BREAKING
September 19, 2024

လမ်းညွှန်

ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုခံယူခြင်း၏ အကျိုးကျေးဇူးတွေက ဘာတွေလဲ

diz_admin

September 13, 2020

ကိုယ်ဝန်ဆောင်ချိန်သည် မိခင်နှင့် မွေးဖွားလာမည့်ကလေးအတွက် အရေးကြီးသောကာလ ဖြစ်ပါတယ်။ မိခင်ရောကလေးပါ ကျန်းမာသောဘဝရရှိစေဖို့ ကိုယ်ဝန်ဆောင်မိခင်တိုင်း သတ်မှတ်အချိန်များတွင် ပုံမှန်အနေနဲ့ ကိုယ်ဝန် ဆောင်စောင့်ရှောက်မှု (၈)ကြိမ် (မဖြစ် မနေ အနည်းဆုံး ၄ ကြိမ်) ခံယူရန် လိုအပ်ပါတယ်။ မဖြစ်မနေ ကိုယ်ဝန်ဆောင်စောင့်ရှောက် မှု (၄) ကြိမ် ခံယူရမယ့်အချိန်များမှာ(၁) ပထမအကြိမ်- ကိုယ်ဝန်ရှိမှန်း သိလျှင်သိချင်း (ကိုယ်ဝန် ၁၂ ပတ် အောက်)(၂) ဒုတိယအကြိမ်- ကိုယ်ဝန် (၆)လမှ (၇)လအတွင်း(၃) တတိယအကြိမ်- ကိုယ်ဝန် (၈)လအတွင်း(၄) စတုတ္ထအကြိမ်- ကိုယ်ဝန် (၉)လအတွင်းကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ခံယူ ခြင်း၏ အကျိုးကျေးဇူးများမှာ(၁) မိမိတွင်ရှိသော ရောဂါများအား ကြိုတင်သိရှိနိုင်ခြင်း (ဥပမာ- သွေးတိုးခြင်း၊ သွေးအားနည်းခြင်း)(၂) ဖြစ်ပွားနေသောရောဂါများအား အချိန်မီကုသနိုင်ခြင်း (ဥပမာ- […]

သားအိမ်ခေါင်းကင်ဆာရောဂါကို ကြိုတင်ကာကွယ်နိုင်ပါသလား

diz_admin

September 6, 2020

သားအိမ်ခေါင်းကင်ဆာသည် ကြိုတင်ကာကွယ်နိုင်သော ရောဂါဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ အမျိုးသမီးများတွင် ဖြစ်ပွားသော ကင်ဆာရောဂါများအနက် ဒုတိယအများဆုံး တွေ့ရှိရသည့် ရောဂါ ဖြစ်ပါသည်။ သားအိမ်ခေါင်းကင်ဆာရောဂါသည် ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်သည့် (Human Papilloma Virus – HPV) ကြောင့် အဓိကဖြစ်ပွားပြီး အသက်ငယ်ရွယ်စဉ် စောစီးစွာအိမ်ထောင်ပြုခြင်း/ လိင်ဆက်ဆံခြင်း၊ လိင်ဆက်ဆံဖော်များခြင်း၊ လိင်နှင့်ပက်သက်သောရောဂါများ ကူးစက်ခံရခြင်းနှင့် မိန်းမကိုယ်နှင့် သားအိမ်ခေါင်းတွင် ကြွက်နို့/ရေယုန်ပေါက် ခြင်းစသည်တို့ကြောင့် ကူးစက်ဖြစ်ပွား နိုင်ပါသည်။ ရောဂါလက္ခဏာများမှာ မိန်းမကိုယ်မှ အဖြူဆင်းခြင်း၊ ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်း၊ ဆီးစပ်နှင့် ခါး နာကျင် ကိုက်ခဲခြင်း၊ ဆီးတွင်းသွေးပါခြင်း၊ ဆီးသွားရခက်ခဲခြင်း၊ လိင်ဆက်ဆံမှု ပြုပြီးပါက သွေးဆင်းခြင်းနှင့် နာကျင်ခြင်းတို့ ဖြစ်ပါသည်။ ကြိုတင်ကာကွယ်ခြင်းနည်းလမ်းများမှာ-(၁) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးခြင်း၊(၂) သားအိမ်ခေါင်းကင်ဆာ အကြို အဆင့်ကို စောစီးစွာသိရှိရန် […]

ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာ ဗေဒင် ဟောကိန်း

diz_admin

August 31, 2020

၃၁- ၈-၂၀၂၀ မှ ၆- ၉-၂၀၂၀ ထိ တနင်္ဂနွေ မရသေးသောရရန်ကျန်သော ငွေကြေးများစွာ ဝင်လာမည်။ နိုင်ငံရပ်ခြားနှင့် ဆက်စပ်သော ကိစ္စများ အဆင်ပြေမည်။ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း အဆင်ပြေမည်။ ကျန်းမာရေး အညံ့မရှိပါ။ ပညာရေးကိစ္စများ အဆင်ပြေမည်။ မေတ္တာရေးသည်ကား ချစ်သူ နှင့် နှလုံးသားချင်း နီးစပ်မည်။အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ အညိုရောင်အကျိုးမမေးသော အရောင် ။ ။ ပန်းဆီရောင်၊ အစိမ်းရောင်မသွားသင့်သော အရပ် ။ ။ တောင်အရပ်ယတြာ ။ ။ ဂန္ဓမာအဖြူ ၁၅ ပွင့် ဘုရားပန်းကပ်လှူပါ။ တနင်္လာ မြေ ဝင်မည်။ သင်ငွေကြေးကိစ္စ ကြောင့်ကြနေလျှင် မကြာမီအဆင်ပြေမည်။ ဆွေမျိုးသား ချင်းများ ကူညီမစမှု […]

