BREAKING
January 22, 2025

လမ်းညွှန်

အလွမ်းရောင်တွေနဲ့ ရေးတဲ့ ပန်းချီ

Dawei Watch

September 20, 2024

ကျနော်သည်ပန်းချီပညာရပ်နှင့် အလှမ်းဝေးသူဖြစ်သည်။ ပန်းချီများကိုတော့ အချိန်ရတိုင်း ငေးမော ခံစားနေမိသူ တဦးဖြစ်ပါသည်။ ထို့ကြောင့် ဤစာစုကလေးကိုလည်း ပန်းချီကားများကို ငေးမိရာမှ ခံစားရသည့် ခံစားမှုပေါ်လွင်အောင် ‘အလွမ်းရောင်’ ဟု ခေါင်းစဉ်တွင် ထည့်လိုက်ပါသည်။ ကျနော်၏ အတ္တနောမတိ တခုဟုပင် ဆိုပါတော့။ ထိုအလွမ်းရောင်ပန်းချီကားများမှာ ထားဝယ်မြို့မှ ဆရာအောင်ကျော်မျိုး၏ လက်ရာများပင်။ ဆရာရေးထားသော ပန်းချီကားပေါင်း ၁၁၇ ကားကို ကိုလိုနီခေတ် ထားဝယ်မြို့မှ ရှေးဟောင်း အဆောက်အအုံများ အမည်ဖြင့် ထားဝယ်ခရိုင် ပန်းချီပန်းပု အစည်းအရုံးမှ ယခုနှစ် (၂၀၂၄) တွင် ပထမအကြိမ် ထုတ်ဝေထားသည်။ စာအုပ်မထွက်မီ ကြော်ငြာကတည်းကပင် ထိုစာအုပ်ကလေးကို မျှော်ခဲ့ရသည်။ အခုတော့ စာအုပ်ကလေးလက်ထဲရောက်ခဲ့ပါပြီ။ လူလည်းတထွေ ရေလည်းတခြား ထားဝယ်မှခွာကာ တိုင်းတပါးသို့ရောက်နေသည်ကား ကြာပါပြီ။ ရေခြား မြေခြားက […]

အသီးဘုရင်ရဲ့ ကောင်းကျိုးဆိုးပြစ်

Dawei Watch

May 19, 2024

အသီးတကာတို့ရဲ့ ဘုရင်အဖြစ်သတ်မှတ်တင်စားခံထားရတဲ့ ဒူးရင်းသီးဟာဆိုရင် အီဆိမ့်တဲ့အရသာကြောင့် ချစ်ခင်မြတ်နိုးစွာ စားသုံးကြတဲ့သူတွေ များလှသလို အနံ့မခံနိုင်တာကြောင့် မနှစ်သက်တဲ့သူတွေလည်း ရှိပါတယ်။ ဒူးရင်းသီးကို အရှေတောင်အာရှနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ ထိုင်းနဲ့ အင်ဒိုနီးရှားစတဲ့နိုင်ငံတွေမှာ အများအပြား စိုက်ပျိုးကြပြီး မြန်မာ၊ ဖိလစ်ပိုင်နဲ့ စင်ကာပူတို့မှာလည်း စိုက်ပျိုးကြပါတယ်။ သူ့ရဲ့ထူးခြားတဲ့ အနံ့ကြောင့် လေဆိပ်တွေနဲ့ ဟိုတယ်အများစုက ဧရိယာအတွင်းကို ယူဆောင်သွားလာတာကို ပိတ်ပင်ထားတတ်ကြပါတယ်။ ဒူးရင်းသီးရဲ့ အသွင်အပြင်မှာလည်း တခြားသော အသီးတွေနဲ့မတူ တမူထူးခြားတာကြောင့် သယ်ယူတင်ပို့ရာမှာလည်း အခက်တွေ့ပါတယ်။ ဒူးရင်းသီးကို စွဲစွဲလမ်းလမ်း ကြိုက်နှစ်သက်စားသုံးတဲ့ အမာခံပရိသတ်တွေရှိသလို တခြားတစ်ဖက်မှာလည်း “အဆိပ်သီး” ကို စားလေသလားလို့ ဝေဖန်တာတွေလည်း ယနေ့ခေတ် ဆိုရှယ်မီဒီယာမှာ ခေတ်စားလျက်ရှိပါတယ်။ ဒူးရင်းသီးရဲ့ ကောင်းကျိုး ဆိုးပြစ်တွေက ဘယ်လိုရှိပါသလဲ။ ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးတယ် ယနေ့ခေတ် အစားအသောက်တွေမှာပါဝင်တဲ့ […]

