BREAKING
April 1, 2025

ငလျင်ဘေးကြောင့် အင်းလေးတွင် လူ ၉၀ နီးပါးသေဆုံး၊ အိမ်ထောင်ချီပျက်စီး

March 30, 2025

ဓာတ်ပုံ - Pa.O Youth Organization (PYO)

ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသတွင် ငလျင်ဘေးကြောင့် လူ ၈၉ ဦးသေဆုံးပြီး နေအိမ် ၂၃၃၇ လုံး လုံးဝပျက်စီးသွားကြောင်း Pa.O Youth Organization (PYO) က ယနေ့ မတ်လ ၃၀ ရက်အထိ ရရှိထားသည့် စာရင်းများကို ထုတ်ပြန်ထားသည်။

အင်းလေဒေသရှိ နမ့်ပန်မြို့အပါအဝင် နေရာ ၁၉ ခုတွင် ထိခိုက်ပျက်စီးမှု စာရင်းကို ထုတ်ပြန်ထားခြင်းဖြစ်သည်။ သေဆုံးသူများတွင် ကလေးငယ်နှင့် မသန်စွမ်းများလည်း ပါဝင်ကြောင်း ဖော်ပြသည်။

ယင်းအပြင် ပင်လောင်းမြို့နယ်တွင်လည်း လူနှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရပြီး နေအိမ် ၂၁၉ လုံး ပျက်စီးကြောင်း PYO က ထုတ်ပြန်ထားသည်။