ကြောင်မှတစ်ဆင့် ကူးစက်နိုင်သောရောဂါ
diz_admin
July 28, 2020ကြောင်မှတစ်ဆင့် ကူးစက်နိုင်သော ရောဂါ(Toxoplasmosis ရောဂါ) သည် Toxoplasma gondii ကပ်ပါးပိုးကြောင့်ဖြစ်သော တိရစ္ဆာန်များမှ လူသို့ကူးစက် သောရောဂါတစ်မျိုး ဖြစ်သည်။ Toxo-plasmosis ရောဂါကြောင့် ကိုယ်ဝန် ဆောင်မိခင်များနှင့် အကြောင်းအမျိုးမျိုးကြောင့် ခုခံအားကျဆင်းနေသူများတွင် ပြင်းထန်သော နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးများစွာ ခံစားရစေနိုင်ပါသည်။ ရောဂါကူးစက်နိုင်သော နည်းလမ်းများမှာ- ကြောင်မစင်(သို့မဟုတ်) အဆိုပါ မစင်တွင်ပါဝင်သော မြေကြီး အား ကိုင်တွယ်ထားသော လက်၊ အသားစိမ်းများကို ကိုင်တွယ်ထားသော လက်တို့ဖြင့် အစားအသောက်များကို လက်မဆေးဘဲ ကိုင်တွယ်စားသုံးမိခြင်း၊ ကျက်အောင်မချက်ထားသော အသားများနှင့် ပင်လယ်စာများ စားခြင်း၊ ကပ်ပါး ပိုးပါဝင်သည့် မသန့်ရှင်းသောရေအား သောက်သုံးခြင်း၊ ကိုယ်ဝန်ဆောင်များတွင် မိခင်မှ သန္ဓေသားသို့ ကူးစက်ခြင်း၊ ကိုယ်လက်အင်္ဂါ အစားထိုးခြင်းနှင့် သွေးသွင်းခြင်းမှတဆင့် ကူးစက်ခြင်းတို့ ပါဝင်သည်။ ရောဂါကူးစက်ခံရသူတိုင်းတွင် […]