BREAKING
September 8, 2024

လမ်းညွှန်

တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ

diz_admin

February 17, 2021

ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ- Dr. Phyo Wai Lynn | ရေးသားသူ- Aye Thi Mon တစ်နေကုန် နေပူထဲမှာ သွားလာ ရတယ်ဆိုရင် ရေသောက်ဖြစ်ဖို့က အခွင့်အလမ်းနည်းသွားသလို ရေဓာတ် ပြည့်ဝဖို့ကလည်း အတော်လေး ခက်ခဲ သွားနိုင်ပါတယ်။ အလုပ်ကြောင့်ပဲ ဖြစ်ဖြစ်၊ အခြားသော လိုအပ်တဲ့ အခြေအနေ တစ်ရပ်ကြောင့်ဖြစ်ဖြစ် တစ်နေကုန် နေပူထဲ လမ်းလျှောက်သွားလာပြီး ပြီဆိုရင်တော့ ညနေဘက်အနားမယူခင် မှာ ခန္ဓာကိုယ်ကို ရေဓာတ် ပြည့်ဝအောင် ဖြည့်ဖို့လိုပါမယ်။ ဒါမှလည်း နောက်တစ်နေ့မှာ စိတ်ရောကိုယ်ပါ ကျန်းမာပြီး လုပ်ဆောင်စရာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်မှာပါ။ ဒါဆို ရေဓာတ်ပြည့်ဖို့ ရေသောက်ရမှာလား ရေ အများကြီး မသောက်ချင်ဘူး။ ဗိုက်ကယ်တယ် ဆိုရင်တော့ မသောက်ရပါဘူးလို့ ပြောပါရစေ။ […]

တစ်ပတ်စာ ဗေဒင် (၁၄- ၂- ၂၀၂၁ မှ ၂၁- ၂-၂၀၂၁ ထိ)

diz_admin

February 15, 2021

တနင်္ဂနွေမြေ ဝင်မည်။ နာရီ ဝင်မည်။ ရင်းနှီးမြှုပ်နှံထားသော ကိစ္စလုပ်ငန်းများ အဆင်ပြေမည်။ သင်အရေးတကြီး ဆုံးဖြတ်ရမည့်ကိစ္စများ မှားယွင်းတတ်သည်။ စကားအပြောအဆိုကြောင့် နားလည်မှုလွဲတတ်သည်မို့ ယခုကာလ သတိထားပါ။ ခြေထောက်၊ မျက်စိနှင့်ပတ်သက်၍ ကျန်းမာရေး ဂရုပြုပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့် မိမိကြားမှာ ကြားလေသွေးတတ်သော ကာလဖြစ်သည်။ ။အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ အစိမ်းရောင်အကျိုးမပေးသော အရောင် ။ ။ လိမ္မော်ရောင်၊ အနက်ရောင်မသွားသင့်သော အရပ် ။ ။ တောင်အရပ်ယတြာ ။ ။ မုန့်ဟင်းခါးတစ်ချိုင့်ကို ဘုန်းကြီးကျောင်းသွားလှူပါ။ တနင်္လာလူမျိုးကွဲတို့ အကျိုးပေးမည်။ လုပ်ငန်းများ အခက်အခဲကြုံရတတ်သည်။ မမျှော်လင့်သော အခွင့်အလမ်းကောင်းတစ်ခု ရတတ်သည်။ မင်္ဂလာစုံတွဲ ကံစမ်းပေးပါ။ ခရီးတစ်ခု သွားရမည်။ ရွှေထည်ပစ္စည်းများ ပြုတ်ကျပျက်စီးတတ်သည်။ […]

တစ်ပတ်စာ ဗေဒင် (၈- ၂- ၂၀၂၁ မှ ၁၄- ၂-၂၀၂၁ ထိ)

diz_admin

February 11, 2021

တနင်္ဂနွေဘုရားဖူးခရီးများ သွားရမည်။ အမွေအနှစ်များ ရရှိတတ်သည်။ စပ်တူရှယ်ယာလုပ်ငန်းများ အဆင်ပြေမည်။ သို့သော် လုပ်ငန်းများ ထပ်မတိုးချဲ့သင့်ပါ။ ယာဉ်ဝယ်ခြင်း၊ လဲလှယ်ခြင်းများ မပြုပါနှင့်။ အင်တာဗျူး၊ စာမေးပွဲဖြေဆိုထားသူများ ရလဒ်ကောင်းရမည်။ မေတ္တာရေးသည် ကား နေရပ်အလာ နေပူကစောင့်နေရသလိုမျိုး ဖြစ်ရတတ်သည်။အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ အပြာရောင်အကျိုးမပေးသော အရောင် ။ ။ ပန်းဆီရောင်၊ အဝါရောင်အကျိုးပေးသော ဂဏန်းများ ။ ။ ၂၊ ၅၊ ၁၊ ဝ ပါသော ဂဏန်းများယတြာ ။ ။ သစ္စာပန်းအဖြူရောင်တစ်စည်း ဘုရားပန်းကပ်လှူပါ။ တနင်္လာနိုင်ငံရပ်ခြားနှင့်ဆက်စပ်သောကိစ္စများ အဆင်ပြေမည်။ ငွေကြေးနှင့်ပတ်သက်၍ အခက်အခဲ ဖြစ်နေသူများ ပြေလည်သွားမည်။ မိမိဖြစ်ချင်သော ဆန္ဒများဖြစ်လာမည်။ သို့သော် မိတ်ဆွေများနှင့် ကတောက်ကဆဖြစ်တတ်သည်။ တယ်လီဖုန်းပျက်လျှင် […]

