BREAKING
September 19, 2024

ကျန်းမာရေး

ကိုယ်ခံအား ကောင်းချင်ဇောနဲ့ ဗီတာမင် C အများကြီး မစားစေလို

diz_admin

November 29, 2020

ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ- Dr. Phyo Wai Lynn | ရေးသားသူ- Aye Thi Mon အခုလို ကြောက်စရာရောဂါဆိုး Covid-19 ဖြစ်ပွားနေချိန်မှာ ကာကွယ်ဆေးကလည်း မထွက်သေး၊ ကုသနိုင်မယ့် နည်းလမ်းက ကိုယ်ခံ အားကောင်းအောင် လုပ်ဖို့ပဲ ရှိတယ် ဆိုပြီး ကိုယ်ခံအားကောင်းအောင် လုပ်ဆောင်ရုံမှ တစ်ပါး အခြားမရှိလို့ တွေးနေပြီလား။ ဒီလိုဆိုတာနဲ့ ကိုယ်ခံအားကောင်း အောင်ဆိုပြီး ဗီတာမင် C များများ စားရမယ်ဆိုတဲ့အတွေးနဲ့ ဗီတာမင် C တွေကို အများကြီးစားမိနေပြီလား။ ဒါဆိုရင် တန်ဆေး လွန်ဘေးဆိုတဲ့ စကားကို သတိရပါ။ ကိုယ်ခံအားကောင်းမှ ကိုဗစ်ကို ကာကွယ်နိုင်မယ်ဆိုပေမယ့် ဗီတာမင် C တအားများရင်တော့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဗီတာမင် C […]

ကွန်ပျူတာကလာတဲ့ Blue Light တွေက အသားအရေကို ပျက်စီးစေနိုင်သလား

diz_admin

November 22, 2020

ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ- Dr. Phyo Wai Lynn |ရေးသားသူ- Aye Thi Mon အခုတလော ဝက်ခြံတွေ ပိုထွက် လာတယ်။ သတိထားမိသလောက် Covid-19 ကြောင့် Work from Home စလိုက်ကတည်းကပေါ့။ ကွန်ပျူတာရှေ့မှာ မနက်က စထိုင်လိုက်တာ ညနေစောင်းတဲ့အထိပဲ။ အပြင်လည်း မထွက်ဖြစ် နေရောင်ခြည်နဲ့လည်း သိပ်မထိတွေ့ဖြစ်ပဲ တစ်နေကုန် ထတွေ့မိနေတာက ကွန်ပျူတာက ထွက်တဲ့ Blue Light နဲ့ ဖုန်းကနေထွက်တဲ့ Blue Light တွေပဲလေ။ Blue Light နဲ့ အသားအရေဖုန်းတွေ၊ ကွန်ပျူတာတွေကနေ ထွက်တဲ့ Blue Light တွေက အသားအရေကို နေရောင်ကနေလာတဲ့ UVA၊ UVB တွေလိုပဲ ထိခိုက်စေနိုင်ပါတယ်။ […]

မြန်မာနိုင်ငံမှာ မြင့်တက်လာနေတဲ့ ဆီးချိုခံစားရသူ အရေအတွက်

diz_admin

November 15, 2020

ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ- Dr. Phyo Wai Lynn | ရေးသားသူ- Aye Thi Mon ဆီးချိုက ကမ္ဘာတလွှားမှာတင် ဖြစ်ပွားမှုနှုန်း မြင့်တက်နေတာ မဟုတ်ဘဲ မြန်မာနိုင်ငံမှာလည်း ဆီးချိုရောဂါ ခံစားရသူ အရေအတွက်က ပြီးခဲ့တဲ့ နှစ်တွေအတွင်း အတော်လေး မြင့်တက်လာခဲ့ပါ တယ်။ ဆီးချိုက ရုတ်တရက် သေဆုံးတာမျိုး မဖြစ်ပေမယ့် ကုသပျောက်ကင်းဖို့ မဖြစ်နိုင်တဲ့ နာတာရှည် ရောဂါတစ်ရပ်ပါ။ ကူးစက်တာမျိုး မရှိဘူးဆိုပေမယ့် မျိုးရိုးလိုက်တာကြောင့် နောက်မွေးလာမယ့် သားစဉ်မြေးဆက်မှာ ဆီးချို ခံစားရ တာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် သေချာ သိရှိ ကာကွယ်ဖို့ လိုအပ်တဲ့ ရောဂါ တစ်မျိုးလို့ ပြောပါရစေ။ မြန်မာနိုင်ငံရဲ့ ဆီးချို ဖြစ်ပွားမှုနှုန်း ဘယ်လောက်တောင် မြင့်တက်နေသလဲ။၂၀၁၄ ခုနှစ်က […]

