BREAKING
September 19, 2024

ကျန်းမာရေး

မှိုဆိပ်သင့်ခြင်း အန္တရာယ်

diz_admin

July 14, 2020

မှိုများတွင် အန္တရာယ်ကင်းစွာ စားသုံးနိုင်သော မှိုအမျိုးအစားများရှိသကဲ့သို့ အဆိပ်ရှိသော မှိုများစွာ ရှိပါသည်။ အဆိပ်ရှိသော မှိုများအနက် အချို့မှာ ပြင်းထန်စွာ အဆိပ်သင့်စေ၍ အသက်ဆုံးရှုံးစေသည်အထိ ဖြစ်နိုင်ပါသည်။ အဆိပ်ရှိ မှိုများ၏ လက္ခဏာများမှာ၁) မှိုအခြေတွင် အခွက်ပါရှိခြင်း၊၂) မှိုပွင့်၏ အရိုးတံတွင် ခြေချင်းပါ ရှိခြင်း၊၃) မှိုထီးအရွက်တွင် အကြေးဖတ် များ ပြန့်ကျဲခြင်း၄) ထီးရွက်အောက် ပါးဟက်များ ဖြူခြင်း၅) မှိုထီးအရွက် အရောင်အဆင်း တောက်ပခြင်း၆) အစိမ်းရောင်မှိုမျိုးမှုန်များ ထုတ်လွှတ်ခြင်း မှိုဆိပ်သင့်ခြင်း လက္ခဏာများမှာမှိုစားပြီး မိနစ် ၂၀ မှ ၄ နာရီအတွင်း မူးဝေခြင်း၊ အော့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်းတို့ ဖြစ်ပွားနိုင်ပြီး ပြင်းထန်ပါက အသက်ဆုံးရှုံးနိုင်ပါသည်။ ထို့အပြင် ဦးနှောက်နှင့် အာရုံကြောထိခိုက်ပြီး စိတ်အာရုံခြောက်ခြားခြင်း၊ အလွန်အမင်း နိုးကြားလာခြင်းနှင့် […]

မျက်စိရေတိမ်ရောဂါနဲ့ ပတ်သက်ပြီး ဘာတွေသိထားရမှာလဲ

diz_admin

July 7, 2020

မျက်စိအတွင်းပိုင်း ရေဖိအားပုံမှန်ထက်များလာခြင်းကြောင့် မျက်စိအာရုံကြော ထိခိုက်ပျက်စီးရခြင်း ဖြစ်သည်။ အစောပိုင်းတွင် ရောဂါလက္ခဏာများကို သတိမထားမိဘဲ နေထိုင်ရာမှ ကုစား၍မရနိုင်သော အမြင်အာရုံဆုံးရှုံးသည်အထိ ဆိုးရွားသွားနိုင်ပါသည်။ ဘယ်သူတွေ ရေတိမ်ဖြစ်ကြသလဲ ၁) အသက်အရွယ်မရွေးဖြစ်နိုင်သော်လည်း အသက် ၄၀ နှစ်အထက်တွင် ပို၍တွေ့ရ သည်။ ၂) မိဘမျိုးရိုးတွင် ရေတိမ်ဖြစ်ဖူးသူများ ၃) မျက်စိအတွင်းပိုင်းရောင်ရမ်းခြင်း ရာဇဝင်ရှိသူများ၊ မျက်စိထိခိုက်ဒဏ်ရာရဖူးသူများ ၄) စတီးရွိုက်ပါသောဆေးများ ကြာရှည်စွာသုံးစွဲနေရသူများ ၅) ဆီးချိုရောဂါရှိသူများနှင့် ၆) အတွင်းတိမ်ရောဂါကို ရောဂါရင့်သည်အထိ မကုသဘဲကြာမြင့်စွာထားသူများတွင် ဖြစ်ပွားနိုင်ပါသည်။ ရောဂါလက္ခဏာများ ၁) အစောပိုင်းတွင် ရောဂါလက္ခဏာများကို သတိမထားမိဘဲ ရှိနေနိုင်သည်။ ၂) မျက်စိအာရုံကြော ထိခိုက်သဖြင့် မျက်စိမြင်ကွင်း တဖြည်းဖြည်းကျဉ်းလာမည်။ ၃) ရုတ်တရက်ပြင်းထန်ရေတိမ်များတွင် အမြင်အားကျဆင်းခြင်း၊ မျက်စိတစ်ဝိုက် အပြင်းအထန် ကိုက်ခဲခြင်း၊ […]

