ထောင်ဝင်စာပါဆယ်ပို့ခွင့် ပိတ်ပင်ထားရာမှ ၁၃ ရက်အကြာတွင် ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ရာ ထောင်ဝင်စာလာပို့ရန်အတွက် လာရောက်စောင့်ဆိုင်းနေသည့် အကျဉ်းကျနေသူများ၏ မိသားစုဝင်များကို ထားဝယ်အကျဉ်းထောင်ရှေ့တွင် ယနေ့နံနက်က မြင်တွေ့ရစဉ်။
ထောင်ဝင်စာပါဆယ်ပစ္စည်းများကို သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီသာ လက်ခံမည် ဖြစ်ကြောင်း ထားဝယ်အကျဉ်းထောင်၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ထောင်ဝင်စာပါဆယ်ပစ္စည်းများကို နံနက် ၇ နာရီခွဲမှ နေ့လယ် ၁၁ နာရီအထိ၊ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ စိစစ်လက်ခံမည်ဖြစ်သည်။
အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူများ၏ ပါဆယ်ပေးသွင်းခွင့်ကို တစ်ပတ် တစ်ကြိမ်သာ ခွင့်ပြုမည်ဖြစ်ပြီ အကျဉ်းသား၊ အကျဉ်းသူများ၏ ပါဆယ်ပစ္စည်းကို တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင် လက်ခံမည်ဖြစ်ပြီး အချုပ်သား၊ အချုပ်သူများ၏ ပါဆယ်ကို အင်္ဂါနေ့နှင့် ကြာသပတေးနေ့များတွင်သာ လက်ခံမည်ဖြစ်ကြောင်း ကြေညာထားသည်။







