တောင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုးလ် တွင် ပွဲတော်ည လူအုပ်ကြီးပြိုရာမှ အသက်ရှူကျပ်ပြီး သေဆုံးသူ (၁၅၁) ဦး ရှိသွားကာ ၈၂ ဦးဒဏ်ရာရရှိသွားကြောင်း BBC သတင်းက ဖော်ပြထားသည်။
သေဆုံးသူများထဲတွင် နိုင်ငံခြားသား (၁၉) ဦးလည်း ပါဝင်ကြောင်း အရေးပေါ်ကယ်ဆယ်ရေး လုပ်သားများက ပြောကြားကြသည်။
ဆိုးလ်မြို့ရှိ ညဘက် အများသူငါ ထွက်ပြီး ပျော်ပွဲဆင်ရာ နေရာ အီတေးဝမ် တွင် ဟောလိုးဝင်းပွဲအတွက် လူအုပ်ကြီး ညပ်သွားခြင်း ဖြစ်သည်။
သေဆုံးသူ အများစုမှာ အသက် ၂၀ ဝန်းကျင် လူငယ်လေးများ၊ ဆယ်ကျော်သက်များ ဖြစ်ကြောင်း မီးသတ်ဌာနက ထုတ်ပြန်ထားသည်။
သေဆုံးသူများထဲတွင် တရုတ်နိုင်ငံသား သုံးဦးပါဝင်သွားကြောင်း Xinhua သတင်းဌာနက ထုတ်ပြန်ထားသေးသည်။
လမ်းကျဉ်းလေးတစ်ခုထဲတွင် လူအများလဲကျရာမှ အလွန်ကြီးမားသော လူပြိုမှုကြီးဖြစ်ကာ များစွာ သေဆုံးရခြင်း ဖြစ်သည်။
ကပ်ရောဂါပြီးနောက် နှာခေါင်းစည်းတပ်ရန်မလိုဘဲ ပထမဆုံးအကြိမ်အဖြစ် ဟောလိုးဝင်းပွဲတော်ကို ပြင်ပတွင် ကျဉ်းပခြင်း ဖြစ်သည်။