BREAKING
September 16, 2024

လမ်းညွှန်

တစ်ပတ်စာ ဗေဒင် (၂၅- ၁- ၂၀၂၁ မှ ၃၁- ၁-၂၀၂၁ ထိ)

diz_admin

January 26, 2021

တနင်္ဂနွေလုပ်ငန်းများ အောင်မြင်တိုးတက်မည်။ ဝန်ထမ်းဖြစ်က ရာထူးတိုးမည်။ အလှူအတန်းများ ပြုရတတ်သည်။ ဖြေဆိုထားသည့် စာမေးပွဲများ မုချအောင်မြင်မည်။ လူလိမ်ခံရတတ်သည်။ ဘာသာရေးကိစ္စများ ဆောင်ရွက်ရတတ်သည်။ ယာဉ်များ ပျောက်ရှတတ်သည်။ မေတ္တာရေး သည်ကား ချစ်သူနှင့် ရာသက်ပန်လက်တွဲရပါမည်။ ။အကျိုးပေးသော အရောင် ။ ။ အနီရောင်၊ အနက်ရောင်အကျိုးမပေးသော အရောင် ။ ။ လိမ္မော်ရောင်၊ အစိမ်းရောင်မသွားသင့်သော အရပ် ။ ။ တောင်အရပ်ယတြာ ။ ။ သစ္စာပန်းကို ဘုရားပန်းအဖြစ်ကပ်လှူပါ။ တနင်္လာရွှေထည်ပစ္စည်းတစ်ခုခု ဝင်မည်။ လာဘ်လာဘများ ဝင်မည်။ လုပ်ငန်းများ အောင်မြင်အဆင် ပြေမည်။ တီဗွီ၊ ကော်ဇော၊ မွေ့ရာတစ်ခုခုဝင်မည်။ ငွေချေးငှားခြင်း ဂရုစိုက်ပါ။ သင့်အိမ်ရှိ မိခင်၊ အဒေါ် ကျန်းမာရေး ဂရုပြုပါ။ ကျန်းမာရေးနှင့်ပတ်သက်၍ […]

စိတ်ဖိစီးမှုကို အမြန်ဆုံးလျော့ပါးသက်သာသွားစေမယ့် အစားအစာ ၁၂ မျိုး

diz_admin

January 24, 2021

လူတိုင်း စိတ်ပင်ပန်းတတ်သလို စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေဆိုတာ လည်း မကြာခဏကြုံရတတ်ပါတယ်။ ဒါပေမယ့် ဒီလိုကြုံလာရတိုင်း ကုစားမှုနဲ့ ဖြေရှင်းကြတဲ့ နှုန်းက အလွန်နည်း ပါးပါတယ်။ ဒီအတိုင်းပဲ အချိန်တန်ရင် အဆင်ပြေသွားမှာပါလို့ တွေးရင်း စိတ်ပင်ပန်းကြီးစွာနဲ့ ဘဝကို ဖြစ်သလို ဖြတ်သန်းပစ်ကြတာများတယ် မဟုတ်လား။ တကယ်တော့ စိတ်ပင်ပန်းမှု ကြောင့်ဖြစ်လာတဲ့ စိတ်ဖိစီးမှု ဆိုတာက တစ်ခါဖြစ်ပြီးတာနဲ့ အကြိမ်ကြိမ် ပြန်ဖြစ်လာ ပြန်ခံစားလာရမယ့် အရာမျိုးပါ။ ဒီအတိုင်းအချိန်တန်ရင် စိတ် သက်သာသွားမှာပါဆိုပြီး တင်းခံရင် နောက်ဆုံးမှာ လက်လျှော့ပြီး အရှုံးပေးလိုက်ရချိန်မျိုးကို ရောက်သွား တတ်ပါတယ်။ ဒီလိုမဖြစ်ဖို့ဆိုရင် ကိုယ့်ရဲ့ စိတ်ကျန်းမာရေး အခြေအနေကို ကာကွယ်ဖို့ လိုအပ်ပါတယ်။ စိတ်ဖိစီးမှုတွေ ကင်းနေဖို့က ကိုယ်လက်ကျန်းမာအောင် နေထိုင်စားသောက်ဖို့လိုအပ်ပါတယ်။ ဒါက အရေးအကြီးဆုံးအချက်ပါပဲ။ တကယ်လို့ ကိုယ့်မှာ […]