မိုင်းအန္တရာယ် ကာကွယ်နိုင်မည့် App 

diz_admin

April 5, 2023

စစ်ရေးပဋိပက္ခဖြစ်ပွားနေသည့်ဒေသများ၊ ယခင်နှစ်များက တိုက်ပွဲများဖြစ်ပွားခဲ့ဖူးသည့်ဒေသများတွင် နေထိုင်သူတို့ ဆောင်ထားသင့်သည့် မိုင်းအန္တရာယ်ပညာပေး App တစ်ခုအကြောင်းကို မိတ်ဆက်ဖော်ပြပေးပါမည်။ “MRE Myanmar” ဟု အမည်ရသည့် မိုဘိုင်းလ် App တွင် မိုင်းအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် စသည့် သိသင့်သိထိုက်သည်များကို ဖော်ပြထားသည်။ ၎င်း App ကို ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF Myanmar) က ဖန်တီးထုတ်လုပ်ထားခြင်းဖြစ်သည်။ “မြေမြှုပ်မိုင်းတွေက အသက်သေဆုံးစေတဲ့အထိ အန္တရာယ်များပါတယ်။ ဒါပေမဲ့ ဒီမိုင်းအန္တရာယ်ပညာပေး app နဲ့ ဆိုရင်တော့ ဖုန်းကနေပဲ ကိုယ့်အသက်ကို ကာကွယ်ပေးနိုင်တဲ့ သတင်းအချက်တွေ ရရှိနေနိုင်ပါပြီ” ဟု ယူနီဆက်အဖွဲ့က ထုတ်ပြန်ထားသည်။ မိုင်းအန္တရာယ်အကြောင်းများကို သရုပ်ဖော် ရုပ်သံဗီဒီယိုဖိုင်ဖြင့် ရှင်းလင်းပြောပြထားသည်။ မည်သူမဆို အလွယ်တကူအသုံးပြုနိုင်ပြီး နားလည်လွယ်အောင် ဖန်တီးထားသည်ကိုတွေ့ရသည်။ […]

ဒါဖတ်ပြီးမှ ပါရာစီတမောသောက်ပါ

diz_admin

October 8, 2022

ပါရာစီတမောလို့ ပြောလိုက်ရင် လူတိုင်းကြားဖူး၊ သောက်ဖူးကြပါတယ်။ မြန်မာနိုင်ငံမှာတော့ ပါရာစီတမောကို ဆေးညွှန်းစာမပါဘဲ မိမိဘာသာ အလွယ်တကူဝယ်ယူ သောက်သုံးနိုင်ပါတယ်။ ပါရာစီတမောကို ကိုယ်လက်ကိုက်ခဲ့တာ၊ ခေါင်းကိုက်တာ၊ အဆစ်အမြစ်နာတာ၊ ဓမ္မတာကြောင့်နာကျင်ကိုက်ခဲတာ၊ သွားကိုတာ၊ ခြေလက်ခါး ကိုက်ခဲတာအပြင် အအေးမိတာနဲ့ ဖျားနာတာတွေအတွက် သောက်သုံးကြပါတယ်။ ပါရာစီတမောမှာ နာကျင်ကိုက်တာကို သက်သာစေတဲ့ ဂုဏ်သတ္တိနဲ့ ကိုယ်အပူရှိန်ကျစေတဲ့ ဂုဏ်သတ္တိဆိုပြီး အဓိကဂုဏ်သတ္တိနှစ်မျိုးပဲ ရှိပါတယ်။ လူအများစု အထင်မှားနေသလို ရောင်ကိုင်းတာကို သက်သာစေတဲ့ ဂုဏ်သတ္တိမရှိပါဘူး။ ဒါကြောင့် သာမန်ဖျားနာတာတွေအတွက် အိမ်သုံးဆေးတစ်မျိုးဖြစ်တဲ့ ပါရာစီတမောကို ဘယ်လိုရွေးချယ် သောက်သုံးသင့်တယ်ဆိုတာကို ကျွမ်းကျင်ဆရာဝန်တစ်ဦးနဲ့ မေးမြန်းပြီး ဖော်ပြလိုက်ပါတယ်။ တနင်္သာရီတိုင်းမှာ ရောင်းချတဲ့ ပါရာစီတမောဆေးတွေက အမယ်စုံလှပါတယ်။ ပါရာစီတမောကို ဆေးပြား၊ ဆေးအရှည်တောင့်၊ ဆေးရည် စသဖြင့် တွေ့ရတတ်ပါတယ်။ အတွေ့ရအများဆုံး ဆေးပမာဏကတော့ […]

