BREAKING
January 19, 2025

မြိတ်တွင် မနက်ဖြန် လျှစ်စစ်ဓာတ်အား ယာယီပြတ်မည်

May 31, 2024

မြိတ်မြို့တွင်း ရပ်ကွက်များနှင့် မြို့သစ်ရပ်ကွက်များတွင် ဇွန်လ ၁ ရက်နေ့ နေ့လယ်ပိုင်းမှစ၍ လျှစ်စစ်ဓာတ်အား ယာယီပြတ်တောက်မည်ဖြစ်ကြောင်း မြိတ်မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း Petrol & Trans ကုမ္ပဏီကထုတ်ပြန်ထားသည်။

မြိတ်မြို့နယ်တွင်း လျှစ်စစ်အားဖြန့်ဖြူးပေးနေသည့် ဒီဇယ်အင်ဂျင်၏ မိန်းဆာ့ကစ်ဘရိတ်ကာ တစ်လုံးလဲလှယ်ရန်ရှိသည့်အတွက်ကြောင့် နေ့လယ် ၁၁ နာရီမှ ၁၂ နာရီအထိ မြို့တွင်းဧရိယာတစ်ခုလုံး တစ်နာရီကြာ ဓာတ်အားပြတ်တောက်မည်ဖြစ်သည်။

ယင်းအပြင် မိုးဦးကျရာသီတွင် လျှစ်စစ်အန္တရာယ်ကင်းရှင်းရေး ဓာတ်အားပြတ်တောက်မှု နည်းပါးစေရေးအတွက် ၁၁ ကေဗွီဓာတ်အားလိုင်းနှင့်မလွတ်ကင်းသည့် အပင်များကို ခုတ်ထွင်ရှင်းလင်းရန်ရှိသည့်အတွက်ကြောင့် မြို့သစ်ဖီဒါဧရိယာတွင် ယာယီဓာတ်အားပြတ် တောက်နေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ထို့ကြောင့် ဇွန်လ ၁ ရက်နေ့လယ် ၁၁ နာရီမှ ၁၂ နာရီအထိ မြိတ်မြို့၊ မြို့သစ်ဖီဒါဧရိယာအတွင်းရှိသော မွန်စုရပ် ၊တရုတ်တန်းရပ်၊ ဘုရားကိုင်ရပ်၊ ပါရမီ (၁/၂)ရပ်၊ ကန်ခေါင်းရပ်၊ ကြောင်ငယ်ရပ်၊ ကန်ဘောင်ရိုးရပ်၊ အလယ်ကျွန်းရပ်၊ ထားဝယ်ကမ်းရပ်၊ ဇေယျာသီရိ (၁/၂/၃/၄) ရပ်၊ ရာပြည့်ရပ်၊ အင်းလေးမြိုင်ရပ်၊ တိုးချဲ့ရပ်၊ မြို့သစ်ရပ်ကွက်များတွင် နေ့လည် ၁၁ နာရီမှ ၁၄ နာရီအထိ လျှပ်စစ်ဓာတ်အား ယာယီပြတ်တောင်မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီထံကသိရသည်။

“ဘိတ် (မြိတ်)မှတော့ အကြာကြီးတော့ ပျက်တာမရှိဘူး ဒီလိုစက်ပျက်တာ သစ်ကိုင်းခုတ် မယ်ဆိုပြီး သူတိုကြေညာတဲ့နေ့တွေဆိုပျက်တယ်”ဟု မြိတ်မြို့ကန်ဖျားရပ်ကွက်နေ အမျိုးသမီးတစ်ဦးကပြောသည်။

Petro & Trans ကုမ္ပဏီသည် ထားဝယ်ခရုင် နှင့် မြိတ်မြို့နယ်တွင် လျှစ်စစ်ဓာတ်အားဖြန့်ဖြူး‌ပေးနေသည့် ကုမ္ပဏီဖြစ်သည်။

ထားဝယ်ခရိုင်တွင် ပြီးခဲ့သည့်ဧပြီလဆန်းပိုင်းကစပြီး လျှစ်စစ်ဓာတ်အား ပုံမှန်မရတော့သည့်အတွက်ကြောင့် ဝေဖန်မှုများ ဖြစ်ပေါ်နေသည်။

ကုမ္ပဏီဘက်ကမူ ယခုကဲ့သို့ လျှစ်စစ်ဓာတ်အားဖြန့်ဖြူ‌ ပေးသည့် စက်များ ချွတ်ယွင်း နေသည့်အတွက် ကြောင့် ပြန်လည်ပြုပြင်‌ နေစဉ်အတွင်းအလှည့်ကျ ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယခုနှစ်ဧပြီလ၏ လျှစ်စစ်သုံးစွဲခမှ ထားဝယ်ခရိုင်တွင် တစ်ယူနစ် ၄၄၀ကျပ် ဖြစ်ပြီး မြိတ်မြို့နယ်တွင် တစ်ယူ နစ်၁၂၃၀ကျပ်အထိ ရှိလာသည်။