တစ်ပတ်စာ ဗေဒင် (၁၈- ၁- ၂၀၂၁ မှ ၂၄- ၁-၂၀၂၁ ထိ)

diz_admin

January 19, 2021

တနင်္ဂနွေအိမ်ဆောက်ခြင်း၊ အိမ်ပြုပြင်ခြင်းလုပ်ငန်းများ ကောင်းသည်။ အလုပ်လျှောက်ထားသူ လူငယ်များ အဆင်ပြေမည်။ သင်တန်းကိစ္စများ ဆောင်ရွက်ရတတ်သည်။ ဆွေမျိုးသားချင်းများ သင့်ကို ကူညီမစမည်။ ဖုန်းပျက်ခြင်း၊ ရွှေထွက်ခြင်းများ ဖြစ်တတ်သည်။ ငွေကြေးနှင့်ပတ်သက်၍ ချေးငှားခြင်း ဂရုစိုက်ပါ။ ကျန်းမာရေး ဂရုစိုက်ရမည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် လက်ထပ်ရမည့်အခါဖြစ်သည်။ ။အကျိုးပေးသော အရောင် ။ ။ အနီရောင်၊ ပြောက်ကျားအကျိုးမပေးသော အရောင် ။ ။ အနက်ရောင်၊ အဝါရောင်မသွားသင့်သော အရပ် ။ ။ အရှေ့တောင်အရပ်ယတြာ ။ ။ သီလရှင်တို့ကို ငွေလှူပါ။ တနင်္လာခရီးတစ်ခု သွားရမည်။ ကွဲနေသောမိတ်ဆွေကောင်းများနှင့် ပြန်တွေ့ရတတ်သည်။ ရွှေ၊ ယာဉ်၊ ဖုန်းတစ်ခုခု ဝင်မည်။ သို့သော် စက်ပစ္စည်းများ မဝယ်ပါနှင့်။ လုပ်ငန်းများကြီးပွားတိုးတက်အောင်မြင်မည်။ ဖိနပ်ပျက်၊ ထီးပျက်များရှိလျှင် […]

မာလာရှမ်းကောက ဘာလို့ စွဲလမ်းစရာဖြစ်နေတာလဲ

diz_admin

January 17, 2021

ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ- Dr. Phyo Wai Lynn | ရေးသားသူ- Ye Zon Aung “မာလာရှမ်းကော စားမလား” လို့ မေးလိုက်တာနဲ့ ခေါင်းကလေးထောင်ပြီး “ဘယ်မှာလဲ” လို့ မေးရင်း တံတွေးကို ဂလုခနဲ မျိုချမိသွားပြီလား။ အသီးအရွက်တွေ အသားငါးတွေ စုံစုံလင်လင်ပါဝင်ပြီး ပူပူစပ်စပ်အရသာနဲ့ တရုတ်ဟင်းလျာဟာ ဒီကနေ့ ကမ္ဘာ ပေါ်မှာ အလွန်ရေပန်းစားနေတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် အရှေ့တိုင်းနဲ့ အရှေ့တောင်အာရှတိုင်းပြည်တွေမှာပေါ့။ မြန်မာနိုင်ငံမှာဆိုရင်လည်း မာလာရှမ်းကောဆိုင်တွေ အလျှိုအလျှိုပေါ်လာနေပြီး လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ အလွန်လူကြိုက်များလွန်းလှတဲ့ အစားအစာတစ်ခုအဖြစ်လာနေပါတယ်။ ဒီလို အချိန်တိုအတွင်း ဘာကြောင့် လူကြိုက် များလာတာလဲ၊ မာလာရှမ်းကောက ကျန်းမာရေးနဲ့ ကိုက်ညီရဲ့လားဆိုတာကို ပြောပြပေးချင်ပါတယ်။ မာလာရှမ်းကောဆိုတာမာလာဆိုတာက တရုတ်စကား လုံးဖြစ်ပြီးတော့ “အထုံအစပ်” လို့ […]