အစားအသောက်ထပ်ဖြည့်ပစ္စည်းများနှင့် ပတ်သက်ပြီး သိသင့်စရာများ

diz_admin

August 26, 2020

အစားအသောက်ထပ်ဖြည့်ပစ္စည်း (food additive) ဆိုသည်မှာ အစားအသောက်၏ တာရှည်ခံမှု၊ လတ်ဆတ်မှု၊ အရသာ၊ အသွင်အပြင်၊ အရောင်အဆင်းတို့ကို ပြုပြင်ထိန်းသိမ်းရန်နှင့် အမြင်အားဖြင့် ပိုမို ကောင်းမွန်စေရန် အသုံးပြုသော ပစ္စည်းများကို ဆိုလိုပါသည်။ ထိုပစ္စည်းများသည် အာဟာရတန်ဖိုးမရှိသည့်အပြင် အများအားဖြင့် ကျန်းမာရေးကို ထိခိုက်စေသော ဆိုးကျိုးများသာဖြစ်စေပါသည်။ မြန်မာနိုင်ငံတွင် အများဆုံးတွေ့ရသော အန္တရာယ်ရှိသည့် အစားအသောက် ထပ်ဖြည့်ပစ္စည်းများမှာ စားသုံးရန်မသင့်သည့် ဓာတုဆိုးဆေးများနှင့် တာရှည်ခံဆေးများ ဖြစ်ပါသည်။ အသုံးများသော စားသုံးရန်မသင့်သည့် ဓာတုဆိုးဆေးများမှာ Auramine O (အဝါရောင်- လက်ဖက်များတွင် အသုံးပြု)၊ Rhodamine B (အနီရောင်- ငါးပိတွင်အသုံးပြု)၊ Sudan Dyes (အနီရောင်- ငရုပ်သီးမှုန့်နှင့် အရောင်တင် မှုန့်တွင်အသုံးပြု)၊ Orange II (လိမ္မော် ရောင်- ငရုပ်သီးမှုန့်နှင့် […]

ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာ ဗေဒင် ဟောကိန်း

diz_admin

August 24, 2020

၁၇-၈-၂၀၂၀ မှ ၂၃-၈-၂၀၂၀ ထိ တနင်္ဂနွေဘုရားဖူးခရီးများ သွားရတတ်သည်။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုးမည်။ အလှူအတန်းများ ပြုရတတ်သည်။ စာမေးပွဲ၊ အင်တာဗျူးကိစ္စများ အဆင်ပြေမည်။ စကားပြောသောအခါ မှားတတ်သည်မို့ အထူးဂရုပြုရမည်။ ငွေကြေးနှင့် ပတ်သက်၍ ဆုံးရှုံးခြင်း၊ ကြန့်ကြာခြင်း ဖြစ်တတ်သည်။ ကျန်းမာရေး စိုးရိမ်စရာမရှိပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့် စိတ်ကောက်လိုက် ပြန်ချော့လိုက် ဖြစ်နေရတတ်သည်။အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ အဖြူရောင်အကျိုးမပေးသော အရောင် ။ ။ လိမ္မော်ရောင်၊ အစိမ်းရောင်မသွားသင့်သော အရပ် ။ ။ အရှေ့တောင်အရပ်ယတြာ ။ ။ သစ်ခွပန်း ဘုရားပန်းကပ်လှူပါ။ တနင်္လာလူငယ်များ အလုပ်အကိုင်အခွင့်လမ်းများ ရရှိမည်။ လုပ်ငန်းများ အောင်မြင်အဆင်ပြေမည်။ ဘုရားဖူးခရီးများ သွားရမည်။ အရေးတကြီးပြောဆိုရမည့်ကိစ္စများ အဆင်ပြေမည်။ […]

အိမ်တွင်းလေထုညစ်ညမ်းမှု

diz_admin

August 19, 2020

အိမ်တွင်းလေထုညစ်ညမ်းမှု အိမ်တွင်းလေထုညစ်ညမ်းမှုဆိုတာ အိမ်တွင်းလေဝင်လေထွက် စနစ်အား နည်းတာကြောင့် အိမ်တွင်းခိုအောင်းလျက်ရှိတဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့လေကို ရှူမိရာကနေ နောက်ဆက်တွဲ ကျန်းမာရေး ဆိုးကျိုးတွေ ဖြစ်ပွားတာ ဖြစ်ပါတယ်။ အဓိက ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းတွေကတော့ ထင်း/ မီးသွေးမီးဖိုတွေကို အသုံးပြုပြီး အစားအသောက် ချက်ပြုတ်တာ၊ ဖယောင်းတိုင်/အမွှေးတိုင်/ ခြင်ဆေးခွေတွေ ထွန်းတာ၊ အိမ်တွင်းမှာ ဆေးလိပ်သောက်တာ၊ အညစ်အကြေးတွေ ထွက်တာနဲ့ အိမ်အနီးဝန်းကျင်မှာ အမှိုက်တွေ မီးရှို့တာ စတာတွေ ဖြစ်ပါတယ်။ လတ်တလော ခံစားရနိုင်တဲ့ရောဂါ လက္ခဏာတွေကတော့ ခေါင်းမူးတာ၊ ခေါင်းကိုက်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ အသက်ရှူကျပ်တာ၊ ပျို့တာ၊ နှာချေတာ၊ ချောင်းဆိုးတာနဲ့ မျက်စိ၊ နှာခေါင်း၊ လည်ချောင်း၊ အရေပြားယားယံတာ စတာတွေ ဖြစ်နိုင်ပါတယ်။ ရေရှည်ခံစားရတာကြောင့် ဖြစ်ပေါ် နိုင်တဲ့ ကျန်းမာရေးပြဿနာတွေကတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာ […]