BREAKING
September 7, 2024

ကျန်းမာရေး

မျောက်ကျောက်ကို မကြောက်ကြရစေဖို့

Dawei Watch

September 3, 2024

ကမ္ဘာမှာ အဖြစ်များလာတဲ့ မျောက်ကျောက်ရောဂါက အခုဆိုရင် ထားဝယ်မှာပါ သံသယလူနာတစ်ဦးကို တွေ့ရှိလာပါပြီ။ ဒီရောဂါဖြစ်ပွားရတဲ့ အကြောင်းတွေကို သိရှိပြီး စနစ်တကျ ကာကွယ်ထားဖို့လိုပါတယ်။ ဒါကြောင့် မျောက်ကျောက်ရောဂါ အကြောင်းနဲ့ ဆောင်ရန်၊ရှောင်ရန်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

အသက်ဘေးမကျရောက်ဖို့ ကြိုတင်ကာကွယ်ရမယ့် ဝမ်းပျက်ဝမ်းလျှော

Dawei Watch

September 3, 2024

ဝမ်းပျက်ဝမ်းလျှောရောဂါက အလွယ်တကူ ကူးစက်တတ်ပြီး အစုအလိုက်အပြုံလိုက် ဖြစ်ပွားနိုင်တဲ့အတွက် ကြောက်စရာကောင်းတဲ့ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါက ကပ်ဘေးအသွင် ဖြစ်ပွားတတ်တဲ့အတွက် မြန်မာနိုင်ငံလို ပဋိပက္ခတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတဲ့ တိုင်းပြည်တစ်ခုမှာ ကူးစက်ဖြစ်ပွားရင် ထိန်းချုပ်နိုင်ဖို့ ခက်ခဲလှပါတယ်။ ဒီရောဂါဆိုးမျိုး မဖြစ်ပွားဖို့ အကောင်းဆုံးနည်းက ကြိုတင်ကာကွယ် တာပါပဲ။ ဒါကြောင့် ကြောက်စရာ ဝမ်းပျက်ဝမ်းလျှောရောဂါကို ကြိုတင်ကာကွယ်နိုင်ဖို့ ဒီရောဂါကြောင်းနဲ့ ဆောင်ရန်ရှောင်ရန်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

လောင်းလုံး ကျေးရွာအချို့တွင် ကာလရှည်အရေပြားရောဂါဖြစ်

Dawei Watch

August 26, 2024

လောင်းလုံးမြို့နယ်ရှိ အောက်ကျောက်ဝပ်၊ ညောပြင်ကျေးရွာအပါအဝင် အနီးအနား ကျေးရွာတို့တွင် အရေပြားရောဂါ ကူးစက်မှုဖြစ်ပွားနေကြောင်း ဒေသခံတို့က ပြောသည်။ ဇွန်လကတည်းက အရေပြားတွင် အပူဖုလိုမျိုး ထွက်ရာကနေ အရေပြားယားယံလာပြီး သုံးလခန့်အကြာ ယနေ့ အချိန်အထိ ရောဂါဖြစ်ပွားနေဆဲဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ အဆိုပါအရေပြားရောဂါအဖြစ်အများဆုံးမှာ အောက်ကျောက်ဝပ်နှင့် ညောပြင်ကျေးရွာတို့တွင်ဖြစ်ပြီး ကလေး၊ လူကြီး အားလုံးနီးပါးတွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့က ပြောဆိုသည်။ “စဖြစ်ဖြစ်ချင်းတုန်းကဆိုရင် (ရွာမှာ) အားလုံးနီးပါးမှာကိုဖြစ်တာ။ ၈၅ ရာခိုင်နှုန်းလောက်ရှိတယ်။ ကျွန်တော်အိမ်မှာတောင် လူခြောက်ယောက်ရှိတာ ငါးယောက်ဖြစ်တယ်” ဟု အောက်ကျောက်ဝပ်ရွာသားတစ်ဦးက ပြောသည်။ အရေပြားယားနာနှင့်အတူ တုပ်ကွေးရောဂါလည်း ကူးစက်ပျံ့နှံ့နေကြောင်း ဒေသခံတို့က ဆိုသည်။ အရေပြားနှင့် တုပ်ကွေးရောဂါကို ဒေသတွင်းတော်လှန်ရေးအဖွဲ့ရှိ ဆေးအဖွဲ့တို့က လာရောက်ကုသပေးသဖြင့် သက်သာသူ အချို့ရှိနေပြီဖြစ်သော်လည်း လက်ရှိအချိန်အထိ ရောဂါမသက်သာသေးသူများ ကျန်နေသေးကြောင်း […]

