တိရစ္ဆာန်စွန့်ပစ်ပစ္စည်း မစင်များဖြင့် မြေသြဇာဖျော်ရည် ပြုလုပ်သုံးစွဲနည်း
diz_admin
January 9, 2020တိရစ္ဆာန်စွန့်ပစ်ပစ္စည်းမစင်များဖြင့် ပြုလုပ်ထားသော မြေဩဇာဖျော်ရည်သည် စိုက်ပျိုးရာသီအတွင်း အပင်များအတွက် လိုအပ်သော အာဟာရဓာတ်များကို လျင်မြန်စွာ ထောက်ပံ့ပေးနိုင်သော သဘာဝမှရသည့် အပင်အာဟာရဓာတ် ရင်းမြစ် တစ်ခု (Natural plant food) ဖြစ်ပါ သည်။ သဘာ၀ မြေဩဇာရည်သည် စနစ် တကျ အသုံးပြုပါက အပင်၏အရွက်များပေါ်မှပင်ဖျန်းပက် အသုံးပြုနိုင်သည်။ အလွန်အကျိုးကျေးဇူးများသော သဘာ၀ မြေဩဇာ ဖြစ်သည်။ ၎င်းတွင် ပါဝင်သော နိုက်ထရိုဂျင်ဓာတ်သည် သီးနှံပင်များအတွက် ပင်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှု နှင့် အသီးတင်မှုနှုန်းကို အားပေးပါသည်။ ၎င်းမြေဩဇာရည်ကို ဟင်းသီးဟင်းရွက်များ၊ ပြောင်းနှင့် အခြားနှံစားသီးနှံပင်များတွင် အသုံးပြုနိုင်ပါသည်။ ကိုင်တွယ် အသုံးပြုရ လွယ်ကူ၍ တိရစ္ဆာန်များကိုလည်း အန္တရာယ်မဖြစ်စေပါ။ သဘာ၀ မြေဩဇာဖျော်ရည် အသုံးပြုရခြင်း၏ ကောင်းကျိုးများ နိုက်ထရိုဂျင်ဓာတ်ကို ထောက်ပံ့ရရှိ စေသောကြောင့် […]