BREAKING
January 5, 2025

ပန်ဆိုင်းမြို့ အုပ်ချုပ်ရေးယန္တရား ထူထောင်နိုင်ပြီဟု ကိုးကန့်တပ်ကြေညာ

November 30, 2023

Photos – The Kokang

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်ဂိတ်ရှိသည့် ပန်ဆိုင်းမြို့တွင် အုပ်ချုပ်ယန္တရား ထူထောင်နိုင်ပြီဖြစ်ကြောင်း ကိုးကန့်တပ် MNDAA က ကြေညာသည်။

မုံးကိုးခရိုင်၊ မိုင်းပေါ်ဒေသ၊ ပန်ဆိုင်းမြို့တွင် နိုင်ဝင်ဘာလ ၂၈ရက်က အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး အုပ်ချုပ်ရေးယန္တရားကို ထူထောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ နိုဝင်ဘာလ ၃၀ ရက်တွင် ကြေညာထားသည်။

သက်ဆိုင်ရာပုဂ္ဂိုလ်များကို ရာထူးခန့်အပ်ခြင်း၊ တာဝန်များ ခွဲဝေပေးခဲ့ပြီး ပြည်သူများကို လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်စေရန်၊ ထုတ်လုပ်မှုများ ၊ စာသင်ကျောင်းများ အမြန်ဆုံး ပြန်လည်စတင်နိုင်ရေး လုပ်ဆောင်ရန် ညွှန်ကြားထားကြောင်းလည်းဆိုသည်။

၁၀၂၇ စစ်ဆင်ရေးတစ်လျှောက်လုံးတွင် MNDAA၊ TNLA၊ AAတို့ ပူးတွဲပြီး ကိုးကန့် ၊ မုံးကိုး ၊ မူပန် (သိန္နီ) နှင့် ကွတ်ခိုင်တို့တွင် စစ်ဆင်ရေးလုပ်ဆောင်ခဲ့သည်။  

ယင်းသို့ စစ်ဆင်ရေးလုပ်ဆောင်နေချိန် ပန်ဆိုင်း နယ်စပ်ဂိတ်ကို နိုဝင်ဘာလ ၁၉ရက်တွင် တိုက်ခိုက်သိမ်းယူခဲ့ပြီး ပန်ဆိုင်းမြို့တွင် ထိန်းချုပ်နိုင်ခဲ့ကြောင်း MNDAA ထံမှ သိရသည်။

ပန်ဆိုင်းနယ်စပ်ဂိတ်သည် MNDAA က သိမ်းယူခဲ့သည့် တတိမြောက် တရုတ်-မြန်မာ နယ်စပ်ဂိတ်လည်း ဖြစ်သည်။