တာဝန်နှင့် စိုးရိမ်စိတ်ကြားက ဓာတ်ခွဲခန်းဝန်ထမ်းများ

diz_admin

June 23, 2020

ဓာတ်ခွဲခန်းဝန်ထမ်းအဖြစ် တာဝန်ကျပြီး ငါးလခန့်အကြာတွင် တစ်ကမ္ဘာလုံး အုတ်အော်သောင်းနင်းဖြစ်နေသည့် ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲနမူနာ ယူရမည်ဆိုသည့်တာဝန်က ဒေါ်သန္တာဌေး ခေါင်းပေါ်ကျလာခဲ့သည်။ မြိတ်ဆေးရုံ ဓာတ်ခွဲဌာနတွင် သင်တန်းတက်စဉ်အခါက ဆရာဝန်များ၏ သရုပ်ပြမူ၊ စာတွေ့သင်ကြားမူတို့အရ ဓာတ်ခွဲနမူနာယူနည်းကို သင်ကြားခဲ့ပြီး ဖြစ်သော်လည်း လက်တွေ့ အတွေ့အကြုံမူ သူမတွင် မရှိသေး။ ပုံမှန်အားဖြင့် ကိုဗစ်ကဲ့သို့သော ရောဂါကြီးများ၏ ဓာတ်ခွဲနမူနာကို ဒေါ်သန္တာဌေးတို့ကဲ့သို့ ဓာတ်ခွဲခန်း ကျွမ်းကျင်(၄) ဝန်ထမ်းတို့ ယူလေ့မရှိဘဲ ဆရာဝန်များကသာ ယူလေ့ရှိသည်။ ဓာတ်ခွဲခန်းကျွမ်းကျင်ဝန်ထမ်းတို့သည် ငှက်ဖျား၊ တီဘီ၊ ဆီးချို စသည့် ရောဂါများ၏ ဓာတ်ခွဲနမူနာများကိုသာ ကိုယ်တိုင်ယူပြီး စစ်ဆေးကြခြင်း ဖြစ်သည်။ သို့သော် ကိုဗစ်ကပ်ရောဂါ ဖြစ်လာသည့်အချိန်တွင်မူ အချို့သော ကိစ္စရပ်များသည် သမားရိုးကျ လုပ်ရိုးလုပ်စဉ်အတိုင်း မဟုတ်ဘဲ ပြောင်းလဲလုပ်ကိုင် ခဲ့ကြရသည်။ အသက် […]

သွေးအလှူရှင်တွေ သိထားသင့်တဲ့ အချက်များ

diz_admin

June 23, 2020

သွေးလှူမည့်သူများအနေဖြင့် အောက်ပါအချက်များနှင့် ကိုက်ညီရန် လိုအပ်ပါတယ်။ ၁) အသက် ၁၈ နှစ်မှ ၅၅ နှစ် အတွင်း ဖြစ်ရမည်။ ၂) အမျိုးသားများမှာ ကိုယ်အလေးချိန်ပေါင် ၁၁၀ အထက် ရှိရမည်။ အမျိုးသမီးများအနေဖြင့် ပေါင် ၁၀ဝ အထက် ရှိရမည်။ ၃) သွေးမလှူခင် အိပ်ရေးဝစွာ အိပ်စက်ထားရမည်။ ၄) အရက်သောက်သုံးခြင်း၊ လက်တလော ဓမ္မတာလာခြင်း မရှိရပါ။ ၅) ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ မဖြစ်ရပါ။ လတ်တလော ရောဂါဝေဒနာ မရှိရပါ။ ၆) လွန်ခဲ့သော ၆ လအတွင်း ဆေးမင်ကြောင်ထိုးခြင်း၊ နားဖောက်ခြင်းခဲ့ခြင်း၊ အပ်စိုက်ကုထုံး ခံယူခဲ့ခြင်းမရှိသူ ဖြစ်ရမည်။ သွေးလှူရှင်များထံမှ သွေးကို မည်ကဲ့သို့ ထုတ်ယူပါသလဲ ၁) လူတစ်ယောက်၏ ခန္ဓာကိုယ်မှာ […]

