ထားဝယ်ဈေးကွက်တွင် ယခုအပတ် ကြက်သွန်ဖြူ နှင့် ငရုတ်ပုခြောက်တို့ ဈေးတက်နေသည်။
ယခင်အပတ်က ထူးလေးအမျိုးအစား ကြက်သွန်ဖြူ တစ်ပိဿာဈေးမှာ ၁၃၀၀၀ ကျပ်မှ ယနေ့ ၁၄၀၀၀ ကျပ်၊ ငရုတ်ပုခြောက် တစ်ပိဿာဈေးမှာ ၁၇၅၀၀ ကျပ်မှ ၂၂၀၀၀ ကျပ်သို့ ဈေးတက်သွားခြင်းဖြစ်သည်။
တစ်ပတ်အတွင် ထူးလေးအမျိုးအစား ကြက်သွန်ဖြူတစ်ပိဿာ ကျပ် ၁၀၀၀ နှင့် ငရုတ်ပုခြောက်တစ်ပိဿာ ၅၅၀၀ကျပ်ဈေးတက်သွားခြင်းဖြစ်သည်။
သို့သော်ကျူကုတ်ကြက်သွန်ဖြူဈေးမှာ ယခုအပတ်တွင် တစ်ပိဿာ ကျပ် ၁၀၀၀ ဈေးပြန်ကျလာသည်။
ယခင်အပတ်က ကျူကုတ်ကြက်သွန်ဖြူတစ်ပိဿာ ၂၂၀၀၀ကျပ်မှ ယနေ့ ၂၁၀၀၀ကျပ်သို့ ဈေးကျသွားခြင်းဖြစ်သည်။
ပြည်တွင်းထုတ်စားသုံးဆီဈေးမှာဇယားပါ ဈေးနှုန်းများအတိုင်းဈေးငြိမ်နေသည်။
ထိုင်းနိုင်ငံထုတ် စားသုံးဆီများဖြစ်သည့် ပုစွန်နှစ်ကောင်တံဆိပ်နှင့် ပဲလုံးတံဆိပ်စားသုံးဆီများမှာ ဈေးပြန်ကျလာသည်။
ပုစွန်နှစ်ကောင်တံဆိပ်စားသုံးဆီ တစ်လီတာ ယခင်အပတ် ၁၀၂၀၀ကျပ်မှ ယနေ ၉၀၃၀၀ကျပ်၊ ပဲလုံးတံဆိပ် စားသုံးဆီမှ ၁၁၀၀၀ကျပ်မှ ယနေ့ ၁၀၂၀၀ကျပ်သို့ ဈေးကျသွားခြင်းဖြစ်သည်။
ထိုင်းနိုင်ငံမှတင်သွင်းသည့် စားသုံးဆုံးဆီဈေးနှုန်းများမှာတစ်ပတ်အတွင်း တစ်လီတာ ကျပ် ၁၀၀၀မှ ကျပ် ၈၀၀အထိ ဈေးပြန်ကျသွားခြင်းဖြစ်သည်။
ဘတ်ဈေးနှုန်းများ ပြန်ကျလာသည့်အတွက်ကြောင့် ယင်းဆီဈေးနှုန်းများ ကျဆင်းလာခြင်းဖြစ်ကြောင်း ထားဝယ်မြို့က စားသုံးကုန် လက်လီ/လက်ကား ဖြန့်ချိ ရောင်းချသူများကပြောသည်။