ဆေးပေါ့လိပ် သောက်ခြင်းက ကျန်းမာရေးကို ဘယ်လို ထိခိုက်စေနိုင်သလဲ

diz_admin

November 8, 2020

ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ- Dr. Phyo Wai Lynn | ရေးသားသူ- Aye Thi Mon ဆေးလိပ်လို့ ဆိုလိုက်ရင် စီးကရက် တင်မကဘဲ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ် ဆိုပြီး အမျိုးမျိုး ရှိပါတယ်။ တော်တော်များများက အလွယ်တကူ ဝယ်လို့ရနိုင်တဲ့ စီးကရက်ကို သောက်ကြပေမယ့် ဆေးပြင်းလိပ်မှ သောက်တာ၊ ဆေးပေါ့လိပ်မှ သောက်တယ်။ ဒါက စီးကရက်လောက် ကျန်းမာရေးကို မထိခိုက်စေလောက်ဘူးလို့ ယူဆသူတွေ ရှိနိုင်ပါတယ်။ ဒီတော့ လက်ကနေ မချတမ်း အပြတ်ခဲနေတဲ့ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်တွေက ကျန်းမာရေးကို တကယ်ပဲ စီးကရက် လောက် မထိခိုက်ဘူးလားဆိုတာကို သိနိုင်ဖို့ ဒီဆောင်းပါးလေး ဖတ်ကြည့် စေချင်ပါတယ်။ ဆေးပေါ့လိပ်ကို အရင်းစစ်ကြည့်သော်ဆေးပေါ့လိပ်က ကျန်းမာရေးကို ဘယ်လို ထိခိုက်စေတယ်လို့ […]

ကိုဗစ်ကြောင့် အိပ်မပျော်တဲ့အခါ

diz_admin

October 31, 2020

ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ- Dr. Phyo Wai Lynn| ရေးသားသူ- Aye Thi Mon ကိုဗစ်ကြောင့် အိပ်မပျော်တာ ညတိုင်းလိုလို ဖြစ်လာပြီ။ ခေါင်းကလည်း မကြည်ဘူး။ အိပ်လို့ကလည်း မပျော်ဘူး ဖြစ်နေပြီလား။ အခုကာလမှာ လူတိုင်း လိုလို စိတ်ဖိစီးလာတယ်။ တစ်နေ့တစ်နေ့ စိုးရိမ်စရာတွေ တွေးရင်း အိပ်မပျော်တာက လူတိုင်းလိုလို ရင်ဆိုင်နေရတဲ့ ပြဿနာပါ။ ညနေစောင်းလာရင်ကို ဖျားသလိုလို ကိုယ်ပူသလိုလို ဝမ်းနည်းသလိုလို စိတ်ပူ သလိုလို ခံစားရရင်း အိပ်ရာထဲသာ အချိန် ကျလို့ ဝင်လိုက်တယ်၊ အိပ်မပျော်ဘဲ လူးလှိမ့်နေရင်း မိုးလင်းနေတဲ့ ရက်တွေက လူတိုင်း ကြုံတွေ့နေရတဲ့ ကိုဗစ်ကာလ စိတ်ဖိစီးမှုပါ။ အိပ်ရေးကပျက်တော့ အစားကမဝင်၊ စိတ်ကတိုနဲ့ စိတ်ရော ကိုယ်ပါ တအား […]

ကိုဗစ်ကြောင့် အနံ့ပျောက် တာလား၊ တခြားအကြောင်းရင်းကြောင့်လား

diz_admin

October 25, 2020

ခုတလော ဟိုဟာတွေ့လည်း လိုက်ရှူ၊ ဒီဟာလေးဆိုလည်း လိုက်ရှူ၊ အနံ့ လေးရမှပဲ စိတ်ချမ်းသာတော့တယ်။ ဘာကြောင့်လဲ။ အနံ့ပျောက်တာက ကိုဗစ်ရဲ့ လက္ခဏာ တစ်ခုဖြစ်နေလို့ပါ။ တချို့ဆို ဘာလက္ခဏာမှ ထူးထူးခြားခြား မခံစားရ၊ ဖျားလည်း မဖျားဘဲ အနံပျောက်တာတစ်မျိုးနဲ့ပဲ ကိုဗစ်ရောဂါပိုး ရှိနေတာပါ။ တချို့ကလည်း အနံ့သိပ် မရတော့တာနဲ့ ကိုဗစ်ဖြစ်ပြီလားဆိုပြီး သိချင်ကြပါတယ်။ ဒါလေးတွေကို ဖြေပေးသွားမှာပါ။ ဘာကြောင့် အနံ့မရတော့တာလဲ။ဆဲလ်တွေ၊ မျိုးဗီဇအကြောင်းတွေ ပြောမှာဖြစ်လို့ နည်းနည်းတော့ ရှုပ်ထွေး ပါတယ်။ ကိုဗစ်ဗိုင်းရပ်စ်ပိုးက ဆဲလ် တွေထဲဝင်ပြီး ကူးစက်ဖို့ဆိုရင် ACE-2 receptor လေး လိုပါတယ်။ TMPRSS2 ဆိုတဲ့ ပရိုတိန်းလေးရောပေါ့။ ဒီပစ္စည်း နှစ်ခုက နေရာတော်တော်များများမှာ ရှိပါတယ်။ နှာခေါင်း၊ လည်ချောင်းနဲ့ လေပြွန်အပေါ်ပိုင်းတွေမှာ ပိုတွေ့ရပါတယ်။ […]