BREAKING
January 23, 2025

ထားဝယ်တွင် ဆန်၊ ဆီ ဈေးမြင့်တက်

May 31, 2024

မြန်မာကျပ်ငွေ တန်ဖိုးထိုးကျမှု၊ ရန်ကုန်-ထားဝယ် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုတို့ကြောင့် ထားဝယ်ဈေးကွက်တွင် ဆန်၊ ဆီနှင့် အခြား စားသောက်ကုန်များ ဈေးတက်နေသည်။

အကယ်ဒမီဆန် ရက်ကိုးဆယ် အမျိုးအစား ဆန်တစ်အိတ်လျှင် ယခင်အပတ်က ၁၁၄,၀၀၀ ကျပ်စျေးရှိရာမှ ယနေ့ ၁၁၅,၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းမှာ ၁၈၀,၅၀၀ ကျပ်မှ ယနေ့ ၁၈၁,၅၀၀ကျပ်၊ အစိမ်းရောင်တံဆိပ် အကယ်ဒမီဆန်မှာ ၁၄၆,၀၀၀ ကျပ်မှ ၁၄၈,၀၀၀ကျပ်၊ အနီရောင်တံဆိပ် အကယ်ဒမီဆန်မှာ ၁၄၆,၀၀၀ကျပ်မှ ယနေ့ ၁၄၈,၅၀၀ကျပ် ဖြစ်သွားသည်။

တစ်ပတ်အတွင်း ဆန်အမျိုးအစားလိုက် တစ်အိတ်လျှင် ကျပ် ၁၀၀၀ မှ ကျပ် ၂၅၀၀အထိ ဈေးတက်သွားသည်။

ထိုနည်းအတူ ပုစွန်တံဆိပ်ယိုးဒယားဆီ တစ်လီတာတစ်ဘူးလျှင် ယခင်အပတ်က ၅၇၀၀ ကျပ်မှ ယနေ့ ၆၆၀၀ကျပ်၊ ပဲလုံးတံဆိပ် ယိုးဒယားဆီတစ်လီတာမှာ ၆၁၀၀ ကျပ်မှ ၇၀၀၀ကျပ်အထိဈေးတက်သွားသည်။

တစ်ပတ်အတွင်း စားသုံးဆီ တစ်လီတာဘူး တစ်ဘူးလျှင် ၉၀၀ကျပ်အထိ ဈေးတက်သွားခြင်းဖြစ်သည်။

ပြည်တွင်းထုတ် ဆီဈေးနှုန်းများမှာ ဇယားပါဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်။

ကြက်သွန်နီ တစ်ပိဿာလျှင် ယနေ့ ၃၂၀၀ကျပ် စျေးဖြစ်နေပြီး ယခင်အပတ်ကထက် ၂၀၀ကျပ် ‌ဈေးတက်လာသည်။

ကြက်သွန်ဖြူ တစ်ပိဿာဈေးမှာလည်း ယခင်အပတ်ကထက် တစ်ပိဿာလျှင် ၅၀၀ကျပ် ဈေးတက်သွားပြီး ယနေ့ ၁၂၅၀၀ကျပ် ဖြစ်သွားသည်။