BREAKING
February 1, 2025

သရက်ချောင်းရေတံခွန်တွင် ဆယ်ရက်အတွင်း လူနှစ်ဦး ရေနစ် သေဆုံး

June 30, 2020

သရက်ချောင်းရေတံခွန်တွင် ယခုနှစ် ရေတံခွန်ရာသီအစပိုင်းကာလ ဆယ်ရက်အတွင်း လူနှစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သရက်ချောင်းမြို့မ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဒေသခံ အချို့ထံမှ သိရသည်။

ဇွန်လ ၂၂ ရက် ညနေ ၄ နာရီခွဲ ခန့်က အသက် ၂၁ ခန့်ရှိ သရက်ချောင်း မြို့မရပ်ကွက်နေ စိတ်ကျန်းမာရေး မကောင်းသူအမျိုးသားတစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့သည်။

“ပေါ်လာမှ သိတယ်၊ ခန့်မှန်းတာ တော့ တစ်နေ့ကျော်သွားပြီဆို ထင်တယ်။ အလောင်းတစ်လောင်းက တစ်ရက်ကျော်မှာ ပေါ်တာကိုး။ သူက စိတ်မမှန် (စိတ်ကျန်းမာရေးမကောင်း)တဲ့ကြား ထဲမှာကို အရက်လည်းသောက်တတ်တယ်” ဟု သရက်ချောင်းမြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးမင်းက ပြော သည်။

ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့ ညနေကလည်း အသက် ၃၈ နှစ်ရှိ မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း၊ အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်) နည်းပြ ကိုအေးဆန်းသည် ထားဝယ်သို့ အလည်လာရင်း သရက်ချောင်း ရေတံခွန်အထက်ဘက်ရှိ ရေလှောင်ကန်တွင် ရေဆင်းကူးစဉ် ရေနစ်သေဆုံးခဲ့ကြောင်း မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့် ဒေသခံအချို့၏ ပြောပြချက်အရ သိရသည်။

သရက်ချောင်းရေတံခွန်တွင် ရေနက်ပိုင်း၌ လူတစ်ရပ်ကျော်သာ ရေအနက်ရှိ သည်ဟု ဒေသခံအချို့၏ ပြောပြချက်အရ သိရသည်။

မိုးရာသီတွင် သရက်ချောင်း ရေတံခွန်သို့ အလည်အပတ်လာသည့် ရပ်နီး ရပ်ဝေးမှ ခရီးသွားဧည့်သည်များဖြင့် စည်ကားလျက်ရှိကြောင်း ဒေသခံများက ဆိုသည်။

မိုးမြင့်