ကြောက်စရာ မျောက်ကျောက်ရောဂါ

Dawei Watch

August 24, 2024

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ဩဂုတ်လ ၁၄ ရက်နေ့က ကြေညာထားသည့် မျောက်ကျောက်ရောဂါမှာ အန္တရာယ်ရှိသည့် ကူးစက်ရောဂါဖြစ်သည်။ မြန်မာနိုင်ငံနှင့်ထိစပ်နေသည့် ထိုင်းနိုင်ငံတွင်လည်း မျောက်ကျောက်ရောဂါ မျိုးစိတ်သစ် ကူးစက်ခံထားရကြောင်း သံသယရှိသူတစ်ဦးကို ပထမဆုံးတွေ့ရှိဟု ထိုင်းကျန်းမာရေးဌာနက ဩဂုတ်လ ၂၁ ရက်နေ့က ထုတ်ပြန်ထားသည်။ အာဖရိကနိုင်ငံတစ်ခုမှ ထိုင်းနိုင်ငံသို့ ပြန်လာသူတစ်ဦးထံတွင် ကူးစက်မြန်သည့် မျောက်ကျောက် ရောဂါ မျိုးစိတ်သစ် Clade 1b ကူးစက်ခံထားရဖွယ်ရှိသည်ဟု ကြေညာလိုက်ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံနှင့် ထိစပ်မှုများလည်း တနင်္သာရီတိုင်းတွင်လည်း မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုရှိနိုင်သည်ဆိုသော သံသယများလည်း ရှိနေသည်။ မျောက်ကျောက်ရောဂါမှာ လူသေဆုံးနိုင်သည့် ရောဂါတစ်ခုဖြစ်သဖြင့် ရောဂါမကူးစက်စေရန် ဆောင်ရန် ရှောင်ရန်အချက်များကို သိရှိနားလည်ထားရန် လိုအပ်သည်။ မျောက်ကျောက်ရောဂါမှာ မြန်မာနိုင်ငံတွင်ဖြစ်ပွားလေ့ရှိသည့် ရေကျောက်ရောဂါနဲ့ […]

