BREAKING
September 19, 2024

လမ်းညွှန်

ကြောင်မှတစ်ဆင့် ကူးစက်နိုင်သောရောဂါ

diz_admin

July 28, 2020

ကြောင်မှတစ်ဆင့် ကူးစက်နိုင်သော ရောဂါ(Toxoplasmosis ရောဂါ) သည် Toxoplasma gondii ကပ်ပါးပိုးကြောင့်ဖြစ်သော တိရစ္ဆာန်များမှ လူသို့ကူးစက် သောရောဂါတစ်မျိုး ဖြစ်သည်။ Toxo-plasmosis ရောဂါကြောင့် ကိုယ်ဝန် ဆောင်မိခင်များနှင့် အကြောင်းအမျိုးမျိုးကြောင့် ခုခံအားကျဆင်းနေသူများတွင် ပြင်းထန်သော နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးများစွာ ခံစားရစေနိုင်ပါသည်။ ရောဂါကူးစက်နိုင်သော နည်းလမ်းများမှာ- ကြောင်မစင်(သို့မဟုတ်) အဆိုပါ မစင်တွင်ပါဝင်သော မြေကြီး အား ကိုင်တွယ်ထားသော လက်၊ အသားစိမ်းများကို ကိုင်တွယ်ထားသော လက်တို့ဖြင့် အစားအသောက်များကို လက်မဆေးဘဲ ကိုင်တွယ်စားသုံးမိခြင်း၊ ကျက်အောင်မချက်ထားသော အသားများနှင့် ပင်လယ်စာများ စားခြင်း၊ ကပ်ပါး ပိုးပါဝင်သည့် မသန့်ရှင်းသောရေအား သောက်သုံးခြင်း၊ ကိုယ်ဝန်ဆောင်များတွင် မိခင်မှ သန္ဓေသားသို့ ကူးစက်ခြင်း၊ ကိုယ်လက်အင်္ဂါ အစားထိုးခြင်းနှင့် သွေးသွင်းခြင်းမှတဆင့် ကူးစက်ခြင်းတို့ ပါဝင်သည်။ ရောဂါကူးစက်ခံရသူတိုင်းတွင် […]

ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာ ဗေဒင် ဟောကိန်း

diz_admin

July 27, 2020

၂၇-၇-၂၀၂၀ မှ ၂-၈-၂၀၂၀ ထိ တနင်္ဂနွေလာဘ်လာဘများ ရရှိမည်။ လူမျိုးကွဲတို့ ကူညီမစမည်။ ပညာရေးကိစ္စများ အောင်မြင်မည်။ မြေကိစ္စ၊ အမွေကိစ္စနှင့် ပတ်သက်၍ အဆင်ပြေမည်။ ခရီးတစ်ခု သွားရမည်။ ယခုလအတွင်း ဖုန်း မဝယ်ပါနှင့်။ သူခိုးသူဝှက်များ ဒုက္ခပေးတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် အခုချစ်လိုက် အခုမချစ်လိုက် ဖြစ်နေတတ်သည်။အကျိုးပေးသော အရောင်။ ။ အနီရောင်၊ အဖြူရောင်အကျိုးမပေးသော အရောင်။ ။ အဝါရောင်၊ အစိမ်းရောင်မသွားသင့်သော အရပ်။ ။ အရှေ့အရပ်ယတြာ။ ။သစ္စာပန်း ဘုရားပန်းကပ်လှူပါ။ တနင်္လာယခုတစ်ပတ်အတွင်း ယာဉ်ဝယ်ခြင်း၊ လဲခြင်း မပြုပါနှင့်။ မြေ ဝင်မည်။ ဘုရားဖူးခရီး သွားရ တတ်သည်။ ပညာရေးကိစ္စ အဆင်ပြေမည်။ မောင်နှမသားချင်းများနှင့် ပတ်သက်၍ စိတ်သောက ရောက်ရတတ်သည်။ ငွေကြေးကတော့ […]

