လေးသွန်းခံကျေးရွာမှ နေအိမ်မီးရှို့ခံရသူများကို ယနေ့နံနက်ပိုင်းက မြင်တွေ့ရစဉ်။
စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည့် လောင်းလုံးမြို့နယ်ရှိ ကျေးရွာများတွင် နေအိမ်မီးရှို့ခံရမှုများ ဆက်တိုက်ရှိနေခဲ့ပြီး ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်းက လောင်းလုံးမြို့၏ အရှေ့တောင်ဘက် သုံးမိုင်ကျော်အကွာတွင်ရှိသော လေးသွန်းခံရွာမှ နေအိမ် ၁၁ လုံးခန့် မီးရှို့ခံခဲ့ရသည်။





