သားဆက်ခြားကျန်းမာရေး ဘေးကင်းရန်လိုသည်

Dawei Watch

December 2, 2023

အဆင်သင့် မဖြစ်သေးသည့်အချိန် ကလေးတစ်ယောက်မွေးပြီး ပြုစုစောင့်ရှောက်ရမည့်အရေးမှာ အင်မတန်ကြီးမားသည့် ဝန်ထုတ်ဝန်ပိုးတစ်ခုဖြစ်သည်။ လူသားတစ်ဦး လူ့လောကအတွင်း ရောက်လာသည့်အချိန်မှ အရွယ်ရောက်သည်အထိ ပြုစုပျိုးထောင်ရသည့် အဆင့်တိုင်းတွင် မိဘအနေဖြင့် အဆင်သင့်မဖြစ်သေးပါက အခက်အခဲ အမျိုးမျိုးကို ရင်ဆိုင်ရမည်ဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အထွေထွေအကျပ်အတည်းဖြင့် ရင်ဆိုင်နေရသည့် လက်ရှိအခင်းအကျင်းတွင်ပို၍ပင် ရုန်းကန်လှုပ်ရှားရမည်ဖြစ်သည်။ အဆင်သင့်မဖြစ်ချိန် ကိုယ်ဝန်ဆောင်လိုက်ရသဖြင့် ကိုယ်ဝန်ဖျက်ချမှုကြောင့် သေဆုံးရတဲ့ အန္တရာယ်တွေကလည်း ရှိနေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အစီရင်ခံစာအရ ဝင်ငွေနည်းပါးသည့်နိုင်ငံများနှင့် ဝင်ငွေအလယ်အလတ်ရှိသည့် နိုင်ငံများတွင် အမျိုးသမီး ၇၄ သန်းမှာ ကလေးယူရန် အဆင်သင့်မဖြစ်သေးမီ ကိုယ်ဝန်လွယ်ထားရသည်ဟု ဆိုသည်။ ၎င်းတို့အနက် အန္တရာယ်မကင်းသည့် ကိုယ်ဝန်ဖျက်ချမှုကြောင့် နှစ်စဉ်အမျိုးသမီးသေဆုံးမှု ၄၇၀၀၀ ဝန်းကျင်ရှိနေပြီး စိတ်ကျန်းမာရေးယိုယွင်းလာကာ ဆယ်ကျော်သက်များ သတ်သေမှုလည်း ဖြစ်စေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထိုကြောင့် ကလေးတစ်ယောက်ယူရန် […]

ဘိန်းစာရွက်နဲ့ အာစီယံ သောက်တာ ဆိုးကျိုးရှိသလား

Dawei Watch

June 23, 2023

တောင်ပိုင်းဒေသတွင် ရှင်သန်ဖြစ်ထွန်းပြီး လူအသုံးများသည့် ဘိန်းစာရွက်နှင့် အာစီယံမှာ အာဏာသိမ်းပြီးနောက်ပိုင်း  ပိုမိုတွင်ကျယ်လာသည်။ ဘိန်းစာရွက်ကို မြန်မာနိုင်ငံတွင် မူးယစ်ဆေးအုပ်စုဝင်အဖြစ်သတ်မှတ် တားမြစ်ထားပြီး အိမ်နီးချင်း ထိုင်းနိုင်ငံတွင်မူ တရားဝင်ရောင်းဝယ်  သုံးစွဲခွင့်ပြုထားသည်။ ထိုင်းနိုင်ငံတွင် ဘိန်းစာရွက်ကို တရားဝင်သုံးစွဲခွင့်ပြုထားသည်ဆိုသော်လည်း ပြုပြင်ရောနှောပြီး အသုံးပြုရောင်းချခြင်းကိုမူ တားမြစ်ထားသည်။ ဘိန်းစာရွက်ကို အစိမ်းစားကြသည့်အပြင် ပြုတ်ပြီးရလာသည့်အရည်တွင် ချောင်းဆိုးပျောက်ဆေးရည်၊ ကိုကာကိုလာ အစသဖြင့် နှစ်သက်ရာ ရောထည့်ပြီး သောက်သုံးလေ့ရှိသည်။ လက်ရှိတွင် ဘိန်းစာရွက်ပြုတ်ရည်နှင့်နှစ်သက်ရာ ရောနှောထားသည့်  အာစီယံကို မြန်မာနှင့် ထိုင်းနိုင်ငံရှိ လူငယ်လူကြီးမရွေး သောက်သုံးလာကြသည်။ ယင်းအရည်ကို သောက်သုံးပါက လူကိုလန်းဆန်းစေသည်၊ ဆီးချိုကျစေသည်၊ အလုပ်လုပ်နိုင်စွမ်းပိုတိုးလာသည် စသဖြင့် အမျိုးမျိုးယူဆကာ သောက်သုံးနေကြသည်။ ထိုကြောင့် ဘိန်းစာရွက်၊ အာစီယံ၏ ကောင်းကျိုး ဆိုးကျိုးနှင့် ပတ်သက်၍ သိရှိနိုင်ရန် ကျွမ်းကျင်ဆရာဝန်တစ်ဦးကို မေးမြန်း၍ကောက်နုတ်တင်ဆက်လိုက်ပါသည်။ […]