တနင်္သာရီတိုင်းအတွင်းရှိ နိုင်ငံခြားသားများ ကျန်းမာရေးစစ်ဆေးချက် ရှိရမည်
diz_admin
April 9, 2020တနင်္သာရီတိုင်းအတွင်း လုပ်ငန်းခွင်အမျိုးမျိုးတွင် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများအနေနှင့် ကျန်းမာရေးဌာန၏ ကျန်းမာရေးစစ်ဆေးပြီး စစ်ဆေးချက်လက်မှတ်ယူရမည်ဖြစ်ကြောင်း တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းက ပြောကြားသည်။ ကိုရိုနာဗိုင်းရပ်စ်အရေးကြောင့် တိုင်းအတွင်းရှိ နိုင်ငံခြားသားများအနေဖြင့် ကျန်းမာရေးစစ်ဆေးရန်လိုအပ်ပြီး စစ်ဆေးပြီးကြောင်း အတည်ပြုချက်လက်မှတ်ရှိရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ထိုသို့နိုင်ငံခြားသားများကို ကျန်းမာရေးစစ်ဆေးပြီးကြောင်းကို မတ်လ ၂၆ ရက်တွင် တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံး (လဝက) ကိုညွှန်ကြားထားပြီး ယခုလကုန်တွင် အပြီးပြန်တင်ပြရမည်ဖြစ်ကြောင်း ဝန်ကြီးဦးကျော်မင်းက ပြောသည်။ တနင်္သာရီတိုင်းအတွင်း ကုမ္ပဏီ ၆၂ ခုတွင် နိုင်ငံခြားသားအလုပ်သမား ၄၈၇ ဦးရှိကြောင်း အထက်ပါဝန်ကြီးဌာနထံမှ သိရသည်။ ထိုနိုင်ငံခြားသားများ လုပ်ကိုင်နေသည့် သက်ဆိုင်ရာလုပ်ငန်းခွင်အတွင်း ကျန်းမာရေးဌာန၊ ထွေအုပ်ဌာန၊ လဝကဌာနတို့က ဝင်ရောက်ပြီးကျန်းမာရေးစစ်ဆေးရန် ညွှန်ကြားထားကြောင်း ဝန်ကြီးဦးကျော်မင်းက ဆိုသည်။ “ကျန်းမာရေးဌာနက ထုတ်ပေးသော အတည်ပြုချက်လက်မှတ်ပါမှသာလျှင် ဆက်လက်လုပ်ကိုင်ခွင့်ပြုဖို့ကိစ္စကို […]