စစ်ရေးတင်းမာနေသည့် လောင်းလုံးမြို့နယ်တွင် နှစ်သစ်ကူး ညသပိတ်ပြုလုပ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။
ထားသပိတ်ကော်မတီက ဦးဆောင်ပြုလုပ်သည့် ညသပိတ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများ၊ နွေဦးတော်လှန်ရေးအတွင်း အသက်ပေးသွားကြသူများကို ဆုတောင်းပေးခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
လောင်းလုံးမြို့အောက်ဖက်ကျေးရွာများ အနီးရှိ ပင်လယ်ပြင်တွင် စစ်ကောင်စီတပ် စစ်သင်္ဘောများကို နေရာအနှံ့ချထားသည်။




