BREAKING
January 22, 2025

ရုရှားက အဏုမြူလက်နက်ဖြင့် တိုက်ခိုက်နိုင်ဖွယ်မရှိဟု ကန်ထောက်လှမ်းရေးပြော

November 29, 2024

ပူတင်ဘက်က ပိုမိုခြိမ်းခြောက်လာနေသော်လည်း ရုရှား၏ အဏုမြူလက်နက်ဖြင့် တိုက်ခိုက်မှုမှာ ဖြစ်နိုင်ခြေမရှိဟု အမေရိကန်ထောက်လှမ်းရေးနှင့် နီးစပ်သည့် သတင်းအရင်းအမြစ် ငါးဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ကြောင်း မနေ့ကဖော်ပြခဲ့သည်။

အမေရိကန်လုပ် ATACMS ဒုံးကျည်များဖြင့် ရုရှားနိုင်ငံထဲသို့ ပစ်ခတ်တိုက်ခိုက်ရန် ယူကရိန်းအား ခွင့်ပြုပေးလိုက်ခြင်းသည် ရုရှားဘက်က အဏုမြူလက်နက်ဖြင့် တိုက်ခိုက်မည့်အန္တရာယ်ကို ပိုတိုးလာစေမည်မဟုတ်ကြောင်း ယင်းလူပုဂ္ဂိုလ်ငါးဦးက ပြောကြားခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့်အပတ်တွင် ရုရှားဘက်က အဏုမြူထိပ်ဖူးသယ်ဆောင်နိုင်သည့် Oreshnik ဒုံးကျည်သစ်ဖြင့် တိုက်ခိုက်ခဲ့သော်လည်း ယင်းတိုက်ခိုက်မှုက အမေရိကန်ထောက်လှမ်းရေး၏ အဆိုပါသုံးသပ်ချက်ကို မပြောင်းလဲစေခဲ့ပေ။

ယူကရိန်းအား ထောက်ခံနေသည့် အနောက်အုပ်စုအား ပိုဖိအားပေးရန် ရုရှားဘက်က ဥရောပတိုက်တွင် တိုက်ခိုက်ဖျက်ဆီးမှုများ ပိုကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနိုင်ခြေရှိကြောင်း အမေရိကန်ထိပ်တန်းအရာရှိနှစ်ဦး ၊ ကွန်ဂရက်လွှတ်တော်ဝန်ထမ်းနှစ်ဦးနှင့် ရွေးကောက်ခံ အမတ်တစ်ဦးက ပြောကြားထားသည်။