ONE Championship သည် ကယန်းကျားသစ်မလေး ဗရော်နီကာကို ဒုတိယမြောက်ပွဲထိုးရန်အတွက် ပွဲတည်ပေးလိုက်ပြီဖြစ်ပြီး ယခုတစ်ကြိမ်တွင် ဗရော်နီကာ ယှဉ်ပြိုင်ရမည့်ပြိုင်ဘက်မှာ ထိုင်းဖိုက်တာမလေး ဂျူနီယာ ဖဲတက် ဖြစ်သည်။
ယခုပွဲစဉ်သည် ဗရော်နီကာ အတွက် ပထမဆုံးပွဲစဉ်ထက် ပိုခက်သောပွဲစဉ် ဖြစ်လာတော့မည်ဖြစ်ပြီး ဂျူနီယာ ဖဲတက်မှာ ONE တွင် ရာနှုန်းပြည့် အနိုင်ရထားသောဖိုက်တာမလေးဖြစ်သည်။
ဗရော်နီကာ သည် ဗီရာနဲ့အားပြိုင်ခဲ့ရသော ပထမဆုံးပွဲစဉ်၌ ထိုးအားကောင်းခဲ့သော်လည်း သက်လုံကျဆင်းသွားသောကြောင့် အမှတ်ဖြင့် အဆုံးအဖြတ် ခံယူရချိန်တွင် ရှုံးနိမ့်သွားခဲ့ပြီး ယင်းပွဲစဉ်၌ အရှုံးရလဒ်ကို ရင်ဆိုင်ခဲ့ရသည့်တိုင် ထိုးအားကောင်းသည့်အတွက် ဗရော်နီကာကို ONE၏ CEO ချတ်ထရီက ဘောနပ်စ်အကျိုးခံစားခွင့် ပေးခဲ့သည်။
ဗရော်နီကာ သည် ယခုပွဲစဉ်တွင် နှစ်ပွဲဆက်တိုက် အရှုံးရလဒ် မကြုံဆုံရစေရန် အားထုတ်ကြိုးစားရတော့မည်ဖြစ်ပြီး အကယ်၍ ဂျူနီယာ ဖဲတက် ကို အနိုင်ရရှိခဲ့ပါက ဗရော်နီကာ၏ပုံရိပ်မှာ ချက်ချင်းပင် ပြန်လည်မြင့်တက်သွားတော့မည်ဖြစ်သည်။
ဗရော်နီကာ သည် ဂျူနီယာ ဖဲတက် ကို ONE တွင် ပထမဆုံးရှုံးပွဲ ကြုံတွေ့စေရန် စွမ်းဆောင်ပြနိုင်ခဲ့မည်ဆိုပါက ရှေ့လာမည့်ပွဲစဉ်တွင် ထိပ်တန်းစာရင်းဝင် ဖိုက်တာများအနက်မှတစ်ဦးကို ရင်ဆိုင်ခွင့်ရနိုင်ဖွယ်ရှိပြီး ဂျူနီယာ ဖဲတက်မှာ အရပ်ပုသည့်တိုင် ထိုးအားကောင်းသည့်ဖိုက်တာဖြစ်နေခြင်းကြောင့် ဗရော်နီကာအတွက် အခက်ကြုံရဖွယ်ရှိနိုင်သည်။
ဂျူနီယာ ဖဲတက် သည် အနိုင်ရရှိထားသောပွဲစဉ် ၇ ပွဲ၌ ၅ ပွဲကို အမှတ်ဆုံးဖြတ်ချက်ဖြင့် အနိုင်ယူပြခဲ့သည့်အတွက် မာဂုဏ်ကောင်းသူ၊ ကြံ့ခိုင်မှု မြင့်မားသူ၊ သက်လုံမကျဘဲ ပွဲအဆုံးထိတိုင် ရေကုန်ရေခမ်းကစားနိုင်သူဟု နာမည်ကောင်းရရှိထားသည်။
Source – ONE Championship