စိတ်အရမ်းဖိစီးနေလည်း အိပ်ပျော်ဖို့ လိုပါတယ်

diz_admin

February 10, 2021

ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ -Dr. Phyo Wai Lynn |ရေးသားသူ – Aye Thi Mon စိတ်ဖိစီးတယ်။ စိတ်ဖိစီးတယ် ဆိုတာကို ဖိစီးနေမှန်း ကိုယ်တိုင် မသိခင်မှာတင် စိတ်က အတော်လေး ဖိစီးနေပါပြီ။ ဒီလို ဖိစီးတဲ့အခါ ဘာတွေဖြစ်လာ မလဲဆိုတော့ အလိုလိုနေရင်း စိတ်တို လာမယ်။ စိတ်တိုင်းမကျတာတွေ များလာမယ်။ အရာရာကို အမြင် မကြည်တာမျိုး ဖြစ်လာမယ်။ ဒါတွေအပြင် အသက်ရှူရခက်တာ၊ အိပ်ရေးမဝသလို ခံစားရတာ၊ အစားစား ချင်စိတ် မရှိတာ၊ အိပ်မပျော်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုကနေ ရေရှည်မှာ နာမကျန်းမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် စိတ်ရောကိုယ်ပါ ကျန်းမာ စေဖို့အတွက် စိတ်အရမ်းဖိစီးနေရင် တောင် အိပ်ရေးဝအောင် အိပ်ပြီး သေချာလေး […]

သဘာဝမြေသြဇာ ဘိုကာရှီပြုလုပ်နည်း

diz_admin

February 5, 2021

ဘိုကာရှီဆိုသည်မှာနေ့စဉ် မီးဖိုချောင်စွန့်ပစ်ပစ္စည်း တွေကနေ အကောင်းဆုံး အကြွယ်ဝဆုံး သဘာဝ မြေသြဇာပြုလုပ်တဲ့နည်းပါပဲ။ လယ်ယာစိုက်ပျိုးရေးစတာတွေမှာသုံးတဲ့ အခြား ဘိုကာရှီ နည်းလမ်းတွေလည်း ရှိသေးတာမို့ အလွန်ကျယ်ပြန့်တဲ့ ဘာသာရပ် တစ်ခုလည်းဖြစ်ပါတယ်။ဘယ်လိုပဲကွဲပြားခြားနား ကြပါစေ..EM microbes ရယ်၊ ကစော်ဖောက်တာရယ်၊ ပြီးတော့သဘာဝဖြစ် စွန့်ပစ်ပစ္စည်းတွေရယ်ကတော့ အဓိက ပါဝင်ရမယ့် အရာတွေဖြစ်ပါတယ်။ ကျွန်တော်တို့အဓိကထား လုပ်ဆောင်မယ့် အရာကတော့ အိမ်တွေ၊ စားသောက်ဆိုင်တွေ၊ ဈေးတွေကနေ ထွက်လာမယ့် အစားသောက် ချက်ပြုတ်ရာက ကျန်နေမယ့် လက်ကျန်တွေ (Food Wastes) နဲ့ ဓာတုပစ္စည်းသုံးစွဲမထားတဲ့ သဘာဝမြေဆီထွက်စွန့်ပစ်စ္စည်းတွေပဲဖြစ်ပါတယ်။ ဒီလိုသဘာဝဖြစ် စွန့်ပစ်ပစ္စည်းတွေကို လေလုံတဲ့ပုံးတွေ၊ စည်ပိုင်း စတာတွေမှာ EM Bokashi bran လို့ခေါ်တဲ့ ဘိုကာရှီဖွဲနုတစ်မျိုးနဲ့ အချိုးကျရောစပ်ပြီးထည့်ထားလိုက်ရင် နှစ်ပတ်လောက်အတွင်းမှာ အချဉ်ပေါက် လာတတ်ပါတယ်။ အနံ့သက်ဆိုးနဲ့ […]

ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

diz_admin

January 29, 2021

ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ- Dr. Phyo Wai Lynn |ရေးသားသူ- Aye Thi Mon ကိုဗစ် ဖြစ်ပွားမှု တစ်နှစ်ကျော်လောက် ကြာပြီးတဲ့အခါ ဒီဗိုင်းရပ်စ်ကို ကာကွယ်ပေးနိုင်မယ့် ကာကွယ်ဆေးတွေကို ထုတ်လုပ်ခဲ့ပြီး ပထမဆုံး ထိုးနှံမှုတွေ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ Pfizer နဲ့ Moderna တို့က ထုတ်လုပ်တဲ့ ကာကွယ်ဆေးတွေကို အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေးဌာနက အရေးပေါ် အတည်ပြုမှုတွေ လုပ်ဆောင်ပေးခဲ့မှုနဲ့အတူ ကာကွယ်ဆေးတွေ ထွက်ပေါ်လာခဲ့ပါတယ်။ သုတေသီတွေက ထိရောက်ပြီး စိတ်ချရမယ့် Covid-19 ကာကွယ်ဆေးတွေကို ထုတ်လုပ်နိုင်ဖို့ စမ်းသပ်မှုတွေကို လျင်လျင်မြန်မြန် လုပ်ဆောင် နေပါတယ်။ ကာကွယ်ဆေးတွေ ကျယ်ကျယ်ပြန့်ပြန့်ရရှိလာမယ်ဆိုရင် ကမ္ဘာ့ လူဦးရေ အားလုံးကို ကိုဗစ်ရန်ကနေ ပိုပြီးထိရောက်စွာနဲ့ ကာကွယ်လာနိုင်မှာ ဖြစ်ပါတယ်။ […]