BREAKING
October 18, 2024

တနင်္သာရီတိုင်းအတွင်း လူနာအသစ်နှစ်ဦး ဓာတ်ခွဲနမူနာပို့

March 30, 2020

တနင်္သာရီတိုင်းအတွင်းတွင် မတ် လ ၂၈ ရက်က ဆေးရုံသို့ တင်ပို့ထား သော လူနာအသစ်နှစ်ဦး ကိုရိုနာရောဂါပိုး ကူးစက်ခံရမှု ရှိ၊ မရှိ သိရှိနိုင်ရန် ဓာတ်ခွဲ နမူနာကို ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်းသို့ ပို့ထားကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ထားဝယ်ဆေးရုံကြီးရှိ အမျိုးသား လူနာတစ်ဦးနှင့် မြိတ်ဆေးရုံရှိ အမျိုးသမီး လူနာတစ်ဦးတို့၏ ဓာတ်ခွဲနမူနာများ ပို့ထားခြင်းဖြစ်ကြောင်း အထက်ပါဌာန ထံမှ သိရသည်။

ထိုကြောင့် တနင်္သာရီတိုင်းအတွင်း မှ ဓာတ်ခွဲနမူနာပို့ထားသူ စုစုပေါင်း လေးဦးရှိပြီဖြစ်သည်။ ယခင်နေ့များက ဓာတ်ခွဲခန်း နမူနာပေးပို့ထားသူ နှစ်ဦး အနက် တစ်ဦးတွင် ပိုးမရှိကြောင်း အစိုးရ က ထုတ်ပြန်ထားပြီး ဖြစ်သည်။ အခြား တစ်ဦးမှာ အဖြေစောင့်နေဆဲ ဖြစ်သည်။

ထိုကြောင့် မြိတ်တွင် လတ်တလော ဓာတ်ခွဲခန်းနမူနာပို့ထားသည့် သံသယ လူနာနှစ်ဦး၊ ထားဝယ်တွင် တစ်ဦးဖြစ်ကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

လက်ရှိတွင် တိုင်းအတွင်း ဆေးရုံ များတွင် စောင့်ကြည့်လူနာ ၇ ဦးရှိပြီး ထားဝယ်တွင် ၄ ဦး၊ မြိတ်တွင် ၂ ဦးနှင့် ကော့သောင်းတွင် ၁ ဦးရှိကြောင်း အထက်ပါ ဌာနထံမှ သိရသည်။

ထားဝယ်ဆေးရုံကြီး သီးသန့် အဆောင်တွင်ထားသည့် ထားဝယ်မြို့ နယ် ပေါက်တိုင်းကျေးရွာနေ အမျိုးသား မှာ ထိုင်းနိုင်ငံမှ မတ်လ ၂၅ ရက်က ပြန်ရောက်သူဖြစ်ပြီး ဖျားနာ၊ ဝမ်းလျှော သဖြင့် ဓာတ်ခွဲစစ်ဆေးရန် နမူနာကို တွင် ရန်ကုန်မြို့သို့ ပို့ထားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“တစ်ယောက်ကတော့ သီးသန့် လူနာဆောင်မှာ။ ဒီနေ့ နမူနာပို့တဲ့ တစ် ယောက် ကလေ။ ကျန်တဲ့သုံးယောက် ကတော့ Hospital Quarantine (ဆေးရုံ တွင် စောင့်ကြည့်)ပဲ ထားတယ်”ဟု အထက် ပါ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ယမန်နေ့က ဆေးရုံစောင့်ကြည့် လူနာများအနက် အချို့ကို ဆေးရုံမှ ဆင်းခွင့် ပြုလိုက်ကြောင်း ယင်းဌာနထံမှ သိရသည်။

Dawei Watch