သွားပိုးစား၊ သွားဖုံးရောင် ကာကွယ်နိုင်ဖို့

diz_admin

July 21, 2020

အဖြစ်များသော သွားနှင့် ခံတွင်း ရောဂါများဖြစ်တဲ့ သွားပိုးစားတာ၊ သွားဖုံးရောင်တာတွေဟာ သွားနဲ့သွားဖုံးမှာ ဘတ်တီးရီးယား ပိုးများဝင်ရောက်ရာကနေ ဖြစ်ပါတယ်။ ဘက်တီးရီးယား ပိုးတွေဟာ အစားအစာထဲက သကြားဓာတ်ကို အက်စစ်ဓာတ်အဖြစ် ပြောင်းလဲစေပြီး သွားထဲက ကယ်လ်ဆီယမ်နဲ့ ဖော့စဖိတ်ဓာတ်တို့ကို ပျော်ဝင်စေတယ်။ ဒါကြောင့် သွားမှာ အပေါက်များဖြစ်စေပြီး သွားကို ပျက်စီးစေပါတယ်။ သွားပိုးစားတာ၊ သွားဖုံးရောင်တာ တွေကနေတစ်ဆင့် သွားဖုံးမှာ ပြည်တည်တာ၊ မေးရိုးနဲ့ မျက်နှာရောင်ရမ်းတာတွေ ဖြစ်စေပြီး အချိန်မီကုသမှု မခံယူဘူးဆိုရင် အသက်သေစေနိုင်တဲ့အထိ အန္တရာယ်ရှိပါတယ်။ အဲလိုမဖြစ်အောင် ဘာတွေလုပ်ဖို့ လိုပါသလဲ။ ၁) တစ်နေ့နှစ်ကြိမ် စနစ်မှန်မှန် သွားတိုက်တာ၊ အချိုများတဲ့ သရေစာတွေ လျှော့စားတာက သွားပိုးစားခြင်းနှင့် သွားဖုံးရောင်ရောဂါကို ထိရောက်စွာ ကာကွယ်နိုင်ပါတယ်။ ဖျားနာ၊ ချောင်းဆိုးတိုင်း ကိုဗစ်ဖြစ်သလား ၂) […]

Pro ဘာဂါနဲ့ ကော်ဖီဆိုင်ခွဲသစ်

diz_admin

July 20, 2020

ကိုဗစ်ကာလမှာ အိမ်တွင်းအောင်းနေရာက အပြင်ကို အသီးသီးထွက်လာကြတဲ့ မိတ်ဆွေများကို ဇူလိုင်လ ၁၅ ရက်နေ့က အသစ်ထပ်မံဖွင့်လှစ်လိုက်တဲ့ Pro ဘာဂါနဲ့ ကော်ဖီဆိုင်ခွဲနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အစားအသောက်ဆန်းဆန်းလေးတွေ ကြိုက်တဲ့မိတ်ဆွေတွေအတွက် ဘာဂါ၊ ပီဇာ၊ ကော်ဖီနဲ့ Pepsi အချိုရည်အပြင် အခြားအရသာကောင်းတဲ့ အစားအသောက်တွေကို အချိန်မြန်မြန်နဲ့ရရှိနိုင်ပါတယ်။ ဆိုင်သစ်ဖွင့်ပွဲ အထိမ်းအမှတ်အနေနဲ့ ဘာဂါ ဆယ်လုံးဝယ်ရင် တစ်လုံးလည်း လက်ဆောင်ပေးနေပါတယ်။ ဆိုင်ရဲ့အသစ်ဖန်တီးထားတဲ့ စားစရာတစ်ခုကတော့ Pro ပီဇာပါပဲ။ ဆိုင်ကတော့ အရသာထူးမယ်လို့ ညွှန်းထားပါတယ်။ ဆိုင်အသစ်လေးကတော့ သေသေသပ်သပ်နဲ့ သန့်သန့်ရှင်းရှင်းလေးရှိအောင် ပြင်ဆင်ထားပြီး ထိုင်ချင်စဖွယ်ခုံလေးတွေအပြင် အပျင်းပြေဖတ်ဖို့ စာအုပ်လေးတွေလည်း ချပေးထားပါသေးတယ်။ တတိယမြောက်ဆိုင်ခွဲဖြစ်တဲ့ ဒီဆိုင်လေးကို နိဗ္ဗာန်လမ်းနှင့်ဗဟိုစည်လမ်းထောင့်၊ မြို့တွင်းလမ်း၊ ထားဝယ်မြို့မှာ ထပ်ဖွင့်ထားပြီး ထားဝယ်တက္ကသိုလ်ဝင်းထဲနဲ့ ရွှေတောင်စားလမ်းတွေမှာလည်း ဆိုင်ခွဲတွေ ရှိပါတယ်။ အိမ်ပို့စနစ်နဲ့ […]

