မြိတ်မြို့၏ အခြေခံစားသောက်ကုန်ဈေးကွက်တွင် ဆန်ကြမ်းဈေးနှုန်း အနည်းငယ်ကျဆင်းခဲ့ပြီး ရွေဘိုပေါ်ဆန်းမွှေးဈေးနှုန်းမှာ ၉၀၀၀၀ ကျပ်အထိပြန်မြင့်ခဲ့သည်။
သို့သော် တစ်ဆိုင်နှင့်တစ်ဆိုင် ရောင်းဈေးကွာဟချက်ရှိခဲ့ပြီး အချို့ဆိုင်များတွင် ရွှေဘိုပေါ်ဆန်းမွှေးတစ်အိတ်လျှင် တစ်သိန်းကျပ်မှ တစ်သိန်းနှစ်ထောင်ကျပ်အထိ ပုံမှန်ဈေးနှုန်းအတိုင်း ရောင်းချနေကြဆဲဖြစ်သည်။
ထိုင်းစားသောက်ကုန်အချို့ ဈေးအနည်းငယ်ကျဆင်းလာပြီး ထိုင်းပဲလုံးဆီတစ်ဗူးလျှင် တစ်ထောင်ကျပ်အထိ ဈေးထိုးကျခဲ့ပြီး ကြက်သွန်ဖြူ/နီ ဈေးမှာ အနည်းငယ် ပြောင်းလဲမှုရှိခဲ့သည်။
ထို့ပြင် စားအုန်းဆီ(ပုံးဝါ)သည် ၈၆၀၀၀ ကျပ်မှ ၇၁၅၀၀ ကျပ်အထိ ဈေးကျဆင်းခဲ့ပြီး ကြက်၊ ဝက်၊ အမဲသားဈေးကွက် ပြောင်းလဲမှုမရှိပဲ တည်ငြိမ်နေသည်။