စားသုံးဆီကို တတ်နိုင်သမျှ လျှော့စားဖို့ ဘာကြောင့်လိုအပ်တာလဲ

diz_admin

June 15, 2020

၁) စားသုံးဆီများတွင် အခြေခံအားဖြင့် ကျန်းမာရေးအရ သင့်တင့်စွာစားသုံးနိုင်သည့် မပြည့်ဝဆီများ၊ တတ်နိုင်သမျှလျှော့၍ စားသုံးသင့်သည့် ပြည့်ဝဆီများနှင့် လုံးဝမစားသုံးသင့်သော အသွင်ပြောင်းဆီများဟူ၍ သုံးမျိုးရှိသည်။ ၂) မပြည့်ဝဆီသင့်တင့်စွာ စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက်ကောင်းမွန်သော သွေးတွင်းအဆီဓာတ်များကို မြင့်တက်စေပြီး မကောင်းသောအဆီဓာတ်များအား လျှော့ချပေးခြင်းဖြင့် နှလုံးရောဂါနှင့် အမျိုးအစား (၂) ဆီးချိုရောဂါစသည့် မကူးစက်နိုင်သည့်ရောဂါများ ဖြစ်ပွားနိုင်ခြေကို လျှော့နည်းစေပါသည်။ (ဥပမာ – မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ငါးမှရသော ဆီများ) ၃) ပြည့်ဝဆီစားသုံးခြင်းကြောင့် မကောင်းသောသွေးတွင်း အဆီဓာတ်များ လွန်ကဲစွာမြင့်တက်စေ၍ အဝလွန်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ သွေးကြောနံရံတွင် အဆီများကပ်ခဲ၍ သွေးကြောများကျဉ်းကာ နှလုံးသွေးကြောပိတ်ရောဂါနှင့် လေဖြတ်ခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။ (ဥပမာ – စားအုန်းဆီ၊ ဆီကြော်အစားအစာများ၊ တိရစ္ဆာန်မှရသော အဆီများ) ၄) အသွင်ပြောင်းဆီသည် […]

မွန်တွင် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၂ ဦးအထိ ရှိလာ

diz_admin

June 15, 2020

မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားသူ ၁၆၄ ဦးရှိပြီး သေဆုံးသူ ၂ ဦးထိ ရှိလာသည်ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှထံမှ သိရသည်။ဇန်နဝါရီလ ၁ ရက်မှ ဇွန်လ ၆ ရက်အထိစာရင်းအရ ပြည်နယ်အတွင်း ရောဂါကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှုအခြေအနေ ဖြစ်သည်။ သေဆုံးသူ ၂ ဦးမှာ ဆယ်လသားနှင့် ၈ နှစ်အရွယ် ကလေးဖြစ်သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ စာရင်းအရ သိရသည်။ သွေးလွန်တုပ်ကွေးအဖြစ်အများဆုံး မြို့နယ်သည် မော်လမြိုင်နှင့် ပေါင်မြို့နယ်တို့ဖြစ်ပြီး သေဆုံးကလေး ၂ ဦးသည် ပေါင်မြို့နယ်မှ ဖြစ်သည်။ “သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နှင်းရေးက ပြည်သူတွေပါမှ။ ကျွန်တော်တို့ ကျန်းမာရေးဝန်ထမ်းတွေချည်းပဲ လုပ်လို့မရဘူး။ အိမ်တိုင်းအိမ်တိုင်းက ဖုံး၊ သွန်၊ လဲ၊ စစ် ကို နားလည်သဘောပေါက်ပြီး ကိုယ့်အိမ်မှာ ဖုံး၊ […]