုရားဖူးခရီးများ သွားရတတ်သည်။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုးမည်။ အလှူအတန်းများ ပြုရတတ်သည်။ စာမေးပွဲ၊ အင်တာဗျူးကိစ္စများ အဆင်ပြေမည်။ စကားပြောသောအခါ မှားတတ်သည်မို့ အထူးဂရုပြုရမည်။ ငွေကြေးနှင့် ပတ်သက်၍ ဆုံးရှုံးခြင်း၊ ကြန့်ကြာခြင်း ဖြစ်တတ်သည်။ ကျန်းမာရေး စိုးရိမ်စရာမရှိပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့် စိတ်ကောက်လိုက် ပြန်ချော့လိုက် ဖြစ်နေရတတ်သည်။အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ အဖြူရောင်အကျိုးမပေးသော အရောင် ။ ။ လိမ္မော်ရောင်၊ အစိမ်းရောင်မသွားသင့်သော အရပ် ။ ။ အရှေ့တောင်အရပ်ယတြာ ။ ။ သစ်ခွပန်း ဘုရားပန်းကပ်လှူပါ။ တနင်္လာလူငယ်များ အလုပ်အကိုင်အခွင့်လမ်းများ ရရှိမည်။ လုပ်ငန်းများ အောင်မြင်အဆင်ပြေမည်။ ဘုရားဖူးခရီးများ သွားရမည်။ အရေးတကြီးပြောဆိုရမည့်ကိစ္စများ အဆင်ပြေမည်။ […]

အိမ်တွင်းလေထုညစ်ညမ်းမှု

diz_admin

August 19, 2020

အိမ်တွင်းလေထုညစ်ညမ်းမှု အိမ်တွင်းလေထုညစ်ညမ်းမှုဆိုတာ အိမ်တွင်းလေဝင်လေထွက် စနစ်အား နည်းတာကြောင့် အိမ်တွင်းခိုအောင်းလျက်ရှိတဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့လေကို ရှူမိရာကနေ နောက်ဆက်တွဲ ကျန်းမာရေး ဆိုးကျိုးတွေ ဖြစ်ပွားတာ ဖြစ်ပါတယ်။ အဓိက ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းတွေကတော့ ထင်း/ မီးသွေးမီးဖိုတွေကို အသုံးပြုပြီး အစားအသောက် ချက်ပြုတ်တာ၊ ဖယောင်းတိုင်/အမွှေးတိုင်/ ခြင်ဆေးခွေတွေ ထွန်းတာ၊ အိမ်တွင်းမှာ ဆေးလိပ်သောက်တာ၊ အညစ်အကြေးတွေ ထွက်တာနဲ့ အိမ်အနီးဝန်းကျင်မှာ အမှိုက်တွေ မီးရှို့တာ စတာတွေ ဖြစ်ပါတယ်။ လတ်တလော ခံစားရနိုင်တဲ့ရောဂါ လက္ခဏာတွေကတော့ ခေါင်းမူးတာ၊ ခေါင်းကိုက်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ အသက်ရှူကျပ်တာ၊ ပျို့တာ၊ နှာချေတာ၊ ချောင်းဆိုးတာနဲ့ မျက်စိ၊ နှာခေါင်း၊ လည်ချောင်း၊ အရေပြားယားယံတာ စတာတွေ ဖြစ်နိုင်ပါတယ်။ ရေရှည်ခံစားရတာကြောင့် ဖြစ်ပေါ် နိုင်တဲ့ ကျန်းမာရေးပြဿနာတွေကတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာ […]

ခုနှစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင်ဟောကိန်း

diz_admin

August 19, 2020

ခုနှစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင်ဟောကိန်း ဩဂုတ်လ ၁၇၊၂၀၂၀ မှ ဩဂုတ်လ ၂၃၊ ၂၀၂၀ အထိ

ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာ ဗေဒင် ဟောကိန်း

diz_admin

August 17, 2020

၁၇-၈-၂၀၂၀ မှ ၂၃-၈-၂၀၂၀ ထိ တနင်္ဂနွေအိုးအိမ် ပြုပြင်ခြင်း၊ လုပ်ငန်းများစတင်ရန် အကောင်းဆုံး ဖြစ်သည်။ တီဗွီကက်ဆက်စသော စက်ပစ္စည်းများ ဝင်မည်။ လူကြီးများ ချီးမြှင့်မြှောက်စားမှု ခံရမည်။ လူငယ်များ ပညာရေး ကိစ္စများ အဆင်ပြေမည်။ မြေကိစ္စ၊ အမွေကိစ္စ စကားပြောရတတ်သည်။ ကျန်းမာရေးစိုးရိမ်စရာ မရှိပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့် ကြည်နူးလိုက်လွမ်းလိုက် ဖြစ်နေရတတ်သည်။အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ ရွှေအိုရောင်အကျိုးမပေးသော အရောင် ။ ။ အစိမ်းရောင်၊ အနက်ရောင်မစားသင့်သော အစားအစာ ။ ။ ဘဲသား၊ ဝက်သားယတြာ ။ ။ ပန်းသစ်တော်သီးကို ခွဲစိတ်ပြီး ဘုရားဆွမ်းတော်ကပ်လှူပါ။ တနင်္လာလုပ်ငန်းများ အောင်မြင်အဆင်ပြေမည့်ကာလ ဖြစ်သည်။ သင်တန်းတက်၊ စာမေးပွဲကိစ္စများ အဆင်ပြေမည်။ တီဗွီ၊ […]

မိုးသည်း ရေလွှမ်းမိုးရင် ဘာတွေသတိထားရမှာလဲ

diz_admin

August 11, 2020

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးအန္တရာယ်၊ မိုးကြိုးအန္တရာယ်၊ မြေပြိုအန္တရာယ်၊ လျှပ်စစ်ဓာတ်လိုက်မှု အန္တရာယ်၊ ထိခိုက်မှုအန္တရာယ်၊ မြွေကိုက်မှုအန္တရာယ်၊ အအေးမိ၍ ဖျားနာတာ၊ အဆုတ်ရောင်တာ၊ ကူးစက်ရောဂါများဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါ၊ အစာအဆိပ်သင့် ရောဂါနှင့် အခြားကျန်းမာရေးပြဿနာ များ ဖြစ်ပွားတတ်ပါတယ်။ ဒါကြောင့် . . .၁ ) သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ကနေ ထုတ်ပြန်တဲ့ လိုက်နာဆောင်ရွက်ရမယ့် သတိပေးချက်တွေကို တိကျစွာ လိုက်နာ ဆောင်ရွက်ပါ။ ၂) ရေလွှမ်းမိုးနေချိန်မှာ သက်ဆိုင်ရာမှ ညွှန်ကြားချက်ရမှသာ ယာယီနာခိုနေသော အဆောက်အဦ၊ အမိုးအကာများ အောက်မှ ထွက်ခွာပါ။ ချိုင့်ခွက်နှင့် မြောင်းများအတွင်းသို့ ချော်ကျ၍ ရေနစ်နိုင်တဲ့ အန္တရာယ်ရှိတာကြောင့် သတိပြု၍ သွားလာပါ။ ၃) လျှပ်စစ်ဓာတ်လိုက်မှု အန္တရာယ်ရှိ၍ သတိပြုသွားလာပါ။ ၄) မြွေအန္တရာယ် ကြုံတွေ့ရတတ်သဖြင့် သတိပြုပါ။ […]