BREAKING
April 2, 2025

ငလျင်ဘေးကြောင့် ပျက်စီးသွားသည့် ဖြစ်စဉ်များ

March 31, 2025

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ မြန်မာစံတော် ချိန် ၁၂ နာရီ ၅၁ မိနစ်တွင် ပြင်းအား ၇ ဒသမ ၇ ရစ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့သည်။ နှစ်ပေါင်း ၁၈၆ နှစ်အတွင်း အဆိုးရွားဆုံး ငလျင်လှုပ်ခတ်မှုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

အလွန်ပြင်းထန်သည့် ယင်းငလျင်ကြောင့် မန္တလေး၊စစ်ကိုင်း နေပြည်တော်နှင့် ရှမ်းပြည်တောင်ပိုင်း အင်းလေဒေသတို့တွင် နေအိမ်အဆောက်အအုံများစွာ ပျက်စီးကာ လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။

မတ်လ ၃၁ ရက်နေ့အထိ အသက်ဆုံးရှုံးရသူ ၁၇၀၀ ကျော်ရှိပြီဟု စစ်ကောင်စီက ထုတ်ပြန်ထားသော်လည်း DVB သတင်းဌာနက ကောက်ယူထားသည့် မတ်လ ၃၁ ရက်နေ့စာရင်းအရ သေဆုံးသူ ၃၀၀၀ ကျော်လာပြီဖြစ်သည်။

လူသေဆုံးမှုများပြားသလို အဆောက်အအုံပြိုကျပျက်စီးမှုများလည်း အလွန်များပြားခဲ့သည့် ယင်းငလျင်လှုပ်ခတ်မှုကို ကောင်းကင်ဓာတ်ပုံများဖြင့် မှတ်တမ်းပြုစုကာ ငလျင်မလှုပ်မီနှင့် လှုပ်ပြီးနောက် ပျက်စီးမှုအခြေအနေများကို စုစည်းဖော်ပြပေးလိုက်ပါသည်။

ရရှိသည့် ဒေတာအချက်အလက်များအလိုက် ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်ပြီး အဝိုင်းလေးကို နှိပ်ပြီး ဘယ်/ညာ ဆွဲကြည့်နိုင်ပါသည်။

ငလျင်လှုပ်ခတ်မှုအတွင်း နေပြည်တော်လေဆိပ်ရှိ လေကြောင်းထိန်းချုပ်ရေးစင်တာ ထက်ပိုင်းကျိုးပြိုကျမှု အခြေအနေနှင့် မပြိုကျမီအခြေအနေကို ကောင်းကင်ဓာတ်ပုံဖြင့် ဖော်ပြထားပါသည်။

အင်အားပြင်းမြေငလျင်ကြောင့် မန္တလေးမြို့ရှိ မစိုးရိမ်ကျောင်းတိုက်သစ်ကြီး ပြိုကျပျက်စီးခဲ့မှုနှင့် မပြိုကျခင်အခြေအနေကို ကောင်းကင်ဓာတ်ပုံဖြင့်ဖော်ပြထားပါသည်။