BREAKING
April 1, 2025

နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ် ၇ ရက်သတ်မှတ်ဟု စစ်ကောင်စီကြေညာ

March 31, 2025

ပြင်းထန်ငလျင်ဘေးကြောင့် လူသေဆုံးမှုမြင့်မားနေသည့် မြန်မာနိုင်ငံတွင် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ် နေ့ရက်အဖြစ် မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အထိကို သတ်မှတ်လိုက်ပြီး အလံတစ်ဝက်လွှင့်ထူမည်ဟု စစ်ကောင်စီက ကြေညာလိုက်သည်။

“ညွှန်ကြားထားပါတယ်။ ဒီနေ့ကစပြီး တစ်ပတ်တိတိ နိုင်ငံတော်အလံကို တစ်ဝက်လွှင့်ထူရမှာပါ။ ညီမတို့ ရုံးမှာလည်း ဒီနေ့ နိုင်ငံတော်အလံကို တစ်ဝက်ပဲ လွှင့်ထူထားပါတယ်”ဟု ထားဝယ်မြို့ မှ အစိုးရ ရုံးဝန်ထမ်း တစ်ဦးကပြောသည်။

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ မြန်မာစံတော် ချိန် ၁၂ နာရီ ၅၁ မိနစ်တွင် ပြင်းအား ၇ ဒသမ ၇ ရစ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မတ်လ ၃၁ ရက်နေ့အထိ အသက်ဆုံးရှုံးရသူ ၁၇၀၀ ကျော်ရှိပြီဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။ သို့သော် မြေပြင်အခြေအနေတွင် ယင်းပမာဏထက် များစွာပိုများကြောင်း အကူအညီပေးနေသူများကဆိုသည်။

မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက် နေ့က လှုပ်ခတ်ခဲ့သော အလွန်ပြင်းထန်သည့် ငလျင်ကြောင့် မန္တလေး၊စစ်ကိုင်း နေပြည်တော်နှင့် ရှမ်းပြည်တောင်ပိုင်း အင်းလေဒေသတို့တွင် နေအိမ်အဆောက်အအုံများစွာ ပျက်စီးကာ လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။