BREAKING
April 2, 2025

စီစဉ်ထားပြီးဖြစ်သည့်သင်္ကြန်ပွဲတော် မကျင်းပတော့ဟု ရန်ကုန်ရှိ ထိုင်းသံရုံး ကြေညာ

March 31, 2025

ပုံစာ - နေပြည်တော်တွင် ထိုင်းတပ်မတော်အဖွဲ့က ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်

လာမည့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသော ၂၀၂၅ ခုနှစ် ဆုန်ကရန်-သင်္ကြန်ပွဲတော်ကို ဖျက်သိမ်းလိုက်ကြောင်း ရန်ကုန်ရှိ ထိုင်းသံရုံးက ယနေ့တွင် ကြေညာသည်။

မြန်မာနိုင်ငံအတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးရသူများနှင့် ပျက်စီးဆုံးရှုံးမှုများခဲ့သဖြင့် မိသားစုများနှင့်အတူ စိတ်မကောင်းဖြစ်ရကြောင်း ဖော်ပြသည်။

ထို့ကြောင့် ထိုင်းသံရုံးထဲ ကျင်းပမည့် သင်္ကြန်ပွဲတော်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ဖော်ပြသည်။

ထိုင်းသံရုံးအနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများအပါအဝင် ငလျင်ဒဏ်သင့် မြန်မာပြည်သူများအတွက် ကူညီထောက်ပံ့နိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုင်းဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ကလည်း မြန်မာပြည်တွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအတွက် စိတ်မကောင်းဖြစ်ကြောင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သံရုံးဘက်က ထုတ်ပြန်သည်။

လက်ရှိတွင် ထိုင်းတပ်မတော်က မြန်မာပြည်တွင်းရှိ ငလျင်ဒဏ်သင့် နေရာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကယ်ဆယ်ရေးတပ်သားများကို ပစ္စည်းများနှင့်အတူ အဖွဲ့လိုက် စေလွှတ်ထားပြီးဖြစ်သည်။