တစ်ပတ်စာ ဗေဒင် (၁၁- ၁- ၂၀၂၁ မှ ၁၇- ၁-၂၀၂၁ ထိ)

diz_admin

January 11, 2021

တနင်္ဂနွေဆုံးရှုံးမည်ထင်သော ငွေကြေးများပြန်ရမည်။ လုပ်ငန်းများ အောင်မြင်မည်။ ကားရောင်းမည့် ကိစ္စများ အဆင်ပြေမည်။ ဘုရားဖူးခရီးများ သွားရတတ်သည်။ မိတ်ဆွေအချင်းချင်းအထင်မှား အမြင်မှား ဖြစ်တတ်သည်။ ကျန်းမာရေး စိုးရိမ်စရာမရှိပါ။ ယခုလအတွင်း မြေမဝယ်ပါနှင့်။ မေတ္တာရေးသည်ကား ထာဝရမခွဲ လက်တွဲသွားရပါမည်။အကျိုးပေးသော အရောင် ။ ။ အနီရောင်၊ ပြောက်ကျားအကျိုးမပေးသော အရောင် ။ ။ အစိမ်းရောင်၊ ပန်းဆီရောင်အကျိုးပေးသော ဂဏန်းများ ။ ။ ၁၊ ၂၊ ၇၊ ဝ ပါသော ဂဏန်းများယတြာ ။ ။ ဖရဲသီးကို အစိတ်စိတ်ပြု၍ ကြာသပတေးနေ့၌ ဘုရား ဆွမ်းတော်ကပ်လှူပါ။ တနင်္လာတယ်လီဖုန်း ဝင်မည်။ စီးပွားရေးလုပ်ငန်းများ ကံပွင့်လာဘ်ပွင့် ဖြစ်လာမည်။ ခရီးတစ်ခု သွားရ မည်။ အိမ်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရတတ်သည်။ […]

လူသိသိပ်မများလှတဲ့ သခွားသီးရဲ့ ဘေးထွက်ဆိုးကျိုးများ

diz_admin

January 10, 2021

ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ- Dr. Phyo Wai Lynn | ရေးသားသူ- Ye Zon Aung သခွားသီး ချိုချိုအေးအေးလေးကို လူတိုင်းနီးပါး နှစ်သက်သဘောကျကြပါတယ်။ မြန်မာထမင်းဝိုင်းတွေမှာဆို အတို့အမြှုပ်အနေနဲ့ရော တခါတရံမှာ ဟင်းချိုလို၊ အသုပ်လို ဟင်းအမည်အနေနဲ့ပါ ပါဝင်နေတတ်တဲ့ အစားအစာတစ် မျိုးပေါ့။ ဒါတင်ပဲလားဆိုရင်တော့ မဟုတ်သေးပါဘူး။ သခွားသီးက ဆေးဘက် ဝင်လှသလို အလှအပကြိုက်တတ်တဲ့ ပျိုမေတွေအတွက်လည်း အသုံးတည့်လှတဲ့ ဆေးဝါးဓာတ်စာတစ်မျိုးပါ။ အသားအရေကို အေးမြစေပြီး ဘက်တီးရီးယားပိုးမွှားတွေကို သေစေလို့ အရေပြားအလှအပ ထိန်းသိမ်းတဲ့နေရာမှာလည်း သခွားသီးကို အသုံးများလာ ကြပါတယ်။ ဝက်ခြံနဲ့ အဖုအပိမ့်တွေ၊ ချွေးပေါက်ကျယ်တာကို သက်သာစေပြီး နေလောင်ဒဏ်ကြောင့် အသားအရေ မပျက်စီးစေဖို့ကိုလည်း အစိုဓါတ်ထိန်းပြီး ကာကွယ်ပေးနိုင်ပါသေးတယ်။ နောက်ပြီး သခွားသီးမှာ ကစီဓာတ်၊ အသားဓာတ်၊ […]