တစ်ပတ်ရစ်ဆိုင်ကယ် ဝယ်မယ်ဆို

diz_admin

September 27, 2022

ငွေကြေးအရဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးစီးချင်လို့ ဖြစ်ဖြစ် တစ်ပတ်ရစ်ဆိုင်ကယ်တစ်စီး ဝယ်တော့မယ်ဆိုရင်ဘာတွေ အဓိကကြည့်သင့်လဲဆိုတာကို ပြောပြသွားမှာဖြစ်ပါတယ်။ ဆိုင်ကယ်ဝယ်သူအချို့က အရှေ့မီး၊ အချက်ပြ၊ တာယာ စတဲ့ အပြင်ပန်းတွေကိုပဲ ကြည့်ပြီး ဝယ်လေ့ရှိတဲ့အတွက် တစ်ကယ်အရေးကြီးတဲ့အချက်အချို့ကို ပြောပြချင်ပါတယ်။ ဆိုင်ကယ်ဝယ်တဲ့အခါ နားလည်သူတွေနဲ့ တိုင်ပင်ပြီး ဝယ်လေ့ရှိပေမယ့် ကိုယ်တိုင်က အခြေခံအချက်တွေသိထားရင် ပိုကောင်းတာပေါ့။ ပထမဆုံးအချက်အနေနဲ့ ဆိုင်ကယ်ဝယ်တော့မယ်ဆို ကိုယ်က ငွေဘယ်လောက် သုံးမလဲဆိုတာ စဉ်းစားရမှာပါ။ ပြီးရင် ဂီယာဘီး စီးချင်တာလား၊ အော်တိုဂီယာ စီးချင်တာလားဆိုတာ ကြိုပြီး ဆုံးဖြတ်ထားဖို့ လိုပါတယ်။ ဒီလိုဆုံးဖြတ်ထားရင် တစ်ကယ်သွားဝယ်တဲ့အချိန်ဆို ဆိုင်ကယ်အများကြီးကို သွားကြည့်စရာမလိုတော့ဘဲ ပေးရတဲ့ငွေနဲ့ တန်တဲ့ ဆိုင်ကယ်ကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ၃ စီးထက်မနည်းကိုတော့ ကြည့်သင့်တယ်လို့ အကြံပေးချင်ပါတယ်။ ဆိုလိုတာက ဆိုင်ကယ်အများကြီးကိုကြည့်မိရင် စိတ်ဝေဝါးသွားပြီး […]

‘မျောက်ကျောက်’ ဆိုတာကြောက်စရာလား

diz_admin

May 23, 2022

Monkeypox အကြောင်းက လူသိနည်းသေးတယ် ဆိုပေမယ့် ဥရောပနိုင်ငံတွေ ဗြိတိန်၊ ပြီးတော့ အမေရိကန်ဘက်ခြမ်းမှာ အမေရိကန်နဲ့ကနေဒါ ၊ သမုဒ္ဒရာပိုင်းမှာ သြစတြေးလျ အထိ တွေ့နေရပါပြီ။ ပြီးခဲ့တဲ့ သောကြာနေ့ကတင် ဗြိတိန်မှာ ကူးစက်ခံရသူ (၂၀) လောက်ဖြစ်နေပါပြီ။ ကူးစက်မှုအသစ်တွေ (၁၁) ခုအထိ တွေ့နေရပြီးတော့ ရောဂါဝေဒနာတော့ အားပျော့တယ်လို့ ဗြိတိန်ကျန်းမာရေး ဝန်ကြီး ဆာဂျစ်ဂျာဗစ် က ပြောကြားတယ်။ မျောက်ကျောက်ရောဂါကို ကာကွယ်ဖို့အတွက် ဗြိတိန်အစိုးရက ကျောက်ရောဂါ ကာကွယ်ဆေး တွေကို အဆင်သင့်ပြင်နေပါပြီ။ မျောက်ကျောက် (Monkeypox) ဟာ ဘယ်လောက်တွေ့ရများသလဲ မျောက်ကျောက် ဟာ monkeypox ဗိုင်းရပ်စ်ကြောင့် ဖြစ်တာပါ။ ရေကျောက်၊ ကျောက်ကြီး စတဲ့ smallpox ဗိုင်းရပ်စ် အနွယ်ဝင်ဖြစ်ပါတယ်။ ဒါပေမဲ့ မျောက်ကျောက်က ပြင်းထန်မှုအားပိုပျော့ပြီး ကူးစက်ခံရမှုနူန်းက နိမ့်တယ်။ အပူပိုင်းမိုးသစ်တောတွေနဲ့ နီးတဲ့ အာဖရိက […]

