စစ်ကောင်စီတပ်က ၂ နှစ်ကျော်အကြာ တပ်စွဲထားတဲ့ သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာက စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့မနက်မှာ မီးရှို့ဖျက်ဆီးလိုက်ပါတယ်။
စော်ဖျားကျေးရွာတောင်ပိုင်း ဘုရားကုန်းမှာ အင်အားဆယ်ဂဏန်းရှိတဲ့ စစ်ကောင်စီတပ်သားတွေက စခန်းကိုစွန့်ခွာသွားတာပါ။ ဒီအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။