မှိုဆိပ်သင့်ခြင်း အန္တရာယ်

diz_admin

July 14, 2020

မှိုများတွင် အန္တရာယ်ကင်းစွာ စားသုံးနိုင်သော မှိုအမျိုးအစားများရှိသကဲ့သို့ အဆိပ်ရှိသော မှိုများစွာ ရှိပါသည်။ အဆိပ်ရှိသော မှိုများအနက် အချို့မှာ ပြင်းထန်စွာ အဆိပ်သင့်စေ၍ အသက်ဆုံးရှုံးစေသည်အထိ ဖြစ်နိုင်ပါသည်။ အဆိပ်ရှိ မှိုများ၏ လက္ခဏာများမှာ၁) မှိုအခြေတွင် အခွက်ပါရှိခြင်း၊၂) မှိုပွင့်၏ အရိုးတံတွင် ခြေချင်းပါ ရှိခြင်း၊၃) မှိုထီးအရွက်တွင် အကြေးဖတ် များ ပြန့်ကျဲခြင်း၄) ထီးရွက်အောက် ပါးဟက်များ ဖြူခြင်း၅) မှိုထီးအရွက် အရောင်အဆင်း တောက်ပခြင်း၆) အစိမ်းရောင်မှိုမျိုးမှုန်များ ထုတ်လွှတ်ခြင်း မှိုဆိပ်သင့်ခြင်း လက္ခဏာများမှာမှိုစားပြီး မိနစ် ၂၀ မှ ၄ နာရီအတွင်း မူးဝေခြင်း၊ အော့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်းတို့ ဖြစ်ပွားနိုင်ပြီး ပြင်းထန်ပါက အသက်ဆုံးရှုံးနိုင်ပါသည်။ ထို့အပြင် ဦးနှောက်နှင့် အာရုံကြောထိခိုက်ပြီး စိတ်အာရုံခြောက်ခြားခြင်း၊ အလွန်အမင်း နိုးကြားလာခြင်းနှင့် […]

ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာ ဗေဒင် ဟောကိန်း

diz_admin

July 13, 2020

၁၃-၇-၂၀၂၀ မှ ၁၉-၇-၂၀၂၀ ထိ တနင်္ဂနွေယခုလအတွင်း မြေဝင်မည်။ စာမေးပွဲ၊ အင်တာဗျူးကိစ္စများ အဆင်ပြေမည်။ အလုပ်အကိုင်နှင့် ပတ်သက်၍ အေးစက်စက် ဖြစ်နေဦးမည်။ ဘာသာရေးအဓိဋ္ဌာန်ပြုခြင်း အဆင်ပြေမည်။ ငွေကြေးနှင့်ပတ်သက်၍ မစုမိဘဲ ဖြစ်နေတတ်သည်။ မေတ္တာရေးသည်ကား ကြည်နူးလိုက် လွမ်းလိုက် ဖြစ်နေရဦးမည်။အကျိုးပေးသော အရောင်။ ။အနီရောင်၊ အနက်ရောင်အကျိုးမပေးသော အရောင်။ ။အဝါရောင်၊ အစိမ်းရောင်မသွားသင့်သော အရပ်။ ။အနောက်အရပ်ယတြာ။ ။မုန့်ဟင်းခါးတစ်ချိုင့် ဘုန်းကြီးကျောင်းကပ်လှူပါ။ တနင်္လာတန်ခိုးကြီး ဘုရားပုံတော်များ ဝင်မည်။ လူမျိုးကွဲများ ကူညီမစမှု ခံရမည်။ ကြာသပတေး၊ စနေ သားသမီးများ အထူးအကျိုးပြုမည်။ ဆိုင်ဖွင့်ခြင်းကိစ္စများ ကောင်းသည်။ ကျန်းမာရေး ကောင်းပါမည်။ သို့သော် မိမိအိမ်ရှိ လူကြီးများ ကျန်းမာရေးဂရုပြုပါ။ မေတ္တာရေးသည်ကား ချစ်သူရမည့်ကာလ ဖြစ်သည်။အကျိုးပေးသော အရောင်။ ။ […]