တနင်္သာရီတိုင်းအတွင်း ကိုရိုနာရောဂါပိုးစစ်ထားသူ သုံးဆယ်ကျော်ရှိ၊ ယနေ့ည အဖြေသိရမည်
diz_admin
April 12, 2020တနင်္သာရီတိုင်းအတွင်းမှ ကိုရိုနာရောဂါပိုးရှိ/မရှိ ဓာတ်ခွဲခန်းပို့ထားသူ သုံးဆယ်ကျော်ရှိပြီး ၎င်းတို့၏ ဓာတ်ခွဲအဖြေကို ယခုညတွင် သိရမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထွေးမြစိုးက ပြောသည်။ တိုင်းအတွင်း မြို့နယ် ၁၀ ခုရှိ စောင့်ကြည့်ရေးစခန်းများ (Facility Quarantine) တွင် စောင့်ကြည့်ခံနေရသူ ၃၀ ဦးနှင့် ဆေးရုံစောင့်ကြည့်လူနာ ၅ ဦး ဓာတ်ခွဲနမူနမူများကို ယခုည သိရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ စောင့်ကြည့်စခန်းရှိသူများတွင် ကိုရိုနာရောဂါပိုးလက္ခဏာမရှိသော်လည်း စောင့်ကြည့်သည့်ရက်ပြည့်ခါနီး ၃၀ ဦး၏ နမူနာများကို ဓာတ်ခွဲခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ “ရောဂါလက္ခဏာ ဘာမှတော့ မရှိဘူးပေါ့”ဟု ဒေါက်တာထွေးမြစိုးက ပြောသည်။ ယင်းအပြင် ဧပြီလ ၁၃ ရက်နေ့တွင် ထားဝယ်ဆေးရုံရှိ စောင့်ကြည့်လူနာ ၃ ဦးနှင့် တနင်္သာရီမြို့နယ်မှ […]