BREAKING
September 19, 2024

ကျန်းမာရေး

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တစ်ဦးထပ်တိုး၊ စုစုပေါင်း ၁၅ ဦး ရှိပြီ

diz_admin

March 31, 2020

ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် အပြည့်အစုံ ၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိ သည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။ ၂။ (၃၀-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီမှ (၃၁-၃-၂၀၂၀) ရက် နေ့၊ ညနေ (၆) နာရီအထိ စောင့်ကြည့်လူနာအသစ် (၄၄) ဦး ရှိပါသည်။ ၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၃၁-၃-၂၀၂၀) ရက်နေ့၊ ည (၇:၃၀) နာရီတွင် ထုတ်ပြန်သော ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် […]

ကိုရိုနာဗိုင်းရပ်စ် ရှိသူ ၄ ဦး ထပ်တိုး ၊ စုစုပေါင်း ၁၄ ဦး ရှိပြီ

diz_admin

March 30, 2020

ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန၏ ထုတ်ပြန်ချက် အပြည့်အစုံ ၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၃၀-၃-၂၀၂၀) ရက်နေ့၊ ညနေ (၅:၁၅) နာရီတွင် ထုတ်ပြန်သော ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသော လူနာ(၅၅)ဦး၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာ (ဇယား-၁) တွင်ဖော်ပြထားရှိသော လူနာ (၄) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပြီး ကျန်လူနာ (၅၁) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး မရှိကြောင်း (မရှိကြောင်း) တွေ့ရှိရပါသည်။ ၂။ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ (Case-08) (ဧည့်လမ်းညွှန်) ၏ ရောဂါဖြစ်ပွားမှု ရာဇဝင်စစ်ဆေးချက်အရ ၎င်းဧည့်လမ်းညွှန်လုပ်ငန်း ဆောင်ရွက်ခဲ့သည့် ပြင်သစ်နိုင်ငံသား ခရီးသွား ဧည့်သည် […]

ကိုရိုနာဗိုင်းရပ်စ်ကိစ္စ အရေးပေါ်ရန်ပုံငွေမှ သုံးစွဲမည်

diz_admin

March 30, 2020

တနင်္သာရီတိုင်းဒေသကြီးအတွင်းကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ် ကုသရေးအတွက် ပြည်ထောင်စုမှ သီးခြားချထားပေးသည့် အရေးပေါ် ရန်ပုံငွေ ၁ ဘီလီယံ (ကျပ်သိန်းပေါင်း တစ်သောင်း)ထဲမှ သုံးစွဲသွားမည်ဟု ဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။ တိုင်းဒေသကြီး Corona Virus 2019 (Covid-19) အဆုတ်ရောင်ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်ကုသရေး ဦးဆောင်ကော်မတီမှတင်ပြချက်အပေါ်မူတည်၍ ထိုရန်ပုံငွေထဲမှသုံးစွဲသွား မည်ဟု ဦးမြင့်မောင်က ပြောကြားသည်။ “အစိုးရအဖွဲ့မှာတော့ သဘာဝဘေးနဲ့ပတ်သက်ပြီး ပြည်ထောင်စုချပေးထားတဲ့ တစ်ဘီလီယံ ရှိတယ်။ လိုအပ်ချက်ပေါ်မူတည်ပြီး သုံးမယ်။ ကော်မတီက တင်ပြတာတွေရှိတယ်။ ပြီးရင် နောက် တခြားလိုအပ်တဲ့နေရာမှာ လိုအပ်သလိုမျိုး သုံးသွားမယ်ပေါ့”ဟု ဦးမြင့်မောင်က ဆိုသည်။ အကယ်၍ ယင်းသဘာဝဘေး ရန်ပုံငွေဖြင့်မလုံလောက်ပါက ဗဟိုသို့ တင်ပြသွားမည်ဖြစ်ပြီး လက်ငင်းတွင်ထိုငွေကို အလုံးအရင်းဖြင့်သုံးစွဲနေခြင်းမျိုး မရှိသေးဟု ဦးမြင့်မောင်က မတ်လ၂၇ ရက် […]

ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးတွေ့သူ ၃ ဦးထပ်တိုး ၊ စုစုပေါင်း ၈ ဦး ရှိလာ

diz_admin

March 28, 2020

မြန်မာနိုင်ငံတွင် ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး တွေ့ရှိသူ ၃ ဦး ထပ်တိုးလာကြောင်း ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက မတ်လ ၂၈ တွင် သတင်း ထုတ်ပြန်သည်။ အဆိုပါ ရောဂါပိုးတွေ့ရှိသူများအနက် ၂ ဦးမှာ အင်းစိန်မြို့နယ်နှင့် ဗဟန်းမြို့နယ်မှ ဖြစ်ပြီး နောက်တစ်ဦးမှာ နေပြည်တော်မှ အသက်(၅၈)နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံသူ အမျိုးသမီးဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။ ၎င်းတို့အား သက်ဆိုင်ရာဆေးရုံများတွင် သီးခြားထား ကုသမှုပေးလျက်ရှိပြီး ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်ကြောင်း အထက်ပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးတွေ့ရှိသူ နှစ်ဦး ထပ်တွေ့

diz_admin

March 27, 2020

မြန်မာနိုင်ငံတွင် ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးတွေ့ရှိသူ နှစ်ဦး ထပ်တွေ့ကြောင်း ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက ယနေ့ နံနက် ၂ နာရီ၀န်းကျင်တွင် သတင်းထုတ်ပြန်သည်။ အဆိုပါ ပိုးတွေ့သူနှစ်ဦးအနက် တစ်ဦးမှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သော အမေရိကန်နိုင်ငံသား ခံယူ ထားသော မြန်မာလူမျိုး၊ အသက် (၃၃) နှစ်ရွယ် အမျိုးသားဖြစ်သည်။ အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ (၁၉-၃-၂၀၂၀) မတ်လ ၁၉ ရက်နေ့တွင် ပြန်လည် ရောက်ရှိခဲံ့သူ ဖြစ်သည်။ နောက်တစ်ဦးမှာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သော အသက် (၆၉) နှစ် အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးဖြစ်ပြီး နှာခေါင်းကင်ဆာရောဂါကို ဩစတြေးလျ နိုင်ငံတွင် (၁) လခန့် ဆေးကုသမှုခံယူခဲ့ပြီး မြန်မာနိုင်ငံသို့ […]

ကိုရိုနာ ဗိုင်းရပ်စ်ရှိသူတစ်ဦး ထပ်တွေ့

diz_admin

March 25, 2020

ကိုရိုနာဗိုင်းရပ်စ် ရှိသူတစ်ဦးကို ထပ်တွေ့ကြောင်း မတ်လ ၂၅ ရက် နံနက် ၁နာရီတွင် ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနကသတင်း ထုတ်ပြန်သည်။ အင်္ဂလန်နိုင်ငံမှ မတ်လ ၂၁ ရက်က မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံမှတစ်ဆင့် လေကြောင်းခရီးဖြင့် ဝင်ရောက်လာခဲ့သူ အသက် ၂၆ နှစ်အရွယ် အမျိုးသားတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အမျိုးသားနှင့် ထိတွေ့ခဲသူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ လက်ရှိတွင် မြန်မာနိုင်ငံတွင် ကိုရိုနာ ဗိုင်းရပ်စ် တွေ့ရှိသူ ၃ ဦး ရှိပြီ ဖြစ်သည်။