ရုက္ခစိုးကို တိုင်ထားမယ်

diz_admin

March 16, 2022

ကိုယ့်ပတ်ဝန်းကျင်မှာ သစ်ခိုးထုတ်နေတာတွေ့ ပါသလား။ တောရိုင်းတိရစ္ဆာန်တွေ တွေ့ထားပါသလား၊ သဘာဝပတ်ဝန်းကျင် ပျက်ယွင်းနေတာတွေ တွေ့နေရပါသလား။ ကိုယ်တိုင် ဘာမှ မလုပ်နိုင်ဘူးလို့ အံကြိတ်နေစရာ မလိုတော့ပါဘူး။ တိုင်စရာ ရုက္ခစိုး ရှိနေပါပြီ။ မြန်မာနိုင်ငံဟာ ဆင်းရဲတဲ့ နိုင်ငံဖြစ်လို့ သဘာဝ ပတ်ဝန်းကျင်ကို မှီခိုလုပ်ကိုင်စားသောက်ရပါတယ်။ ဒီတော့ ကိုယ့် အသက်မွေးမှုနဲ့ တိုက်ရိုက် ဆက်စပ်နေတဲ့ အတွက် သဘာဝပတ်ဝန်းကျင်ကို ပိုထိန်းသိမ်း စောင့်ရှောက်ဖို့ လိုပါတယ်။ ကမ္ဘာတစ်ဝန်း သဘာဝပတ်ဝန်းကျင် ပြုန်းတီးမှုတွေကို စောင့်ကြည့် မှတ်တမ်းတင်နေတဲ့ Global Forest Watch ရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီလမှ ဩဂုတ်လအတွင်း သစ်တောပြုန်းတီးမှု သတိပေးချက် သုံးသိန်းခွဲကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် တနင်္သာရီတိုင်းက လေညာအမျိုးသား ဥယျာဉ်အနီးမှာ […]

ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ် Booster ထိုးပေးမည့်သူများကို စာရင်းကောက်

diz_admin

January 11, 2022

ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်အပြည့်ထိုးပြီးသူများကို တတိယအကြိမ်အဖြစ် ထပ်ဆောင်းအားဖြည့် Booster ဆေး ထပ်မံထိုးပေးရန် စာရင်းကောက်ယူနေကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ထားဝယ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ထံက သိရသည်။ အစိုးရဌာနများတွင် အသက် ၅၀ နှစ်အထက်ရှိ ဝန်ထမ်းများနှင့် အရပ်သားပြည်သူတွင် အသက် ၆၅ နှစ် အထက် သက်ကြီးများကို တတိယအကြိမ် ထပ်မံထိုးပေးရန် စာရင်းကောက်ယူနေပြီဖြစ်ကြောင်း ထားဝယ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်လုံး အပြည့်ထိုးထားပြီး ၆ လ ပြည့်သောသူများကိုသာ ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ် ထိုးပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ကိုဗစ်ကာကွယ်ဆေးထိုးပြီး ခြောက်လပြည့်ပြီးသူ ကျန်းမာရေးဝန်ထမ်း အများစုကို ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထိုးပေးနေပြီး ကျန်းမာရေးဝန်ထမ်းအများစုက ကာကွယ်ဆေး သုံးကြိမ်စလုံး […]