BREAKING
September 16, 2024

ကျန်းမာရေး

မွန်တွင် ငှက်ဖျားကြောင့် သေဆုံး သူမရှိတော့

diz_admin

January 21, 2020

မွန်ပြည်နယ်အတွင်း ငှက်ဖျား ရောဂါဖြစ်ပွားမှုနှုန်းသည် တစ်နှစ်ထက် တစ်နှစ် လျော့ကျလာပြီး ယခုအခါ သေဆုံးသူ မရှိတော့သည်အထိ ရောဂါ ဖြစ်ပွားမှု ကျဆင်းလာသည်ဟု မွန် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန က ပြောသည်။ မွန်ပြည်နယ်တွင် ၂၀၀၉ ခုနှစ်က ငှက်ဖျားရောဂါဖြစ်ပွားသူ ၂၅၀၅၂ ဦးရှိခဲ့ ပြီး သေဆုံးသူ ၆၆ ဦးထိရှိခဲ့သော်လည်း ၂၀၁၉ ခုနှစ် နိုဝင်ဘာလကုန်ထိတွင် ငှက်ဖျားရောဂါ ဖြစ်ပွားသူ ၈၂၈ ဦးသာ ရှိပြီး သေဆုံးသူ မရှိတော့ကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီး ဌာနမှူး ဒေါက်တာထွန်းအောင်ကြည်က ပြောသည်။ “ကျဆင်းလာတယ်ဆိုပေမယ့် ဒေသတွင်း ကူးစက်တဲ့လူနာ မရှိအောင် ဆိုတဲ့ ရည်မှန်းချက် ရောက်အောင်လုပ် ဖို့က တွန်းအားပေးဆောင်ရွက်ဖို့တော့ လိုသေးတယ်” ဟု ပြည်နယ် […]

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး အခမဲ့ထိုးပေးမည်

diz_admin

January 14, 2020

တနင်္သာရီတိုင်းရှိ အသက်ကိုးနှစ်အရွယ်နှင့် ဆယ်နှစ်အရွယ်ရှိ မိန်းကလေးငယ်များကို ၂၀၂၀ ခုနှစ် ဇွန်လ ပထမအပတ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးအခမဲ့ထိုးနှံပေးမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။ သားအိမ်ခေါင်းကင်ဆာသည် အသက် ၄၀ ကျော် ၅၀ ကျော် အရွယ်ရှိ အသက်ကြီးသူများတွင်သာ အဖြစ်များသည်ဟု အထက်ပါဌာန တိုးချဲ့ကာကွယ်ဆေးအဖွဲ့ခေါင်းဆောင် ဒေါက်တာ မြတ်ဖြူပြာအေးက ပြောသည်။ “ကိုးနှစ်ဆယ်နှစ်တွေဆိုတော့ လိင်ဆက်ဆံမှု လုံး၀မရှိသေးဘူး။ လိင်ဆက်ဆံမှုမရှိသေးမှ ဗိုင်းရပ်စ် ဆိုတာက မကူးစက်အောင် ကာကွယ်နိုင်တာ။ အိမ်ထောင်ကျပြီးသူတွေ ထိုးမရဘူးလားဆို ထိုးလို့တော့ရ တယ်။ ဒါပေမယ့် ကာကွယ်ဖို့ မသေချာတော့ဘူး”ဟု ဒေါက်တာမြတ်ဖြူပြာအေးက ဆိုသည်။ အိမ်ထောင်ကျပြီးသူ (လိင်ဆက်ဆံပြီးသူ)များမှာ သားအိမ်ခေါင်းကို စစ်ဆေးရမည်ဖြစ်ပြီး ရောဂါ လက္ခဏာမရှိမှသာ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ […]

ထားဝယ်တွင် တိရစ္ဆာန်ဆေးကုခန်း နှစ်ခု တိုးလာ

diz_admin

January 6, 2020

ထားဝယ်တွင် တိရစ္ဆာန်ဆေးကုသူ များလာပြီး တိရစ္ဆာန်ဆေးကုခန်းနှစ်ခုထပ်တိုးလာသည်ဟု ထားဝယ်ရှမ္မ လည်ဆွဲရပ်ကွက်မှ တိရစ္ဆာန်ဆေးကု သည့် ဆရာဝန်တစ်ဦးက ပြောသည်။ ၂၀၁၈ ခုနှစ်ခန့်မှ စတင်ကာ ယခင် နှစ်များကထက် တိရစ္ဆာန်များကို လာရောက်ဆေးကုသသူ အနည်းငယ် ပိုလာသည်ဟု အထက်ပါ ဆရာဝန်က ပြောသည်။ “ထားဝယ်မြို့မှာ တိရစ္ဆာန်ဆေး ကုခန်း ဆရာစဖွင့်တယ်။ စဖွင့်တော့ လူတွေကဘာဖြစ်လဲဆိုတော့ ဒီဆိုင်းဘုတ် ကြည့်ကြည့်ပြီးတော့ ရယ်ရယ်သွား ကြတယ်။ တိရစ္ဆာန်ဆိုတာဘယ်သူက ဆေးကုမှာ လဲပေါ့နော်”ဟု အထက်ပါ ဆရာဝန်က ပြောသည်။ တိရစ္ဆာန်များကို ကာကွယ်ဆေးထိုးခြင်း၊ ရောဂါဖြစ်သည့်အခါ ဆေးကုသပေးခြင်းများပြုလုပ် လာကြပြီး ကုသရသည့် အိမ်မွေးတိရစ္ဆာန်များတွင် ခွေးနှင့်ကြောင်က အများဆုံးဖြစ်ကြောင်း ၎င်းက ပြောသည်။ ထို့ပြင် နွား၊ ဝက်၊ ကြက်၊ ဘဲ၊ မြွေ၊ […]