BREAKING
April 28, 2025

ဆန်ဈေး ဆက်တိုက်‌တက်နေသည့် ထားဝယ်ဈေးကွက်

December 29, 2023

ထားဝယ်ဈေးကွက်တွင် ဒီဇင်ဘာလ ပထမပတ်ကစပြီး ဆန်ကြမ်းတစ်အိတ်ကို ၉၅၀၀၀ ကျပ်မှ၍ ယနေ့ ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ၁၀၂၅၀၀ ကျပ်အထိဖြစ်လာသည်။

ပေါ်ဆန်းဆန်အမျိုးအစားမှာလည်း ၁၉၆၅၀၀ ကျပ်မှစ၍ ယနေ့ ၂၁၃၅၀၀ ကျပ်အထိဖြစ်လာသည်။

အထက်ပါဈေးနှုန်းများမှာ ဒီဇင်ဘာပထမပတ်မှ လကုန်ပတ်အထိ ထားဝယ်ဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ဆန်ဈေးနှုန်းဖြစ်သည်။

ကြက်သွန်နီမှာ တစ်ပိဿာ ၅၀၀၀ကျပ်ဖြင့် နှစ်ပတ်ဆက်ဈေးငြိမ်နေသည်။

ကြက်သွန်နီ သစ်များ ထားဝယ်ဈေးကွက်ကို ရောက်ရှိနေပြီး တစ်ပိဿာ ၄၀၀၀ ကျပ်ခန့်ရှိသည်။

ထိုကြောင့် လူကြိုက်များ သည့် ကြက်သွန်ဟောင်းအတက်ဈေးဖြင့် မာနေခြင်းဖြစ်သည်။

နှစ်ပတ်ဆက်အတက်ကြမ်းသည့် ကြက်သွန်ဖြူ ဈေးမှာလည်း အနည်းငယ် ဈေးပြန်ကျလာသည်။

ကြက်သွန်ဖြူထူးလေး တစ်ပိဿာကို အရင်အပတ်က ၁၇၀၀၀ အထိရှိရာမှာ ယနေ့ ၁၆၃၀၀ ကျပ်ဖြစ်လာပြီး တစ်ပိဿာ ၇၀၀ကျပ်ခန့်ဈေးကျလာသည်။

ထူးငါးအမျိုးအစား ကြက်သွန်ဖြူဈေးနှုန်းမှာ ယခင်အပတ် တစ်ပိဿာ ၁၇၅၀၀ ကျပ်မှ ယခု ၁၇၀၀၀ ကျပ်ဖြစ်သွားပြီး ၅၀၀ ကျပ် ဈေးပြန်ကျလာသည်။